24
ထိုနောက် ယောရှုသည် ဣသရေလအနွယ်ခပ်သိမ်းကို ရှေခင်မြို့သို့စုရုံးစေပြီးလျှင် လူကြီး၊ အအုပ်အချုပ်၊ တရားသူကြီး၊ အကြီးအမှူးတို့ကိုခေါ်၍ ထာဝရဘုရားမျက်မှောက်တော်တွင် ရပ်နေ ကြရာ၊ ပရိသတ်ဥဿုံအား ယောရှုက၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် မှာ၊ ရှေးကာလ၌ နာခေါ်၊ အာဗြဟံတို့အဘ တေရမှစ၍ သင်တို့ဘိုးဘေးတို့သည် မြစ်ကြီးအရှေ့ဘက် တွင် အခြားဘုရားများကို ဝတ်ပြုလျက်နေကြစဉ် ငါသည်သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဘက်မှခေါ်ဆောင်ပြီးလျှင် ခါနာန်ပြည်တစ်ေလျှာက် သွားစေ၍ ဣဇာက်ကိုပေးလျက် အမျိုးအနွယ်များပြားစေ၏။ ဣဇာက်အားလည်း ယာကုပ်နှင့်ဧသောတို့ကိုပေးပြီးမှ စိရတောင်ကိုဧသောသို့အပိုင်ပေး၏။ ယာကုပ်နှင့်သားတို့သည် အီဂျစ်ပြည်သို့သွားကြပြီးနောက် ငါသည်မောရှေနှင့်အာရုန်တို့ကိုစေလွှတ်လျက် အိဂျစ်ပြည်၌စီရင်သမျှ ဘေးဒဏ်ကိုသင့်စေပြီးမှ၊ ထုတ်ဆောင်ခဲ့လေ၏။ အိဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သောသင်တို့ဘိုးဘေးတို့သည် ပင်လယ်သို့ရောက်ကြသော်၊ ရထား တပ်၊ မြင်းတပ်များနှင့် ပင်လယ်နီတိုင်အောင်၊ အိဂျစ်စစ်သားတို့လိုက်လံသဖြင့်၊ ငါထာဝရဘုရားထံဘိုးဘေးတို့ဟစ်ကြရာ၊ အိဂျစ်တပ်နှင့် ဣသရေလတပ်တို့စပ်ကြားတွင် ငါမှောင်ချလျက် သူတို့အပေါ်ပင်လယ်ရေပြန်စီးလွှမ်းမိုးစေ၏။ အိဂျစ် ပြည်၌ငါစီရင်သောအရာများကို သင်တို့ဒိဋ္ဌမြင်ရကြပြီ။ သဲကန္တာရတွင်ကြာမြင့်စွာ သင်တို့နေရကြပြီး မှ ယော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့ပြည်သို့ ငါပို့ဆောင်သဖြင့် သင်တို့နှင့် စစ်တိုက်ကြသော်၊ သင်တို့လက်တွင်းသို့ငါအပ်နှင်း၍ နေပြည်ကိုပိုင်ရသူ သင်တို့ရှေ့ပယ်ရှားလေ၏။ 9-10 ဇိဖော့်သား၊ မောဘဘုရင်ဗာလက်မင်းသည် ဣသရေလူမျိုးကိုချီထွက်စစ်တိုက်သောအခါ သင်တို့အား အမင်္ဂလာပေးရန်ခေါ်စေသော၊ ဗောရသားဗာလမ့်စကားကို ငါနားမညောင်းဘဲ မင်္ဂလာပေးမြဲပေးစေလျက် လက်တွင်းမှသင်တို့ကိုလွတ်မြောက်စေ၏။ 11 သင်တို့သည် ယော်ဒန်မြစ်ကိုကူးချီ၍၊ ယေရိခေါမြို့သို့ရောက်သော် စစ်တိုက်သောယေရိခေါမြို့ သားနှင့် အာမောရိ၊ ဖေရဇိ၊ ခါနနိ၊ ဟိတ္တိ၊ ဂိရဂါရှိ၊ ဟိဝိ၊ ယေဗုသိလူမျိုးများကို သင်တို့လက်တွင်းသို့ ငါအပ်နှင်းပြီးလျှင်၊ 12 သင်တို့ရှေ့ငါစေလွှတ်ခဲ့သော ပျားတူဘေးသည် သင်တို့ဓားမကျိုး၊ လေးမကျိုးဘဲလျက် အာမောရိပြည့်ရှင်နှစ်ဦးကို နှင်ထုတ်သောအခါ 13 ငါပေးသည်နှင့်အညီ ကိုယ်တိုင်မခုတ်ထွင်ရသော လယ်ယာ၊ မတည်ဆောက်ရသောမြို့ရွာ များတွင် နေထိုင်ခွင့်၊ မစိုက်မပျိုးရသောစပျစ်၊ သံလွင်ခြံထွက်စားသောက်ခွင့်များကို ရကြသည်ဟု မိန့်တော်မူ၏။ 14 သို့ဖြစ်၍ ထာဝရဘုရားကိုခန့်ညားလျက်၊ မြစ်ကြီးအရှေ့ဘက်ရှိပြည်ထောင်နှင့်အိဂျစ်ပြည်၌ ဘိုးဘေးတို့ဝတ်ပြုခဲ့ရာဘုရားများကိုပယ်ပြီးလျှင် ထာဝရဘုရားကိုသာ သစ္စာစောင့်လျက် အစုံအလင် ဝတ်ပြုကြလော့။ 15 ထာဝရဘုရားအားဝတ်မပြုသင့်ဟု သင်တို့ထင်မှားခဲ့မူ မြစ်ကြီးအရှေ့ဘက်ဘိုးဘေးတို့ဝတ်ပြု ခဲ့ရာ ဘုရားများမှသော်လည်းေကာင်း၊ သင်တို့နေထိုင်ရာပြည်ရင်းသား အာမောရိလူမျိုး၏ ဘုရားများမှသော် လည်းေကာင်း၊ ဝတ်ပြုရန်ဘုရားများကို ယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ့အိမ်ထောင်မှာ ထာဝရဘုရားကိုသာ ဝတ်ပြုတော့မည်ဟုဆိုသော် 16 လူပရိသတ်က အခြားဘုရားများကို ဝတ်ပြုရန် ထာဝရဘုရားကို စွန့်ပယ်မှုသည် ကျွန်တော်နှင့်ကင်းဝေးပါစေသော။ 17 ထာဝရဘုရားသည် ဘိုးဘေးတို့နှင့်ကျွန်တော်တို့ကို အစေခံနေရာအိဂျစ်ပြည်မှ ထုတ်ဆောင်၍ မျက်မှောက်ထင်ထင် မဟာနိမိတ်များကိုပြလျက် လူအမျိုးမျိုးတို့ပြည်နယ်တွင် ဖြတ်သွားရာ လမ်းခရီးတစ်ေလျှာက်စောင်မတော်မူသော ကျွန်တော်တို့ဘုရားဖြစ်ပါ၏။ 18 ထာဝရဘုရားသည် ကျွန်တော်တို့ရှေ့အာမောရိလူမျိုးနှင့် တိုင်းရင်းသားအမျိုးမျိုးတို့ကို နှင်ထုတ်တော်မူပါပြီ။ သို့ဖြစ်၍ ကျွန်တော်တို့လည်း ကိုယ့်ဘုရားဖြစ်သောထာဝရဘုရားကိုသာ ဝတ်ပြုကြပါမည်ဟု ဝန်ခံကြသော်၊ 19 ယောရှုက၊ သင်တို့သည် သန့်ရှင်းသောဘုရား၊ မရှုစိတ်သောဘုရားဖြစ်တော်မူသည့် ထာဝရဘုရားကို ဝတ်ပြုခြင်းငှာ မစွမ်းနိုင်ကြ။ ကိုယ်တော်သည် သင်တို့လွန်ကျူးမှု၊ ပြစ်မှုများကို ဖြေလွှတ်တော်မူမည်မဟုတ်။ 20 ထာဝရဘုရားကိုစွန့်ပယ်၍ လူမျိုးခြားတို့ဘုရားများကို ဝတ်ပြုလျှင်၊ အကောင်းပြုတော်မူခဲ့သော ထာဝရဘုရားသည် ပြောင်းလဲ၍ အဆိုးပြုတော်မူဦးမည်ဟု မိန့်ဆိုသည့်ကာလ၊ 21 လူပရိသတ်က၊ ထာဝရဘုရားကိုသာ ကျွန်တော်တို့ဝတ်ပြုပါမည်ဟု ယောရှုအား တစ်ဖန်ဝန်ခံကြရာ၊ 22 သင်တို့ကိုယ်တိုင်သည် ထာဝရဘုရားကို ဝတ်ပြုရန် ထိုဘုရားကိုရွေးချယ်ပါပြီဟူေသာသက်ေသဖြစ်ကြသည်ဟုေယာရှုဆိုေသာ် ဟုတ်ပါ၏ဟု ပရိသတ်တို့ဝန်ခံကြသတည်း။ 23 သို့ဖြစ်လျှင်၊ ပါရှိသောလူမျိုးခြားတို့ဘုရားများကို စွန့်ပယ်လျက် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားထံ စိတ်ညွှတ်ကြလော့ဟု ယောရှုမိန့်ဆိုလျှင်၊ 24 ပရိသတ်က၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုပါမည်။ ဗျာဒိတ်တော်ကိုလည်း နာခံပါမည်ဟု ဝန်ခံကြသော်၊ 25 ယောရှုသည် ထိုနေ့တွင်ပင် လူပရိသတ်နှင့် ပဋိညာဉ်ဖွဲ့၍၊ ရှေခင်မြို့၌ ဓမ္မသတ်ထုံးနည်းကို ထားလေ၏။
26 ယောရှုသည် ထိုပဋိညာဉ်ဖွဲ့ချက်ကို ဘုရားသခင့်ပညတ္တိကျမ်းတွင်တင်သွင်းပြီးလျှင်၊ ထာဝရ ဘုရား၏သန့်ရှင်းရာဌာနအနီးရှိ ညန်ပင်အောက်၌ ကျောက်တိုင်ကြီးကို စိုက်ထူလျက် 27 ငါတို့အား ထာဝရဘုရားထားတော်မူပြီး ဗျာဒိတ်တော်အလုံးစုံကိုကြားရသော ဤကျောက် တိုင်သည် ငါတို့အဖို့သက်သေဖြစ်သည့်ပြင်၊ ကိုယ့်ဘုရားသခင်ကို မငြင်းဆိုနိုင်ရန်လည်း သင်တို့အဖို့ သက်သေဖြစ်ဦးမည်ဟု လူပရိသတ်တို့အား မိန့်ဆိုပြီးနောက် 28 ကိုယ်စီကိုယ်ငှရကြ သောပိုင်နယ်သို့ ပြန်သွားခွင့်ပြုလေ၏။
29 ထိုနောက်နုန့်သား၊ ထာဝရဘုရား၏ကျွန်တော်ရင်းယောရှုသည်၊ အသက်တစ်ရာ့တစ်ဆယ်ရှိ၍ ကွယ်လွန်သော်၊ 30 ဧဖရိမ်ခင်တန်း၊ ဂါရှကုန်းမြောက်ဘက်၊ ကိုယ်ပိုင်တိမနဿေရမြို့နယ်တွင်စျာပနပြုကုန်၏။ 31 ဣသရေလလူမျိုးသည် ယောရှုလက်ထက်ကာလပတ်လုံးမှစ၍၊ ၎င်းလူမျိုးအဖို့ ထာဝရဘုရားစီရင်တော်မူခဲ့သော အမှုအလုံးစုံကိုသိမြင်သူ၊ ယောရှုမရှိနောက်အသက်ရှင်သေးသော လူကြီးတို့လက်ထပ်ကာလပတ်လုံး၊ ထာဝရဘုရားကိုဝတ်ပြုကြကုန်၏။ 32 အိဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ဆောင်ခဲ့သော ယောသပ်အရိုးများကိုကား ရှေခင့်အဘဟာမော်၏အမျိုးသားတို့ထံ အဖိုးငွေတစ်ပိဿာပေး၍ ယာကုပ်ဝယ်ထားသဖြင့် ယောသပ်သားတို့အပိုင်ဖြစ်သော မြေကွက်၌ စျာပနပြုကြကုန်၏။ 33 အာရုန့်သားဧလာဇာလည်း ကွယ်လွန်လျှင် ဧဖရိမ်ခင်တန်းတွင် သားဖိနဟတ်ရသော ဖိနဟတ် ကုန်း၌ စျာပနပြုကြကုန်၏။