51
ငါသည် ဗာဗုလုန်မြို့နှင့် 51.1 ပါဠိၒ ၒ- လိက္ကမဲခါလဒဲပြည်သူပြည်သားတို့အပေါ်သို့၊ လေဘေးသင့်စေမည့်ပြင်၊ ဒုက္ခရောက်သည့်ကာလ၊ ဗာဗုလုန်မြို့ကိုဝန်းဝိုင်းလှေ့ယပ်၍၊ တိုင်းပြည်ကို လွတ်လပ်စေမည့်လှေ့ယပ်သူတို့ကို၊ ငါလွှတ်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ လေးကိုင်သူ့ကိုလေးတင်ခွင့်၊ သံချပ်နှင့်မတ်ရပ်ခွင့်၊ မရစေလင့်။ လက်ရွေးတို့ကိုမညှာတာဘဲ၊ အလုံးအရင်းကိုအကုန်အစင်ဖျက်ဆီးကြလော့။ ထိုသူတို့သည် ခါလဒဲပြည်တွင်လုပ်ကြံခြင်း၊ လမ်းဆုံများ၌ထိုးဖောက်ခြင်းကိုခံရသဖြင့်၊ ကျဆုံးကြရလတ္တံ့။ ချင်းတို့ပြည်သည်၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ရှေ့တော်၌၊ ပြစ်မှုများနှင့်ပြည့်လျှံသည်ဖြစ်၍၊ ဣသရေလနှင့်ယုဒလူမျိုးသည်၊ ကိုယ့်ဘုရားသခင်၊ ဗိုလ်ခြေ တို့အရှင်ထာဝရဘုရားထံမှစွန့်ပစ်ခံရပြီမဟုတ်။ ဗာဗုလုန်မြို့အားထာဝရဘုရားဆပ်ပေး၍၊ လက်စားချေတော်မူသည့်ကာလဖြစ်သဖြင့်၊ ထိုမြို့၏ဒုစရိုက်ကြောင့် ပယ်ရှားခြင်းမခံရဘဲ၊ အသက်ချမ်းသာရအံ့သောငှာ၊ အသီးအသီးထွက်ပြေးကြလော့။ ဗာဗုလုန်မြို့သည် ထာဝရဘုရား၏လက်တော်ဝယ်ရွှေဖလားအဖြစ်၊ မြေတစ်ပြင်လုံးမူးယစ်စေဖူးသည့်အလျောက်၊ ထိုစပျစ်ရည်ကိုလူမျိုးခြားတို့သောက်သဖြင့်၊ ရူးသွပ်ရာရောက်ကြလေပြီ။ ဗာဗုလုန်မြို့သည် ရုတ်ခြင်းပြိုလဲပျက်ပြုန်းလေပြီ။ အော်ကြလော့။ အနာအတွက်လိမ်းဆေးကို ဖော်စပ်ကြလော့။ ပျောက်ကောင်းပျောက်လိမ့်တကား။
ငါတို့သည် ဗာဗုလုန်မြို့အားကုသသော်လည်း၊ ကျန်းမာသည်မဟုတ်။ ခံထိုက်သောစီရင်ချက်သည်၊ ကောင်းကင်ထိမှီလျက်၊ အာကာသထိမောက်သောကြောင့်၊ အသီး အသီးစွန့်ခွာ၍၊ နေရင်းပြည်သို့သွားကြကုန်အံ့။ 10 ထာဝရဘုရားသည်၊ ငါတို့၏ဖြောင့်မတ်ခြင်းထင်ပေါ်စေတော်မူပြီးဖြစ်၍၊ ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမှုအရေးတော်ကို၊ ဇိအုန်မြို့၌ကြော်ငြာရန် ထွက်သွားကြကုန်အံ့။
11 ဗိမာန်တော်အတွက်၊ ထာဝရဘုရားလက်စားချေတော်မူခြင်းဖြစ်သည်နှင့်၊ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်ပြဋ္ဌာန်းသောကြောင့် မေဒိ 51.11 ပါဠိၒ ၒ- ဘုရင်များ၏။ဘုရင်၏သဘောကို ဆော်ဩတော်မူသည့်အလျောက်၊ မြှားများကိုတိုက်ပွတ်လျက်၊ ဒိုင်းလွှားများကိုစွဲကိုင်ကြလော့။ 12 ဗာဗုလုန်မြို့သူမြို့သားတို့ကိုရည်လျက်၊ မိန့်တော်မူချက်အရ၊ ထာဝရဘုရားပြဋ္ဌာန်း၍ကြံဆောင်တော်မူပြီးဖြစ်သောကြောင့်၊ ဗာဗုလုန်မြို့ရိုးရင်ဆိုင်အလံစိုက်ထူခြင်း၊ မြို့ရံတပ်ခိုင်ခံ့ခြင်း၊ ကင်းတပ်ထားခြင်း၊ တပ်ပုန်းချခြင်းများကိုပြုကြလော့။ 13 မြစ်ချောင်းများအနီးစံနေလျက်၊ အစီးအပွားပြန့်ပြောသော အိုမြို့တော်၊ သင်သည်အဆုံးရောက်၍ ရင်သားစုတ်ပြတ်လေပြီတကား။ 14 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ငါသည် သင့်ကိုကျိုင်းအုပ်တမျှသူရဲတို့နှင့်ပြည့်နှက်စေလျက်၊ အောင်သံလွှင့်ကြလိမ့်မည်ဟု၊ ကိုယ်တော်တိုင်ကိုတိုင်တည်၍သစ္စာ မူလေပြီ။ 15 ကိုယ်တော်သည်၊ တန်ခိုးတော်အားဖြင့် မြေပထဝီကိုဖန်ဆင်း၍၊ ဉာဏ်ပညာတော်အားဖြင့်လောကကိုတည်လျက်၊ ဉာဏ်ပဋိဘာန်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူလေပြီ။ 16 အသံတော်ကိုလွှင့်သောအခါ၊ အာကာသကောင်းကင်၌ ရေဟုန်းခြင်း၊ မြေကြီးအစွန်းအဖျားများမှ မိုးသားတက်ခြင်း၊ မိုးရွာစေရန်လျှပ်စစ်ပြက်ခြင်း၊ လှောင်တိုက် တော်များမှလေပြင်းထွက်ခြင်းများကို စီမံတော်မူသည့်အလျောက်၊ 17 ဇီဝသက်မဲ့၊ အချည်းနှီးဖြစ်သောကိုယ့်ရုပ်ပွားဆင်းတုကိုထောက်၍၊ ပန်းထိမ်တိုင်းအရှက်ရသည့်ပြင်၊ လူခပ်သိမ်းတို့လည်းဉာဏ်ပညာ၊ အသိပညာကင်းပျောက်ရာရောက်ကြ၏။ 18 ထိုရုပ်ထုများသည် အနတ္တအမှု၊ ကဲ့ရဲ့ရာအမှုဖြစ်လျက်၊ ဒဏ်စီရင်ခြင်းကို ခံရသည့်ကာလ၊ ပျက်စီးကြလိမ့်မည်။ 19 ယာကုပ်၏ပိုင်စုဖြစ်သောဘုရားသည်၊ ထိုဆင်းတုများနှင့်မတူချေ။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟူသော နာမတော်ရှိသည့်အလျောက်၊ အရာခပ်သိမ်းကိုဖန်ဆင်းတော်မူသောဘုရားဖြစ်၏။ ပိုင်တော်မူရာအမျိုးအနွယ်ကား၊ ထိုလူမျိုးတည်း။
20 ငါ၏စစ်တင်းပုတ်၊ လက်နက်စုံဖြစ်သောသင့်အားဖြင့်၊ လူမျိုးခြားတို့ကိုခွဲဖျက်ခြင်း၊ တိုင်းနိုင်ငံများကိုပယ်ရှားခြင်း၊ ငါပြုလျက်၊ 21 မြင်းနှင့်မြင်းစီးသူရဲကိုလည်းေကာင်း၊ ရထားနှင့် ရထားစီးသူရဲကိုလည်းေကာင်း၊ 22 ယောက်ျားနှင့်မိန်းမကိုလည်းေကာင်း၊ သက်ကြီးနှင့်သက်ငယ်ကိုလည်းေကာင်း၊ လူပျိုနှင့်အပျိုကိုလည်းေကာင်း၊ 23 သိုးထိန်းနှင့်သိုးအုပ်ကိုလည်းေကာင်း၊ တောင်သူနှင့်နွားရှဉ်းကိုလည်းေကာင်း၊ မြို့ဝန်နှင့်မြို့စားတို့ကိုလည်းေကာင်း၊ သင့်အားဖြင့်ငါခွဲဖျက်၍၊ 24 ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်သူပြည်သားတို့အား၊ ဇိအုန်မြို့ပြုခဲ့သမျှသောမကောင်းမှုကို၊ သင်တို့မျက်မှောက်တွင်ပင်ငါဆပ်ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
25 မြေတစ်ပြင်လုံးကိုဖျက်ဆီးသုတ်သင်သောအိုတောင်၊ ငါသည်သင့်တစ်ဘက်၌နေသည်အတိုင်း၊ ဆန့်တန်းသောလက်ရုံးတော်ဖြင့်၊ ကျောက်ပေါ်မှလှိမ့်ချလျက်၊ ကျွမ်းလောင်ပြီးတောင်သဖွယ်ထားသဖြင့်၊ အစဉ်ဖုန်းဆိုးကုန်းဖြစ်သောသင့်အတွင်းက၊ 26 တိုက်ထောင့်ကျောက်၊ တိုက်မြစ်ကျောက်တစ်လုံးမျှထုတ်ယူကြတော့မည်မဟုတ်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
27 မြေပေါ်တွင်အလံစိုက်ထူခြင်း၊ လူမျိုးခြားတို့တွင်တံပိုးမှုတ်ခြင်း၊ လူမျိုးခြားတို့ကိုဆန့်ကျင်ဘက်စီမံခြင်း၊ အာရရတ်၊ မိန္နိ၊ အာရှကေနတ်နိုင်ငံများကိုစုရုံးခြင်း၊ ဗိုလ်ချုပ်ခန့်ထားခြင်းပြုလျက်၊ ကျိုင်းပေါက်အုပ်သဖွယ်၊ မြင်းတပ်ကိုချီတက်ကြစေ။ 28 မေဒိဘုရင်မှစ၍ မြို့ဝန်မြို့စားတို့နှင့်တကွ၊ တိုင်းနိုင်ငံတဝှမ်းလုံးရှိလူမျိုးခြားတို့ကိုစီမံကြလော့။ 29 ဗာဗုလုန်မြို့ကို၊ နေသူမဲ့ဆိတ်ညံရာဖြစ်စေရန်၊ ထာဝရဘုရား၏ပြဋ္ဌာန်းချက်တည်သောကြောင့်၊ ထိုပြည်သည်တုန်လှုပ်နာကျင်လျက်ရှိ၏။ 30 ဗာဗုလုန်သူရဲကောင်းတို့သည်၊ ခံတပ်များတွင်နေလျက်၊ ဆက်လက်မတိုက်ဝံ့ချေ။ အားလျော့၍မိန်းမသူရဲဘောရှိကြလေစွ။ တိုက်အိမ်များမီးလောင်လျက်၊ မင်းထုပ်များကျိုးပြတ်လျက်ရှိ၏။ 31-32 အရပ်ရပ်၌မြို့တော်ကိုသိမ်းယူခြင်း၊ ကူးတို့ဆိပ်များကိုရခြင်း၊ ကျုံးပတ်လည်မီးလောင်ခြင်း၊ စစ်သူရဲတို့ကြောက်လန့်ခြင်းသတင်းကို၊ ဗာဗုလုန်ဘုရင်အားတင်လျှောက်ရန်၊ ခြေလျင်နှင့်တမန်အဆင့်ဆင့်တို့အသော့သွား၍တွေ့ဆုံကြ၏။
33 အသို့ဆိုသော်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ သတို့သမီးဗာဗုလုန်သည်၊ နင်းသိပ်ဆဲတလင်းသဖွယ်ဖြစ်၍၊ ရုတ်ကနဲရိတ် သိမ်းချိန်ရောက်တော့မည်ဟုမိန့်တော်မူ၏။ 34 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ ငါတို့အားကိုက်စားခြင်း၊ အောင်မြင်ခြင်း၊ အိုးလွတ်သဖွယ်ထားခြင်း၊ နဂါးဘာဝမျိုစားခြင်း၊ မောင်းနှင်၍ငါတို့မြိန်ရှက်ရာများနှင့် ဝမ်းဖြည့်ခြင်းများကိုပြုရက်လေစွ၊ ဟူ၍လည်းေကာင်း၊ ငါ့ခန္ဓာ၌ပြုခဲ့သောအဓ္ဓမမှုသည်၊ 35 ဗာဗုလုန်မြို့ပေါ်သို့သင့်ရောက်ပါလေစေဟူ၍လည်းေကာင်း၊ ငါ့အသွေးသည်၊ ခါလဒဲပြည်သားတို့အပေါ်သို့သင့်ရောက်ပါလေစေဟူ၍လည်းေကာင်း၊ ဇိအုန်၊ ယေရုရှလင်မြို့ဆိုကြပါစေသော။ 36 သို့နှင့်အညီ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်သင့်ဘက်၌ချေပခြင်း၊ လက်စားချေခြင်းကိုပြုသည့်အလျောက်၊ ဗာဗုလုန်မြို့ဆိုင်ရာအိုင်၊ ကန်များကိုခန်းခြောက်စေသဖြင့်၊ 37 ထိုမြို့သည် ခွေးအတို့အောင်းရာအမှိုက်ပုံ၊ နေသူမဲ့ပြက်ရယ်ပြုရာအံ့ဖွယ်သူရဲဖြစ်လိမ့်မည်။ 38 ခြင်္သေ့ပျိုသဖွယ်ဟောက်ခြင်း၊ ခြင်္သေ့သားငယ်သဖွယ်ဟိန်းခြင်း၊ အတူတကွပြုသော ထိုသူတို့သည်၊ 39 စိတ်မာန်တက်သည့်ကာလ၌၊ ပျော်ရွှင်ပြီးမှ၊ မနိုးရသည့်တိုင်အောင်၊ အစဉ်အိပ်ကြစေခြင်းငှာ၊ စားသောက်ပွဲကိုငါကျင်းပ၍မူးယစ်စေမည်ဟု ငါထာဝရဘုရားမိန့်ဆို၏။ 40 သိုးသားငယ်များကဲ့သို့လည်းေကာင်း၊ သိုးထီးဆိတ်ထီးများကဲ့သို့လည်းေကာင်း၊ လုပ်ကြံသုတ်သင်ခြင်းကိုခံစေမည်။ 41 မြေတစ်ပြင်လုံး၏ချီးမွမ်းဖွယ်ရာ 51.41 ပါဠိၒ ၒ- ေရှရှက်။ဗာဗုလုန်မြို့သည် သိမ်းယူခံရသဖြင့်၊ လူမျိုးခြားတို့တွင် အံ့ဖွယ်သရဲဖြစ်ပြီတကား။ 42 ဗာဗုလုန်မြို့ပေါ်သို့ သမုဒ္ဒရာဆန်တက်၍၊ ဟုန်းသောလှိုင်းတံပိုးလွှမ်းမိုးလေပြီ။ 43 မြို့ရွာများသည်၊ ဆိတ်ညံရာလွင်ပြင်၊ သွေ့ခြောက်ရာပြည်ဖြစ်လျက်၊ နေထိုင်သူလူသတ္တဝါ၊ ဖြတ်သွားသူ့လူ့သားရှိတော့မည်မဟုတ်။ 44 ဗာဗုလုန်မြို့ရှိဗေလဘုရားကိုလည်း၊ ငါဒဏ်ခတ်၍၊ မျိုစားပြီးသောအရာကိုအန်ထုတ်စေသဖြင့်၊ လူမျိုးခြားတို့ဆည်းကပ်ကြတော့မည်မဟုတ်။ ဗာဗုလုန်မြို့ရိုးလည်း ပြိုလဲလေစွဟုမိန့်တော်မူ၏။
45 အိုလူမျိုးတော်၊ ထိုမြို့ကထွက်သွားလျက်၊ ငါထာဝရဘုရား၏အမျက်တော်အရှိန်မှလွတ်မြောက်ကြလော့။ 46 မင်းတစ်ပါးနှင့်တစ်ပါးတိုက်ခိုက်ခြင်း၊ နေပြည်အတွင်းအဓ္ဓမပြုခြင်းသတင်းကို၊ တစ်နှစ်နောက်တစ်နှစ်ကြားရသော်လည်း၊ စိတ်ပျက်ကြောက်ရွံ့ခြင်းကင်းလျက်နေကြလော့။ 47 ဗာဗုလုန်မြို့ရှိရုပ်ပွားဆင်းတုများအပေါ်သို့၊ ငါဒဏ်ခတ်သဖြင့်၊ ပြည်လုံးကျွတ်အရှက်ကွဲ၍၊ လုပ်ကြံခံရသူအပေါင်းတို့သည်၊ ပြည်အတွင်းကျဆုံးကြရသည့်အတွက်၊ 48 မိုးမြေသည်၊ ရှိရှိသမျှပါ၊ ကျူးဧသောနေ့ရက်ကာလရောက်တော့မည်။ မြောက်ပိုင်းမှလုယက်သူတို့ရောက်ကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 49 လုပ်ကြံခံရသော၊ အိုဣသရေလအမျိုးသားတို့၊ ဗာဗုလုန်မြို့ကြောင့်၊ မြေတစ်ပြင်လုံး၌လုပ်ကြံခံရသူအပေါင်းတို့ပြိုလဲကြသည့်အတွက်၊ ဗာဗုလုန်မြို့လည်းပြိုလဲရလတ္တံ့။ 50 အိုဓားဘေးလွတ်ခဲ့သူတို့၊ မရပ်မဆိုင်းထွက်သွားကြလော့။ အဝေးကပင်ထာဝရဘုရားကိုသတိရလျက်၊ ယေရုရှလင်မြို့ကိုနှလုံးသွင်းကြလော့။ 51 ကဲ့ရဲ့ခြင်းစကားကိုကြားရသည့်အတွက်ငါတို့အရှက်ရကြ၏။ ဗိမာန်တော်၏သန့်ရှင်းရာဌာနများအတွင်းသို့၊ လူစိမ်းဝင်ရောက်သောကြောင့်၊ ရှက်၍မျက်နှာဝှက်ရကြလေစွ။ 52 သို့ဖြစ်၍ထာဝရဘုရားက၊ ထိုမြို့ရှိရုပ်ပွားဆင်းတုများအပေါ်သို့ငါဒဏ်ခတ်သဖြင့်၊ ပြည်လုံးအတွင်းလုပ်ကြံခံရသူတို့ညည်းတွားကြရသောနေ့ရက်ကာလရောက်တော့မည်။ 53 ဗာဗုလုန်မြို့သည် ကောင်းကင်ထိတက်၍၊ လုံခြုံရာကုန်းထိပ်ကိုခံတပ်သဖွယ်ဖြစ်စေသော်လည်း၊ ငါ့ထံမှ၊ လုယက်သူတို့ဖောက်ဝင်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ 54 ဗာဗုလုန်မြို့မှအော်သံ၊ ခါလဒဲပြည်မှဖျက်ဆီးပယ်ရှားသံကိုကြားရသည်တကား။ 55 ထာဝရဘုရားသည် ဗာဗုလုန်မြို့ကိုလုယက်လျက်၊ မြို့အသံဗလံကို ဆိတ်စေတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးသဖွယ် ဟုန်းသံ၊ အောင်သံလွှင့်လျက်၊ လုယက်သူတို့ သည်၊ 56 ဗာဗုလုန်မြို့တွင်းသို့ဖောက်ဝင်သဖြင့်၊ သူရဲကောင်းတို့ကိုသုံ့ပန်းခြင်း၊ လေးများချိုးဖြတ်ခြင်းများကို ပြုကြလေပြီ။ ထာဝရဘုရားသည်၊ လက်စား ချေသောဘုရားဖြစ်သည့်အတိုင်၊ မုချဆပ်ပေးတော်မူမည်။ 57 ထိုပြည်ရှိမှူးမတ်၊ သုခမိန်၊ မြို့ဝန်၊ မြို့စားတို့နှင့်သူရဲကောင်းတို့ကို၊ ငါမူးယစ်စေသဖြင့်၊ မနိုးရဘဲအစဉ်အိပ်ရကြလိမ့်မည်ဟူ၍၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟုနာမတော် ရှိသောဘုရင်မင်းမြတ်မိန့်တော်မူ၏။ 58 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကလည်း၊ ထူသောဗာဗုလုန်မြို့ရိုးများသည်၊ သုတ်သင်ပယ်ရှားခြင်း၊ မြင့်သောတံခါးများလည်း၊ မီးဖြင့်ကျွမ်းလောင်ခြင်းခံရမည်။ သို့နှင့် အညီ၊ လူမျိုးများသည်၊ အချည်းနှီးအတွက်လည်းေကာင်း၊ လူစုတို့သည်၊ မီးလောင်စာအတွက်လည်းေကာင်း၊ ပင်ပန်းစွာလုပ်ကိုင်တတ်ကြသည်တကားဟူ၍တည်း။
59 ယုဒဘုရင်ဇေဒကိမင်းနန်းစံလေးနှစ်တွင်၊ မာသေယမြေး၊ နေရိသားဖြစ်သူ၊ ဗာဗုလုန်မြို့သို့ထိုမင်းနှင့်လိုက်ပါသော၊ စခန်းဝန်စရာယအားပရောဖက်ယေရမိသည်၊ ဗာဗုလုန်မြို့ကိုရည်လျက်၊ 60 အထက်ရေးထားသည့်၊ ထိုမြို့ပေါ်သို့သင့်ရောက်အံ့သောဘေးအလုံးစုံကို၊ ကျမ်းဂန်ရေးသားပြီးလျှင်၊ 61 မှာထားသည်မှာ၊ ဗာဗုလုန်မြို့သို့သင်ရောက်သောအခါ၊ ဤအချက်ချက်ကိုသတိနှင့်ဖတ်ရွတ်ပြီးနောက်၊ 62 အိုထာဝရဘုရား၊ ဤမြို့ကိုရည်လျက်၊ နေထိုင်သောလူသူတိရစ္ဆာန်မဲ့ဆိတ်ညံရာဖြစ်စေခြင်းငှာ၊ ပယ်ရှားမည်ဟုမိန့်တော်မူပါပြီဟူ၍လျှောက်ထားလော့။ 63 ဤကျမ်းဂန်ကိုအဆုံးတိုင်ဖတ်ပြီးမှ၊ ကျောက်နှင့်ထုပ်လျက်၊ ဥဖရတ်မြစ်ထဲသို့ပစ်ချ၍၊ 64 သင်က၊ ဗာဗုလုန်မြို့သည်၊ ငါသင့်ရောက်စေသောဘေးအတွက်၊ မောဟိုက်လျက်၊ နောင်မပေါ်ရဘဲ၊ ထိုနည်းတူနစ်မြုပ်လိမ့်မည့်အကြောင်း၊ ဆင့်ဆိုလော့ဟုမှာလိုက်သတည်း။ ယေရမိပြန်ကြားချက်ပြီး၏။