11
ထိုသတင်းကို ဟာဇော်ဘုရင် ယာဘိန်မင်းကြားသော်၊ မာဒုန်ဘုရင်ယောဗပ်မင်း၊ ရှိမရုန်ဘုရင်၊ အာခရှပ်ဘုရင်မင်းတို့ထံလည်းေကာင်း၊ မြောက်ပိုင်းခင်တန်း၊ ဂေင်္နသရက်အိုင်တောင်ဘက်ရှိ အရာဗာချိၖုင့်၊ ရှဖေလာခရိုင်၊ အနောက် မျက်နှာဒေါရကုန်းတန်းများ၌ တည်သောဘုရင်မင်းတို့ထံလည်းေကာင်း၊ အရှေ့အနောက်၌ နေသောခါနနိလူမျိုး၊ ခင်တန်းတစ်ေလျှာက်နေ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေရင်းရှိ မိဇပါနယ်၌နေသော ဟိဝိလူမျိုးတို့ထံလည်းေကာင်း၊ 4-5 ရာဇသံစေလွှတ်သည့်အတိုင်း၊ ထိုဘုရင်မင်းအပေါင်းတို့သည် သမုဒ္ဒရာကမ်းခြေရှိ သဲလုံးအမျှ များပြားသောအလုံးအရင်းတို့နှင့်တကွ၊ ြမင်းတပ်၊ ရထားတပ်၊ အေြမာက်အြမားပါချီထွက်စုပေါင်းကြပြီးလျှင်၊ ဣသရေလလူမျိုးကိုစစ်တိုက်ရန် မေရုံအိုင်အနီးသို့လာရောက်တပ်စွဲကြကုန်၏။ ထိုအခါ ယောရှုအား ထာဝရဘုရားက၊ ဤသူတို့ကိုမကြောက်လင့်။ နက်ဖြန်ယခုအချိန် ဣသရေ လလူမျိုးတို့အား၊ ထိုသူအပေါင်းတို့ကို မသာလောင်းချည်းငါအပ်နှင်းမည်။ မြင်းများ၏သခေါက် ကြောကိုဖြတ်ခြင်း၊ ရထားတပ်ကိုမီးတိုက်ခြင်းများကို ပြုရမည်ဟု မိန့်တော်မူသည်နှင့်အညီ၊ ယောရှုသည်၊ စစ်သူရဲအပေါင်းတို့နှင့်တကွ ချီတက်၍ မေရုံအိုင်အနီးစွဲရပ်သူတို့ကို ရုတ်တရက် တိုက်ခိုက်ရာ၊ ဣသရေလလက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူသဖြင့် ဇိဒုန်မြို့ကြီးသို့လည်းေကာင်း၊ မိသရဖေါ သမိမ်မြို့သို့လည်းေကာင်း၊ အရှေ့မျက်နှာမိဇပါချိုင့်သို့လည်းေကာင်း၊ အဖြာဖြာလိုက်လံလျက် တစ်ယောက်မကျန်၊ လုပ်ကြံကြ၏။ ယောရှုလည်း ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ မြင်းများ၏သခေါက်ကြောကိုဖြတ်ခြင်း၊ ရထားတပ်ကိုမီးတိုက်ခြင်းများကိုပြုလေ၏။
10 ထိုနောက်ယောရှုသည် လှည့်ချီ၍၊ ဆိုခဲ့ပြီး နိုင်ငံတကာတို့၏အထွဋ်အထိပ်ဖြစ်သော ဟာဇော် မြို့ကို သိမ်းယူလျက်၊ ဘုရင်မင်းကို ဓားဖြင့်ကွပ်မျက်ပြီးလျှင်၊ 11 ထိုမြို့၌ဇီဝသက်ရှိလူအပေါင်းတို့ကို တစ်ယောက်မကျန်၊ ဓားဖြင့်လုပ်ကြံမြေလှန်၍၊ မြို့ကို လည်း မီးတိုက်လေ၏။ 12 ထာဝရဘုရား၏ကျွန်တော်ရင်းမောရှေမှာထားခဲ့သည့်အတိုင်း ဆိုခဲ့သောဘုရင်မင်းတို့နှင့် တကွ စိုးစံသောမြို့များပါ ယောရှုသိမ်းယူ၍ ဓားဖြင့်လုပ်ကြံမြေလှန်သည်မှာ၊ 13 ယောရှုမီးတိုက်ခဲ့သော ဟာဇော်မြို့မှတစ်ပါး၊ အခြားမြို့များကို ဣသရေလတပ်သားတို့ မီးမတိုက်ဘဲ တည်ရာကုန်းပေါ်တွင် ရှိမြဲရှိစေလျက် 14 လက်ရဥစ္စာ၊ တိရစ္ဆာန်များမှာ ဣသရေလူအမျိုးသားတို့ပိုင်ဖြစ်၏။ ဇီဝသက်ရှိသူဟူသမျှကို ကား၊ တစ်ယောက်မကျန်၊ ဖျက်ဆီးလုပ်ကြံကြ၏။ 15 ကျွန်တော်ရင်းမောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း မောရှေဆင့်ဆိုလေရာရာ၊ မည်သည်ကိုမျှမလှပ်မထားယောရှုပြုလေ၏။
16-17 ထိုသို့ယောရှုသည် ခင်တန်း၊ နေဂပ်တစ်ခရိုင်လုံး၊ ဂေါရှင်တစ်နယ်လုံး၊ ရှဖေလာခရိုင်၊ အရာဗာ ချိုင့်၊ တောင်တန်းချိုင့်ဝှမ်းရာ ဣသရေလပြည်တစ်ေလျှာက်လုံးကို စိရတောင်အရံဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊ လေဗနုန်ချိုင့်ရှိဗာလဂဒ်မြို့တိုင်အောင် စိုးစံသောဘုရင်မင်းတို့နှင့်တကွ သိမ်းယူ၍လုပ်ကြံကွပ်မျက်လေ၏။ 18 ယောရှုသည် ဆိုခဲ့သောဘုရင်မင်းတို့ကို ကာလရှည်ကြာစွာစစ်တိုက်၍ရ၏။ 19-20 ဣသရေလူမျိုးတို့ထံ အသနားမခံဘဲ စစ်တိုက်ကြသဖြင့်၊ မောရှေအား ထာဝရဘုရားမိန့် တော်မူခဲ့သည့်အတိုင်း ဖျက်ဆီးမြေလှန်စေခြင်းငှါ၊ ထိုသူတို့စိတ်နှလုံးကို ထာဝရဘုရားခဲယဉ်းစေ တော်မူသောကြောင့် ဂိဗေါင်မြို့နေ ဟိဝိလူမျိုးတို့မှတစ်ပါး၊ ဣသရေလအမျိုးသားတို့နှင့် မိတ်ဖွဲ့သော မြို့တစ်မြို့မျှမရှိ။ မြို့တကာကိုတိုက်ယူကြသတည်း။
21 ထိုကာလယောရှုချီသွား၍၊ ဟေဗြုန်၊ ဒေဗိရ၊ အာနပ်မြို့များနှင့် ယုဒပြည်၊ ဣသရေလပြည် ခင်တန်းတစ်ေလျှာက်နေသောအာနကလူမျိုးကို ပယ်ဖျက်၍၊ မြို့များပါ၊ မြေလှန်သဖြင့်၊ 22 ဣသရေလပြည်နယ်တွင် တစ်ယောက်မျှမကျန်၊ ဂါဇ၊ ဂါသ၊ အာဇုတ်မြို့များ၌သာ ကြွင်းကျန် နေထိုင်ကြ၏။ 23 မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း၊ ယောရှုသည် ပြည်တစ်ေလျှာက်လုံးကိုသိမ်း ယူ၍, အနွယ်အသီးအသီးတို့ဝေပုံအလိုက်၊ ဣသရေလလူမျိုးပိုင် ဖြစ်စေ၏။ ပြည်တော်လည်းရန်စစ် ငြိမ်းလေ၏။