15
1 အိမ်ထောင်အလိုက် ယုဒအနွယ်သားတို့ မဲကျ၍ရသောနယ်သည် တောင်ပိုင်းအစွန်းရှိ ဇိနတော တစ်ေလျှာက်၊ ဧဒုံနယ်စပ်တိုင်အောင် မီသည်နှင့်
2 တောင်အလားကား၊ ရေငံအိုင်တောင်ဘက် အကွေ့ကစ၍၊
3 အကရဗ္ဗိမ်တောင်ကြားတောင်မျက် နှာမှထွက်လျက် ဇိနမြို့သို့ရောက်ပြီးမှ၊ ကာဒေရှဗာနာမြို့ တောင်ဘက်သို့မီ၏။ ၎င်းမှ ဟေဇရုံမြို့၊ အဒ္ဒါမြို့များသို့ ေလျှာက်လျက်၊
4 ကာကာမြို့ထိလှည့်သဖြင့် အဇမုန်မြို့ကို ရောက်ပြီးလျှင်၊ အိဂျစ်ချောင်းသို့လိုက်၌ ပင်လယ်၌ ဆုံးသတည်း။
5 အရှေ့အလားကား၊ ယော်ဒန်မြစ်ဝတိုင်အောင်၊ ရေငံအိုင်တစ်ေလျှာက်တည်း။ မြောက်အလားကား၊ ယော်ဒန်မြစ်စီးဝင်ရာ ရေငံအိုင်ကွေ့မှထွက်၍
6 ဗေသောဂလမြို့သို့လည်းေကာင်း၊ ဗေသရာဗမြို့မြောက်ဘက်ေလျှာက်လျက်၊ ရုဗင့်သားဗောဟန်၏ကျောက် တိုင်သို့လည်းေကာင်း၊ ရောက်ပြီးမှ
7 အာခေါ်ချိုင့်က၊ ဒေဗိရမြို့သို့တက်သော်၊ မြောက်ဘက်သို့လှည့်သဖြင့် ချောင်းတောင်ဘက်ရှိ၊ အဒုမ္မိမ်တောင်ကြားရင်ဆိုင် ဂိလဂါလမြို့ကို မျက်နှာမူလျက်၊ အင်ရှေမက်အိုင်သို့ရောက်၍ အေင်္ရာဂေလစမ်းရေအစွန်းထိ၊
8 ၎င်းမှ ဟိန္နုံချိုင့်ဖြင့် ယေရုရှလင်မြို့တည်ရာ ယေဗုသိတောင်စောင်းတောင်ဘက်သို့ ေလျှာက်၍၊ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်ရှိ တောင်ထိပ်သို့တက်ပြီးမှ
9 နေဖတောစမ်းရေတွင်းကို ေလျှာက်ဆင်းသဖြင့် ဧဖရုန်တောင်ရှိမြို့များအထိ ၎င်းမှကိရယတ်ယာ ရိမ်မြို့တည်းဟူသော ဗာလာမြို့သို့ရောက်ပြီးလျှင်၊
10 ၎င်းမြို့အနောက်ဘက် စိရတောင်သို့လှည့်လျက်၊ ခေသလုန်တောင်တည်းဟူသော ယာရိမ် တောင်စောင်းမြောက်ဘက်အနီးရောက်သော် ဗက်ရှေမက်မြို့သို့ဆင်း၍ တိမနတ်မြို့သို့ေလျှာက်ပြီးမှ၊
11 ဧကြုန်တောင်စောင်းမြောက်ဘက်အထိ ၎င်းမှရှိကြုန်မြို့၊ ဗာလာတောင်၊ ယာဗနေလမြို့များသို့ ရောက်၍ ပင်လယ်၌ဆုံးသတည်း။
12 အနောက်အလားကား၊ မြေထဲပင်လယ်တည်း။ အိမ်ထောင်အလိုက် ယုဒအနွယ်သားတို့ရသော နယ်မှာ ထိုသို့ပင်တည်း။
13 ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယုဒအနွယ်သားတို့ပိုင်နယ်အတွင်း၊ ယေဖုန္နာ့သား ကာလက်အား အာနကအဘ အာဘ၏မြို့၊ ကိရယသာဘခေါ် ဟေဗြုန်မြို့ကို အပိုင်ပေး၏။
14 ကာလက်သည် အာနကအမျိုးသားရှေရှဲ၊ အဟိမန်, တာလမဲသုံးယောက်တို့ကို ထိုမြို့ထဲမှနှင် ထုတ်ပြီးနောက်
15 ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်သော်၊
16 ကိရယဿေဖာမြို့ကို လုပ်ကြံတိုက်ယူသူ့အား၊ ငါ့သမီးအာခသနှင့်ပေးစားမည်ဟု ကာလက်ဆို လျှင်၊
17 ကေနတ်အမျိုး၊ ညီသြသံယေလတိုက်ယူသည့်အလျောက်၊ သမီးအာမခသနှင့်ပေးစားလေ၏။
18 ထိုမိန်းမသည် လင့်အိမ်သို့ရောက်ပြီးမှ အဘထံလယ်တစ်ကွက်တောင်းရန်တိုင်ပင်၌ သွားရောက် ရာ၊ မြည်းပေါ်မှဆင်းလျှင် ကာလက်က၊ မည်သည့်အရာကိုလိုသနည်းဟုမေးသော်၊ ကောင်းကြီးပေး စေလိုပါ၏။
19 ကိုယ်တော်သည် နေဂပ်ခရိုင်တွင်ကျွန်မကိုနေစေသည်ဖြစ်၍၊ စမ်းရေတွင်းကို ပေးပါဦးဟု တောင်းဆိုသည့်အလျောက် အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းများကို ပေးလေ၏။
20 အိမ်ထောင်အလိုက် ယုဒအနွယ်သားတို့အပိုင်ရသောနယ်ကို ပြပေဦးအံ့။
21 နေဂပ်ခရိုင်အတွင်း၊ ဧဒုံနယ်စပ်အနီး၊ ယုဒအနွယ်သားတို့ပိုင်သောမြို့များကား၊ ကပ်ဇေလ၊
22-23 ဧဒါ၊ ယာဂုရ၊ ကိန၊ ဒိမောန၊ အာဒဒါ၊
24 ကေဒေရှ၊ ဟာဇော်၊ ဣသနန်၊ ဇိဖ၊ တေလင်၊
25 ဗာလုတ်၊ ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူသော
26 ဟေဇရုံ၊ အာမန်၊ ရှေမ၊ မောလဒါ၊
27-28 ဟာဇဂဒ္ဒ၊ ဟေရှမုန်၊ ဗက်ပါလက်၊ ဟာဇာရွာလ၊
29 ဗေရရှေဘ၊ ဗိဇ္ဇောသယာ၊ ဗာလာ၊ ဣအိမ်၊ အာဇင်၊
30 ဧလတောလဒ်၊ ခေသိလ၊ ဟောမာ၊ ဇိကလတ်၊
31-32 မာဒမန္နာ၊ သံသန္နာ၊ လေဗောက်၊ ရှိလဟိမ်၊ အဣန၊ ရိမ္မုန်မြို့များ၊ ဆင်ခြေဖုံးပါ၊ မြို့ပေါင်း နှစ်ဆယ့်ကိုးမြို့တည်း။
33 ရှဖေလာခရိုင်တွင်လည်း ဧရှတောလ၊ ဇောရာ၊
34-35 အာရှနာ၊ ဇာနော၊ အန္နိမ်၊ တာပွာ၊ ဧန၊ ယာမုတ်၊ အဒုလံ၊ စောခေါ၊ အဇေကာ၊
36 ရှာရိမ်၊ အဒိသိမ်၊ ဂဒေရ၊ ဂဒေရောသိမ်မြို့များ ဆင်ခြေဖုံးပါ ဆယ့်လေးမြို့၊
37-38 ဇေနန်၊ ဟဒါရှ၊ မိဂဒလဂဒ်၊ ဒိလန်၊ မိဇပါ၊ ယုဿေလ၊
39 လာခိရှ၊ ဗောဇကတ်၊ ဧဂလုန်၊
40-41 ကဗ္ဗုန်၊ လာမံ၊ ကိသလိတ်၊ ဂဒေရုတ်၊ ဗက်ဒါဂုန်၊ နေမ၊ မက္ကဒါမြို့များ၊ ဆင်ခြေဖုံးပါ ဆယ့်ခြောက်မြို့၊
42-43 လိဗန၊ ဧသာ၊ အာရှန်၊ ယိဖတ၊ အာရှနာ၊
44 နေဇိပ်၊ ကိလ၊ အာခဇိမ်၊ မရေရှမြို့များ၊ ဆင်ခြေဖုံးပါ
45-46 ကိုးမြို့၊ ဆင်ခြေဖုံးနိဂုံးပါ ဧကြုန်မြို့၊ ဧကြုန်မြို့မှစ၍၊ ပင်လယ်တိုင်အောင် ဆင်ခြေဖုံးပါ အာဇုတ်မြို့နယ်တစ်ေလျှာက်ရှိ အမြို့မြို့
47 ဆင်ခြေဖုံးနိဂုံးပါ အာဇုတ်မြို့၊ အိဂျစ်ချောင်းနှင့် မြေထဲပင်လယ်ကမ်းတိုင်အောင်၊ ဆင်ခြေဖုံး နိဂုံးပါ ဂါဇမြို့များတည်း။
48 ခင်တန်း၌လည်း၊ ရှမိရ၊ ယတ္တိရ၊ စောခေါ၊
49-50 ဒန္န၊ ဒေဗိရတည်းဟူသော ကိရယဿန္န၊ အာနပ်၊
51 ဧရှတမော၊ အာနိမ်၊ ဂေါရှင်၊ ဟောလုန်၊ ဂိလောမြို့များ၊
52 ဆင်ခြေဖုံးပါ၊ ဆယ့်တစ်မြို့၊ အာရပ်၊ ဒုမာ၊ ဧရှန်၊
53-54 ယာနုံ၊ ဗက်တာပွာ၊ အာဖက်၊ ဟုန္တ၊ ဟေဗြုန်တည်းဟူသော ကိရယသာဘ၊ ဇိအောရမြို့များ၊
55 ဆင်ခြေဖုံးပါ ကိုးမြို့၊ မောန၊ ကရမေလ၊ ဇိဖ၊ ယုတ္တ၊
56-57 ယေဇရေလ၊ ယောကဒံ၊ ဇာနော၊ ကာဣန၊ ဂိဗာ၊ တိမနတ်မြို့များ၊ ဆင်ခြေဖုံးပါ၊ ဆယ်မြို့၊
58-59 ဟာလဟုလ၊ ဗက်ဇုရ၊ ဂေဒေါ်၊ မာရပ်၊ ဗေသနုတ်၊ ဧလတေကုန်မြို့များ၊ ဆင်ခြေဖုံးပါ၊ ခြောက်မြို့၊
60 ကိရယတ်ယာရိမ်တည်းဟူသော ကိရယတ်ဗာလ၊ ရဗ္ဗာမြို့များ၊ ဆင်ခြေဖုံးပါ၊ နှစ်မြို့တည်း။
61 သဲတော၌လည်း၊ ဗေသရာဗ၊ မိဒ္ဒိန်၊ သေကာက၊
62 နိဗရှန်၊ ဣရမေလက်၊ အေင်္ဂဒိမြို့များ၊ ဆင်ခြေဖုံးပါ ခြောက်မြို့တည်း။
63 ယေရုရှလင်မြို့နေ ယေဗုသိလူမျိုးတို့ကိုကား၊ ယုဒအနွယ်သားတို့ မနှင်ထုတ်နိုင်သည့်အတွက် ယနေ့တိုင်အောင်၊ ယုဒအနွယ်သားတို့နှင့်အတူ ယေရုရှလင်မြို့၌နေထိုင်သေး၏။