13
ယောရှုအိုမင်းလှသောအခါ ထာဝရဘုရားက၊ သင်သည်အိုမင်းလှပြီ။ ပိုင်ရမည့်ပြည်ကား များစွာကျန်သေး၏။ 2-3 ကျန်ပြည်နယ်များမှာ အိဂျစ်ပြည်အရှေ့ဘက်ရှိ၊ ရှိဟောရချောင်းမှစ၍ မြောက်မျက်နှာဧကြုန် နယ်စပ်တိုင်အောင်၊ ဂါဇ၊ အာဇုတ်၊ အာရှကေလုန်၊ ဂါသ၊ ဧကြုန်မြို့နယ်၊ ဖိလိတ္တိမင်း ငါးပါးတို့အုပ် ချုပ်၍ ခါနနိလူမျိုးတို့ပိုင်ဖြစ်သော ဖိလိတ္တိတစ်နယ်လုံးနှင့် ဂေရှုရတစ်နယ်လုံး၊ တောင်မျက်နှာအာဝိလူမျိုးတို့ပိုင်တစ်နယ်လုံး၊ အာမောရိနယ်စပ်အာဖက်မြို့တိုင်အောင်၊ ဇိဒုန်လူမျိုးတို့ပိုင်ဖြစ်သော မာရာနယ်နှင့်၊ ခါနနိလူမျိုးတို့တစ်နယ်လုံး၊ ဟေရမုန်တောင်ခြေရင်းရှိ၊ ဗာလဂဒ်မြို့မှစ၍ ဟာမတ်မြို့လမ်းဝ တိုင်အောင်၊ လေဗနုန်တောင်အရှေ့ဘက်တစ်နယ်လုံးနှင့် ဂေဗလတစ်နယ်လုံး၊ လေဗနုန်တောင်မှစ၍ မိသရဖောသမိမ်မြို့တိုင်အောင်၊ ဇိဒုန်လူမျိုးတို့ပိုင်ခင်တန်းတစ်နယ်လုံးများ တည်း။ ဆိုခဲ့သူအပေါင်းတို့ကို ဣသရေလအမျိုးသားတို့ရှေ့ငါနှင်ထုတ်မည်။ သင်မှာမူ၊ ငါ့အမိန့်အ တိုင်း၊ ဣသရေလလူမျိုးတို့အား အပိုင်ဝေပေးလော့။ ယခုပင် ဣသရေလကိုးနွယ်နှင့် မနာရှေ့အနွယ်တစ်ဝက်အား၊ အပိုင်ဝေဖန်လော့ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ကျွန်တော်ရင်းမောရှေဝေပေးခဲ့သည့်အတိုင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ မနာရှေ့ အနွယ်တစ်ဝက်နှင့် ရုဗင်၊ ဂဒ်အနွယ်သားတို့အပိုင်ရပြီး ပြည်နယ်များကား၊ အာနုန်ချိုင့်ကမ်းပေါ်ရှိ အာရော်မြို့နှင့် ချိုင့်လယ်ရှိမြို့မှစ၍ ဒိဘုန်မြို့တိုင်အောင်၊ မေဒဘပျံ့ တစ်ေလျှာက်လုံး 10 အမ္မုန်အမျိုးသားတို့နယ်စပ်တိုင်အောင် အာမောရိပြည့်ရှင် ေဟရှဘုန်မြို့စံရှိဟုန်မင်းအုပ်စိုးခဲ့ သောမြို့ရွာရှိသမျှ ဂိလဒ်နယ်၊ 11 ဂေရှုရ၊ မာခါအမျိုးသားတို့ပိုင်နယ်၊ ဟေရမုန်တောင်တစ်ေလျှာက်၊ 12 သာလကမြို့ထိ၊ ဗာရှန်တစ်ပြည်လုံး၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့များ၌ စံနေသော ရေဖိမ့်အနွယ် အနက်ကျန်သေးသူ၊ ဗာရှန်ပြည့်ရှင် သြဃမင်းအုပ်စိုးခဲ့သောနိုင်ငံတစ်ဝှမ်းလုံးများတည်း။ ထိုသူအပေါင်းတို့ကို မောရှေလုပ်ကြံနှင်ထုတ်ခဲ့လေ၏။ 13 ဂေရှုရ၊ မာခါအမျိုးသားတို့ကိုမူကား၊ ဣသရေလအမျိုးသားတို့မနှင်ထုတ်ကြသည့်အတွက် ယနေ့တိုင်အောင် ဣသရေလနယ်တွင် နေထိုင်သေး၏။ 14 လေဝိအနွယ်သားတို့သာလျှင် မြေပိုင်မရ။ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ထာဝရဘုရားထံ မီးပူဇော်ရာများကို အပိုင်ရကြ၏။
15 မောရှေသည် ရုဗင့်အနွယ်သားတို့အား အိမ်ထောင်အလိုက် ဝေပေးသောနယ်ကား၊ 16 အာနုန်ချိုင့်ကမ်းပေါ်ရှိ အာရော်မြို့နှင့်ချိုင့်လယ်ရှိ မြို့မှစ၍ မေဒဘပျံ့တစ်ေလျှာက်လုံး၊ 17 ဟေရှဘုန်မြို့နှင့်တကွ ပျံ့ရှိမြို့ရွာ၊ 18 ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊ ယာဟတ်မြို့၊ 19 ကေဒမုတ်မြို့၊ မေဖတ်မြို့၊ ကိရယသိမ်မြို့၊ စိဗမာမြို့၊ 20 ချိုင့်လယ်ကုန်းပေါ်ရှိ ဇာရက်ရှာဟာမြို့၊ ဗက်ပေဂုရမြို့၊ 21 အာဇုတ်ပိသဂါမြို့၊ ဗက်ယေရှိမုတ်မြို့၊ ပျံ့ရှိအမြို့မြို့နှင့်တကွ ဟေရှဘုန်မြို့စံအာမောရိပြည့်ရှင် ရှိဟုန်မင်းနိုင်ငံတစ်ေလျှာက်လုံးများတည်း။ ထိုမင်းကိုလည်းေကာင်း၊ ထိုပြည်နေ၊ လက်အောက်ခံမိဒျန်အကြီး အကဲငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကိုလည်းေကာင်း၊ မောရှေလုပ်ကြံရာ 22 ဗောရသား၊ မှော်ဆရာဗာလမ်ကိုလည်း ဣသရေလအမျိုးသားတို့သည် ဓားဖြင့်ကွပ်မျက်ကြ၏။ 23 ရုဗင့်အနွယ်သားတို့နယ်စပ်သည် ယော်ဒန်မြစ်ဖြစ်၏။ အိမ်ထောင်အလိုက်ရုဗင့်အနွယ်သားတို့ အပိုင်ရသောမြို့ရွာများကား ထိုသို့တည်း။
24 မောရှေသည်၊ ဂဒ်အနွယ်သားတို့အား အိမ်ထောင်အလိုက်ဝေပေးသောနယ်ကား၊ 25 ယာဇာမြို့မှစ၍၊ ဂိလဒ်နယ်အတွင်း မြို့ရှိသမျှနှင့် ရဗ္ဗာမြို့ရှေ့အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊ 26 ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့များတိုင်အောင်လည်းေကာင်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ်တိုင်အောင်လည်းေကာင်း၊ တစ်ေလျှာက်လုံး၊ ချိုင့်၌လည်း၊ 27 ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့အစရှိသောယော်ဒန်မြစ်အရှေ့ဘက်ဂေင်္နသရက်အိုင်၊ ေရလက် ယော်ဒန်မြစ်အစပ်ရှိ၊ ဟေရှဘုန် မြို့စံရှိဟုန်မင်းပိုင်အကြွင်းအကျန်များတည်း။ 28 အိမ်ထောင်အလိုက် ဂဒ်အနွယ်သားတို့အပိုင်ရသော မြို့ရွာများကား ထိုသို့တည်း။
29 မောရှေသည်၊ မနာရှေ့အနွယ်တစ်ဝက်အား အိမ်ထောင်အလိုက် ဝေပေးသောနယ်ကား၊ 30 မဟာနိမ်မြို့မှစ၍၊ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ပြည့်ရှင်သြဃမင်းနိုင်ငံတစ်ေလျှာက်လုံး၊ ဗာရှန်ပြည်အဝင်၊ ဟာဝုတ်ယာဣရမြို့ရွာခြောက်ဆယ်၊ ဂိလဒ်နယ်တစ်၀က်၊ 31 ဗာရှန်ပြည့်ရှင်သြဃမင်းစံနေခဲ့သော မြို့တော်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့များတည်း။ မနာရှေ့ သား မာခိရအဆက်တစ်ဝက်၊ အိမ်ထောင်အလိုက်၊ ထိုသို့ပိုင်ရကြ၏။
32 ယေရိခေါမြို့တစ်ဖက်၊ ယော်ဒန်မြစ်အရှေ့၊ မောဘလွင်ပြင်၌ မောရှေဝေပေးသောနယ်များကား၊ ထိုသို့တည်း။ 33 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကတိထားတော်မူသည့်အတိုင်း လေဝိ အနွယ်သားတို့ပိုင်ဆိုင်ရာဖြစ်တော်မူသောကြောင့် လေဝိအနွယ်သားတို့အဖို့ မြေပိုင်ကို မောရှေမပေးချေ။