10
1 ထိုအရပ်မှထွက်၍ ယုဒနယ် ယော်ဒန်မြစ်တစ်ဘက်နယ်များသို့ကြွတော်မူရာ လူအမြောက်အများသည် ကိုယ်တော့်ထံစုရုံးကြပြန်သဖြင့် အလေ့တော်အတိုင်း ဒေသနာပေးတော်မူပြန်၏။
2 ထိုအခါ ဖာရိရှဲတို့ချဉ်းကပ်၍ ယောက်ျားသည် မယားကိုကွာအပ်သလောဟုစုံစမ်းလျက် မေးမြန်းကြသော်၊
3 မောရှေသည်သင်တို့အား မည်သို့ပညတ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊
4 သူတို့က ဖြတ်စာရေးပေး၍ကွာစေရန် မောရှေခွင့်ပြုပါသည်ဟု ဆိုကြ၏။
5 ထိုအခါယေရှုက သင်တို့စိတ်ခဲယဉ်းသောကြောင့် ထိုပညတ်ကိုရေးထားသည်။
6 ဖန်ဆင်းတော်မူရင်းအစကမူကား ယောက်ျားနှင့်မိန်းမကို ဖြစ်စေတော်မူ၏။
7 ထိုအကြောင်းကြောင့် ယောက်ျားသည်မိဘထံမှထွက်ခွာသဖြင့် လင်မယားနှစ်ဦးသည် တစ်သားတည်းဖြစ်ရလိမ့်မည်။
8 သို့ဖြစ်၍နှစ်ဦးမဟုတ် တစ်သားတည်းဖြစ်သည်နှင့်၊
9 ဘုရားသခင်တွဲဘက်တော်မူသောသူတို့ကို လူမခွဲမခွာရဟု မိန့်တော်မူ၏။
10 အိမ်အတွင်း ထိုအကြောင်းနှင့်စပ်လျဉ်း၍ တပည့်တော်တို့ထပ်မံမေးလျှောက်ကြရာ၊
11 ကိုယ်တော်က မည်သူမဆိုမယားကိုကွာ၍ တစ်ပါးသောမိန်းမနှင့်အိမ်ထောင်ဖက်ပြုလျှင် မယားကိုပြစ်မှားသူဖြစ်၏။
12 လင်ကိုကွာ၍ တစ်ပါးသောယောက်ျားနှင့် အိမ်ထောင်ဖက်ပြုသောမယားလည်း မှားယွင်းသူဖြစ်သည်ဟုမိန့်တော်မူ၏။
13 ထိုနောက်တို့တော်မူစေခြင်းငှာ၊ သူငယ်တို့ကိုကိုယ်တော့်ထံဆောင်ခဲ့ကြသော် တပည့်တော်တို့ဆုံးမသည်ကို
14 ယေရှုသိမြင်လျှင် စိတ်တော်ညို၍ သူငယ်တို့ကိုငါ့ထံလာစေကြလော့။ မဆီးတားကြနှင့်။ ဘုရားသခင့်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်သည်။
15 မည်သူမဆိုဘုရားသခင့်နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံယူလျှင် ဝင်ရမည်မဟုတ်။ ငါအမှန်ဆိုသည်ဟုမိန့်တော်မူပြီးနောက်၊
16 သူငယ်တို့ကိုပိုက်ပွေ့လျက် လက်တော်တင်၍ ကောင်းကြီးပေးတော်မူ၏။
17 ခရီးထွက်ကြွတော်မူစဉ် လူတစ်ယောက်သည်ပြေးလာလျက် ရှေ့တော်တွင်ဒူးတုပ်ပြီးလျှင် ကောင်းမွန်သောဆရာ၊ ထာဝရအသက်ကိုအပိုင်ရခြင်းငှာ မည်သို့ပြုရပါနည်းဟုမေးသော်၊
18 ယေရှုက ငါ့ကိုကောင်းမွန်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမွန်သူမရှိ။
19 သူ့အသက်ကိုမသတ်နှင့်။ သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မုသာသက်သေမခံနှင့်။ လိမ်လည်ခြင်းမပြုနှင့်။ မိဘကိုရိုသေသမှုပြုလော့ ဟူသောပညတ်တော်များကို သင်သိပြီဟု မိန့်တော်မူသည့်ကာလ၊
20 ထိုသူက ဆရာ၊ ထိုပညတ်တော်ရှိသမျှကိုငယ်စဉ်ကပင်စောင့်ရှောက်ပါပြီဟု လျှောက်သော်၊
21 ယေရှုသည် ထိုသူ့ကိုရှုကြည့်နှစ်သက်လျက် စရိုက်တစ်ပါးလိုသေးသည်။ သွား၍ ပိုင်သမျှကို ရောင်းချပြီးလျှင် သူဆင်းရဲတို့အားပေးကမ်းလော့။ သို့မှကောင်းကင်ဘုံတွင် ဘဏ္ဍာရရှိလိမ့်မည်။ ငါ့နောက်သို့လည်း လိုက်လာလော့ဟု မိန့်တော်မူ၏။
22 ထိုစကားကိုထောက်၍ ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် မျက်နှာပျက်လျက် နှလုံးမသာ ထွက်သွားလေ၏။
23 ထိုအခါယေရှုသည် လှည့်ကြည့်၍တပည့်တော်တို့အား ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည် ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ခဲလှစွာတကားဟု မိန့်တော်မူသော်၊
24 တပည့်တော်တို့အံ့သြကြသဖြင့် ချစ်သားတို့ ၁ 10.24 ဥစ္စာပစ္စည်းကိုအားကိုးသူတို့သည်ဟူေသာစကားများသည်ေရှးကျမ်းေဟာင်းအချၖို့၌ပါရှိ၏။ ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ခဲလှစွာတကား။
25 သူဌေးသူကြွယ်သည် ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည်အပ်နာဖားကို လျှိုရန် လွယ်ကူသည်ဟု မိန့်တော်မူပြန်သဖြင့်၊
26 တပည့်တော်တို့သည်အတိုင်းထက်အံ့သြလျက် သို့ဖြစ်လျှင်ကယ်တင်ခြင်းသို့ မည်သူရောက်နိုင်အံ့နည်းဟု အချင်းချင်းမေးမြန်းကြ၏။
27 ယေရှုလည်း တပည့်တော်တို့ကိုရှုကြည့်လျက် ဤသို့လူမတတ်နိုင်။ ဘုရားသခင်မူကား မတတ်နိုင်သည်မဟုတ်။ အရာခပ်သိမ်းကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28 ထိုကာလ ပေတရုက တပည့်တော်တို့သည်အလုံးစုံစွန့်ခဲ့ပြီးလျှင် နောက်တော်ကလိုက်ကြပါပြီဟု လျှောက်သော်၊
29 ယေရှုကငါ့အတွက်နှင့် သတင်းတော်မြတ်အတွက်ကြောင့်ညီအစ်ကို၊ မောင်နှမ၊ မိဘ၊ သားသမီး၊ အိမ်၊ မြေများကိုစွန့်ခဲ့လျှင်၊
30 ယခုကာလတွင် ညှဉ်းပန်းခြင်းနှင့်တကွညီအစ်ကို၊ မောင်နှမ၊ အမိ၊ သားသမီး၊ အိမ်၊ မြေ အဆတစ်ရာကိုလည်းေကာင်း၊ နောင်ဘဝတွင် ထာဝရအသက်ကိုလည်းကောင်း မရဘဲနေရသူမရှိ ငါအမှန်ဆို၏။
31 သို့ရာတွင်အဦးဆုံးကျသူအများသည် နောက်ဆုံးကျလိမ့်မည်။ နောက်ဆုံးကျသူအများလည်း အဦးဆုံးကျလိမ့်မည်ဟုမိန့်တော်မူ၏။
32 ထိုနောက်ယေရှုဦးတည်၍ ယေရုရှလင်မြို့သို့သွားကြရာ ခရီးအကြားတပည့်တော်တို့သည်အံ့သြခြင်း၊ လိုက်ပါသူတို့လည်း ကြောက်ရွံ့ခြင်းရှိကြသည့်ကာလ တစ်ဆယ့်နှစ်ပါးတို့ကိုထပ်မံခေါ်၍ ကိုယ်၌ဖြစ်လတ္တံ့သော အကြောင်းအရာများကို မိန့်တော်မူသည်မှာ၊
33-34 ယေရုရှလင်မြို့ရောက် ငါတို့သွားကြ၏။ လူ့သားသည်ပရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်ဆရာတို့ထံ ပို့အပ်ခံရသဖြင့် ထိုသူတို့သည် သေဒဏ်စီရင်ကြပြီးလျှင် သရော်ခြင်း၊ တံတွေးထွေးခြင်း၊ ရိုက်နှက်ခြင်း၊ အသေသတ်ခြင်းများကိုပြုအံ့သော လူမျိုးခြားတို့အား အပ်လိုက်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်လည်လျှင် ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏။
35 ထိုနောက်ဇေဗေဒဲ့သား ယာကုပ်နှင့်ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ်ပြီးလျှင် ဆရာ၊ တပည့်တော်တို့လျှောက်တောင်းသည့်အရာကို သနားတော်မူစေလိုပါသည်ဟု လျှောက်ကြသည့်အတိုင်း၊
36 မည်သို့ပြုစေလိုသနည်းဟုမေးတော်မူသော်၊
37 ဘုန်းပွင့်တော်မူသည့်ကာလ ဝဲယာတော်၌ တပည့်တော်တို့ကိုတစ်ယောက်စီထိုင်ခွင့်သနားတော်မူပါဟု လျှောက်တောင်းကြပြီးလျှင်၊
38 မည်သည့်အရာ တောင်းမှန်းကိုသင်တို့မသိကြ။ ငါသောက်ရသောခွက်ကို သောက်ခြင်းငှာလည်းေကာင်း၊ ငါခံရသောဗတ္တိဇံကိုခံခြင်းငှာလည်းေကာင်း၊ စွမ်းနိုင်ကြသလောဟု ယေရှုမေးတော်မူသော်၊
39 စွမ်းနိုင်ပါသည်ဟုလျှောက်ကြ၏။ ယေရှုကလည်း သင်တို့သည်ငါသောက်ရသောခွက်ကိုသောက်ရမည်။ ငါခံရသောဗတ္တိဇံကိုလည်း ခံရမည်။
40 ဝဲယာ၌ထိုင်ခွင့်ကိုကား ငါမပေးပိုင်။ ပြင်ဆင်တော်မူနှင့်သည့်အတိုင်းသာ ထိုင်ခွင့်ရရှိကြသည်ဟုမိန့် တော်မူ၏။
41 ဆယ်ပါးသော တပည့်တော်တို့သည်ကြားကြသော် ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက်ကြသဖြင့်၊
42 ယေရှု ခေါ်တော်မူ၍ လူမျိုးခြားတို့တွင်မင်းမူသူတို့သည် အစိုးတရပြုတတ်ကြသည်ကိုလည်းေကာင်း၊ ကြီးမြင့်သူတို့ လည်း အာဏာထားတတ်ကြသည်ကိုလည်းေကာင်းသင်တို့သိကြ၏။
43 သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ မည်သူမဆိုကြီးမြင့်လိုလျှင်သင်တို့အစေကိုခံစေ။
44 အဦးဆုံးကျလိုသူလည်း အားလုံးတို့ထံကျွန်ခံစေ။
45 လူ့သားလည်း စေစားရန်မဟုတ်။ အစေခံ၍ လူများအတွက် ရွေးနုတ်ရာအဖြစ် အသက်ကိုစွန့်ရန် ရောက်လာသည်ဟု မိန့်တော်မူ၏။
46 ယေရိခေါမြို့သို့ဝင်ကြပြီးနောက် တပည့်တော်တို့နှင့်ကြီးစွာသောလူပရိသတ်ပါ ထွက်ကြွတော်မူစဉ် လမ်းနံဘေးတွင် ထိုင်သောမျက်မမြင်သူတောင်းစားဖြစ်သူ တိမဲ၏သား ဗာတိမဲသည်၊
47 နာဇရက်မြို့သားယေရှု ဖြစ်ကြောင်းကိုကြားသော် ဒါဝိဒ်မင်းသားတော်ယေရှု၊ သနားတော်မူပါဟု အော်ဟစ်သည့်ကာလ၊
48 ဆိတ်ဆိတ်နေစေရန် လူအများတို့ဆုံးမကြသော်လည်း ဒါဝိဒ်မင်းသားတော်သနားတော်မူပါဟု တိုး၍ အော်ဟစ်လေ၏။
49 ထိုအခါ ယေရှုသည် ရပ်တန့်လျက် ခေါ်ခဲ့ဟုအမိန့်ရှိတော်မူသည့်အလျောက် ခေါ်တော်မူပြီ။ အားယူ၍ထလော့ဟု မျက်မမြင်အားဆိုလျက်ခေါ်ကြသဖြင့်၊
50 ခြုံထည်ကိုပစ်ချပြီးလျှင် အလျင်အမြန်ထ၍ ယေရှုထံရောက်လာ၏။
51 ယေရှုကမည်သို့ပြုစေလိုသနည်းဟု မေးတော်မူရာ ဆရာတော်၊ စက္ခုအလင်းရလိုပါသည်ဟု ပြန်လျှောက်သည့်အတိုင်း၊
52 သွားတော့။ သင့်ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟု မိန့်တော်မူသဖြင့် ချက်ခြင်းစက္ခုအလင်းရ၍ ခရီးတစ်လျှောက်နောက်တော်ကလိုက်လေ၏။