6
1 ဣသရေလအမျိုးသားတို့သည် ထွက်သူဝင်သူမရှိရအောင်၊ ယေရိခေါမြို့ကိုပိတ်ဆို့ဝိုင်းထားကြ သည်နှင့်
2 ယောရှုအား ထာဝရဘုရားက၊ ယေရိခေါမြို့ကို ဘုရင်နှင့်တကွစစ်ခေါင်းမာသူများပါ သင့်လက်တွင်းသို့ငါအပ်နှင်းလေပြီ။
3-4 သင်တို့သည် ခြောက်ရက်ပတ်လုံး တစ်နေ့တစ်ကြိမ်၊ သိုးချိုတံပိုးခုနစ်လက်ကိုင် ပရောဟိတ်ခုနစ် ယောက်တို့ကို သေတ္တာတော်ရှေ့ဦးတည်စေ၍ စစ်သူရဲအပေါင်းတို့ပါ၊ မြို့ကိုလှည့်ပတ်ပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ ခုနစ်ကြိမ်လှည့်ပတ်၍ ပရောဟိတ်တို့တံပိုးမှုတ်ကြရမည်။
5 အသံရှည်စွာတံပိုးမှုတ်သဖြင့်၊ မှုတ်သံကြားသောတပ်သားအပေါင်းတို့သည် ကျယ်စွာတပ်သံပေး လျှင် တစ်ပြိုင်နက် မြို့ရိုးပြိုလဲ၍၊ အသီးအသီးတို့တည့်တည့်တက်ဝင်ကြရမည်ဟု မိန့်တော်မူသည့်အ တိုင်း၊
6 နုန့်သားယောရှုသည် ပရောဟိတ်တို့ကိုခေါ်ပြီးလျှင်၊ ပဋိညာဉ်တော်သေတ္တာကိုပင့်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့သိုးချိုတံပိုးခုနစ်လက်ကိုင် ပရောဟိတ်ခုနစ်ပါးတို့ ဦးတည်ကြစေ ဟု မိန့်ဆိုလေ၏။
7 တပ်သားတို့အားလည်း လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့ချီလျက်၊ မြို့ကိုလှည့်ပတ်ကြလော့ဟု မိန့်ဆိုလေ၏။
8 ထိုသို့ယောရှုမိန့်မှာပြီးမှ ထာဝရဘုရားရှေ့သိုးချိုတံပိုးခုနစ်လက်ကိုင် ပရောဟိတ်ခုနစ်ပါးတို့ သည်၊ တံပိုးမှုတ်လျက်သွားကြရာ၊ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာလိုက်လေ၏။
9 တံပိုးမှုတ်လျက် သွားမြဲသွားသောပရောဟိတ်တို့ရှေ့၊ လက်နက်ကိုင်တို့ချီသွားသော်၊ တပ်မလည်း သေတ္တာတော်နောက်လိုက်ချီရ၏။
10 တပ်သားတို့အား ယောရှုက၊ ငါမိန့်ဆိုသောတပ်သံပေးမည့်နေ့မတိုင်မီ ကြွေးကြော်သံ၊ တပ်သံ၊ စကားသံမပြုရ။ ထိုနေ့မှတပ်သံပေးကြလော့ဟု မှာထားနှင့်လေ၏။
11 ထိုသို့ပင် ထာဝရဘုရား၏သေတ္တာတော်ကို မြို့ပတ်လည်တစ်ကြိမ်ဝိုင်းသွားစေပြီးနောက်၊ ညဉ့်အခါတပ်စခန်းသို့ပြန်ဝင်ကြလေ၏။
12 ယောရှုသည် နံနက်အချိန်ထ၍၊ ပရောဟိတ်တို့လည်း ထာဝရဘုရား၏သေတ္တာတော်ကို ပင့်ဆောင်ကြရာ၊
13 သေတ္တာတော်ရှေ့တံပိုးမှုတ်လျက် သွားမြဲသွားသော သိုးချိုတံပိုးခုနစ်လက်ကိုင်ပရောဟိတ် ခုနစ်ပါးတို့မျက်မှောက်တွင် လက်နက်ကိုင်တို့ချီသွားလျက် တပ်မမှာ၊ ထာဝရဘုရား၏သေတ္တာတော် နောက်လိုက်ချီကြ၏။
14 ဒုတိယနေ့၌လည်း မြို့ကိုတစ်ကြိမ်လှည့်ပတ်၍ တပ်စခန်းသို့ပြန်ဝင်လျက်၊ ခြောက်ရက်ပတ် လုံး ထိုသို့ပြုကြ၏။
15 ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်အချိန်ထပြီးလျှင်၊ ထိုနေ့တွင်သာ ယမန်နည်းအတိုင်း မြို့ကိုခုနစ်ကြိမ်လှည့်ပတ်ကြ၏။
16 သတ္တမမြောက်လှည့်ပတ်စဉ် ပရောဟိတ်တို့တံပိုးမှုတ်ကြသောအခါ ယောရှုက၊ တပ်သံပေး ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကိုအပ်နှင်းတော်မူပြီ။
17 ဤမြို့နှင့်မြို့၌ရှိသမျှပါ၊ ထာဝရဘုရားအဖို့မြေလှန်ကြရမည်။ ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသူ၊ ပြည်တန်ဆာရာခပ်မှစ၍ အိမ်၌ပါရှိသမျှတို့ကိုသာ အသက်ချမ်းသာပေးရမည်။
18 မြေလှန်ရာပါဥစ္စာကို သင်တို့ယူမိလျှင်၊ ဣသရေလတစ်တပ်လုံး ဒုက္ခရောက်၍ မြေလှန်ခံရကြ မည်စိုးရိမ်ရန်ရှိသောကြောင့် ထိုဥစ္စာကိုသတိနှင့်ကြဉ်ရှောင်ကြလော့။
19 ရွှေငွေမှစ၍ ကြေးသံအသုံးအဆောင်ရှိသမျှမှာ ထာဝရဘုရားအဖို့ သီးသန့်ပြီးဖြစ်သည်နှင့် ထာဝရဘုရား၏ဘဏ္ဍာတော်သို့ သွင်းကြရမည်ဟု တပ်သားတို့အား မိန့်ဆိုပြီးလျှင်၊
20 တပ်သားတို့တပ်သံပေးခြင်း၊ ပရောဟိတ်တို့တံပိုးမှုတ်ခြင်းကို ပြုကြကုန်၏။ ထိုသို့တံပိုးမှုတ် သံကိုကြားသောတပ်သားတို့သည် ကျယ်စွာတပ်သံပေးကြသောအခါ တစ်ပြိုင်နက်မြို့ရိုးပြိုလဲသဖြင့် အသီးအသီးတို့တည့်တည့်တက်ဝင်၍ မြို့ကိုသိမ်းယူကြရာ၊
21 မြို့တွင်းရှိယောက်ျား၊ မိန်းမ၊ လူပျို၊ လူအို၊ နွား၊ သိုး၊ ဆိတ်၊ မြည်းဟူသမျှကို ဓားဖြင့်မြေလှန် ကြသတည်း။
22 ပြည်ကိုစူးစမ်းသောသူလျှိုနှစ်ယောက်အား ယောရှုက၊ ပြည်တန်ဆာ့အိမ်သို့ဝင်၍၊ သင်တို့ဆိုခဲ့ သောသစ္စာကတိအတိုင်း ထိုမိန်းမနှင့်ရှိရှိသမျှကို ထွက်စေလော့ဟု မိန့်မှာသည်နှင့်အညီ၊
23 သူလျှိုလုလင်တို့ဝင်ပြီးလျှင်၊ ရာခပ်မှစ၍၊ မိဘ၊ မောင်ဘွား၊ ဆွေမျိုးသားချင်းနှင့် ရှိရှိသမျှကို ထွက်စေလျက်၊ ဣသရေလတပ်စားခန်းအပတွင် ထားကြပြီးမှ
24 ရွှေငွေမှစသောကြေးသံအသုံးအဆောင်များကို ထာဝရဘုရား၏စံရာတော်ရှိ ဘဏ္ဍာထိုက် လျက် မြို့နှင့်တကွ၊ ရှိသမျှပါမီးတိုက်ကြ၏။
25 ယောရှုသည် ယေရိခေါမြို့သို့ အစူးအစမ်းစေလွှတ်သော တမန်တို့ကိုဝှက်ထားသူ ပြည်တန်ဆာ ရာခပ်နှင့် ဆွေမျိုးသားချင်း၊ ရှိရှိသမျှအား အသက်ချမ်းသာပေးသည်နှင့်အညီ ဣသရေလအမျိုး ဘောင်တွင် ယနေ့တိုင်အောင်နေရကြသတည်း။
26 ထိုအခါ ယောရှုက၊ မည်သူမဆို ယေရိခေါမြို့ကို ထ၍ တည်ပြန်အံ့။ ထိုသူသည်၊ ထာဝရဘုရား ရှေ့တော်၌အမင်္ဂလာရပါစေ။ မြို့အတည်တွင်သားဦး၊ တံခါးရွက်အတပ်တွင် သားထွေးသေပါစေဟူ သောသစ္စာကိုဆိုစေ၏။
27 ထိုသို့ထာဝရဘုရားသည် ယောရှုနှင့်အတူရှိတော်မူ၍ ပြည်လုံးနှံ့ကျော်စောကိတ္တိရှိလေ၏။