18
1 ဣသရေလအမျိုးသားတို့ရှေ့တစ်ပြည်လုံး ရှုံးနိမ့်သည့်ကာလ၊ လူပရိသတ်ဥဿုံသည် ရှိလောမြို့ တွင် စည်းဝေးလျက်၊ တွေ့ဆုံရာတဲတော်ကိုစိုက်ထူကြ၏။
2 ထိုအခါ ဣသရေလအမျိုးသားတို့အနက် အပိုင်မရသူ ခုနစ်နွယ်ကြွင်းကျန်သေးသည်ဖြစ်၍၊
3 ဣသရေလအမျိုးသားတို့အား ယောရှုက၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူခဲ့သော ပြည်ကိုလုံးဝပိုင်ဆိုင်ရန်ဖင့်နွှဲကြသည်မှာ မည်မျှကြာဦးမည်နည်း။
4 တစ်နွယ်လျှင်သုံးယောက်ကျစီမံကြလော့။ ပြည်လုံးနှံ့ေလျှာက်သွားလျက် ပိုင်ထိုက်ရာမြေပုံကို ရေးသား၍ ငါ့ထံပြန်လာကြစေရန် ငါစေလွှတ်မည်။
5 ထိုသူတို့သည်၊ ယုဒအနွယ်ကို တောင်မျက်နှာ၊ ယောသပ်အနွယ်ကိုမြောက်မျက်နှာ၊ ကိုယ့်နယ် များ၌ထား၍ ကျန်ပြည်နယ်ကိုခုနစ်ပိုင်းပိုင်းခြားရေးသားပြီးလျှင်၊
6 ငါ့ထံသွင်းကြသောအခါ၊ ငါတို့ဘုရားသခင်ထာဝရဘုရားမျက်မှောက်တော်တွင် သင်တို့အဖို့၊
7 ဤဌာန၌ငါမဲချမည်။ လေဝိအနွယ်သားတို့ပိုင်ဆိုင်ရာမှာ ထာဝရဘုရား၏ပရောဟိတ်ရာထူးဖြစ် သဖြင့်၊ သူတို့အတွင်းဝေစုမရကြ။ ဂဒ်အနွယ်၊ ရုဗင့်အနွယ်နှင့် မနာရှေ့အနွယ်တစ်ဝက်မှာမူ၊ ယော်ဒန် မြစ်အရှေ့ဘက်ထာဝရဘုရား၏ ကျွန်တော်ရင်း မောရှေပေးခဲ့သောအပိုင်ကို ရကြပြီဟု မိန့်ဆို၏။
8 ထိုသို့ပြည်လုံးနှံ့ေလျှာက်သွားလျက် ရေးသား၍၊ ငါ့ထံပြန်လာကြသောအခါ ဤရှိလောမြို့၌ ထာဝရဘုရားမျက်မှောက်တော်တွင် သင်တို့အဖို့၊ ငါမဲချမည်ဟု ယောရှုမှာထားသည့်အတိုင်း စီမံပြီး သူတို့ထွက်လျက်၊
9 ပြည်လုံးနှံ့ေလျှာက်သွား၍ စာရင်းတွင် မြို့ရွာစဉ်အလိုက်ခုနစ်ပိုင်းပိုင်းခြားပြီးလျှင်၊ တပ်ချရာရှိလောမြို့
10 ယောရှုထံပြန်လာကြသော်၊ ထိုမြို့၌ ထာဝရဘုရားမျက်မှောက်တော်တွင် ပြည်နယ်ကို ဣသရေလအမျိုးသားအသီးအသီးတို့ ဝေပုံအလိုက်၊ ယောရှုမဲချ၍ဝေပေးလေ၏။
11 အိမ်ထောင်အလိုက် ဗင်္ယာမိန့့်အနွယ်သားတို့မဲကျ၍ ရသောနယ်သည် ယုဒနှင့်ယောသပ်အနွယ် သားတို့ကြားတွင်ကျ၏။
12 မြောက်အလားကား၊ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါတောင်စောင်းမြောက်ဘက်မှ အနောက် မျက်နှာခင်တန်းကိုဖြတ်ကျော်လျက်၊ ဗေသဝင်သဲတောသို့ရောက်ပြီးနောက်
13 ဗေသလခေါ် လုဇမြို့နှင့်တောင်စောင်းတောင်ဘက်ကိုေလျှာက်သဖြင့်၊ အောက်ဗေသောရုန်မြို့ တောင်ဘက်ရှိ တောင်ခြေရင်း၊ အတရုတ်အဒ္ဒါမြို့သို့ဆင်းသတည်း။
14 အနောက်အလားကား၊ ဗေသောရုန်မြို့တောင်ဘက်ရှိ ထိုတောင်မှ တောင်မျက်နှာသို့လှည့် လျက် ယုဒအနွယ်သားတို့ပိုင်ရာ ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့၌ဆုံးသတည်း။
15 တောင်အလားကား၊ ကိရယတ်ယာရိမ်မြို့အနောက်စွန်းမှထွက်လျက်၊ နေဖတောစမ်းရေတွင်း သို့ ရောက်ပြီးလျှင်၊
16 ဟိန္နံုချိုင့်ရှေ့၊ ရေဖိမ့်ချိုင့်မြောက်ဘက်ရှိ တောင်ခြေရင်းသို့လာ၍၊ ဟိန္နုံချိုင့်ဖြင့် ယေဗုသိ တောင်စောင်းတောင်ဘက်သို့လည်းေကာင်း၊ အေင်္ရာဂေလစမ်းရေသို့လည်းေကာင်း၊ ဆင်းပြီးနောက်
17 မြောက်မျက်နှာသို့လှည့်သဖြင့် အင်ရှေမက်မြို့သို့လည်းေကာင်း၊ အဒုမ္မိမ်တောင်ကြား ရင်ဆိုင်ဂေလိလုတ် မြို့သို့လည်းေကာင်း၊ ရုဗင့်သားဗောဟန်၏ကျောက်တိုင်သို့လည်းေကာင်း၊ ရောက်လေ၏။
18 တစ်ဖန်၊ အရာဗာချိုင့်ရင်ဆိုင်ရှိ တောင်စောင်းမြောက်ဘက်သို့ရောက်လျက်၊ ချိုင့်ထဲသို့ဆင်းပြီး လျှင်၊
19 ဗေသောဂလတောင်စောင်းမြောက်ဘက်ကိုေလျှာက်၍၊ ရေငံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးသတည်း။
20 အရှေ့အလားကား၊ ယော်ဒန်မြစ်တည်း။ အိမ်ထောင်အလိုက်၊ ဗင်္ယာမိန့့်အနွယ်သားတို့ရသော အပိုင်ကား၊ အလားအလာပါ။ ထိုသို့ပင်တည်း။
21 အိမ်ထောင်အလိုက်ဗင်္ယာမိန့့်အနွယ်သားတို့ရသောမြို့များကား၊ ယေရိခေါ၊ ဗေသောဂလ၊ ေမက္ကေဇဇ်။
22-23 ဗေသရာဇ၊ ဇေမရိမ်၊ ဗေသလ။ အာဝိမ်၊ ပါရ၊ သြဖရ။
24 ခေဖာဟာမောနဲ၊ သြဖနိ၊ ဂေဗမြို့များ၊ ဆင်ခြေဖုံးပါဆယ့်နှစ်မြို့။
25-26 ဂိဗောင်၊ ရာမ၊ ဗေရုတ်၊ မိဇပါ၊ ခေဖိရ၊ မောဇ။
27-28 ရေကင်၊ ဣရပေလ၊ တာရလ။ ဇေလ၊ ဧလပ်၊ ယေရုရှလင်တည်းဟူသော ယေဗုသိ၊ ဂိဗာ၊ ကိရယတ်မြို့များ၊ ဆင်ခြေဖုံးပါ၊ ဆယ့်လေးမြို့တည်း။ အိမ်ထောင်အလိုက် ဗင်္ယာမိန့့်အနွယ်သားတို့ရသောအပိုင်ကား ထိုသို့ပင်တည်း။