49
အမ္မုန်အမျိုးသားတို့အကြောင်း၊ ဣသရေလ၌သားမရှိလော။ အမွေခံမရှိလော။ ရှိလျှင်၊ မိလကုံဘုရားသည် ဂဒ်နယ်ကိုပိုင်ခွင့်၊ တပည့်သားတို့လည်း ဂဒ်မြို့ရွာများ၌နေထိုင်ခွင့်ရကြသည်မှာ၊ အသို့နည်းဟု၊ ထာဝရဘုရားမေးတော်မူ၏။ သို့ဖြစ်၍၊ အမ္မုန်ပြည်ရဗ္ဗာမြို့တော်၌၊ စစ်ရေးသံကိုငါကြားစေသဖြင့်၊ မြို့တော်သည်ဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်ခြင်း၊ ဇနပုဒ်များလည်းမီးကျွမ်းလောင်ခြင်းကိုခံရသည့်အလျောက်၊ ဣသရေလလူမျိုးကိုပိုင်ခဲ့သူတို့သည်၊ ထိုလူမျိုးထံပိုင်ခြင်းကိုခံရသောနေ့ရက်ကာလရောက်တော့မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အိုဟေရှဘုန်မြို့သားတို့၊ အာဣမြို့ပျက်စီးသည့်အတွက်၊ အော်ကြလော့။ အိုရဗ္ဗာမြို့သူတို့၊ မိလကုံဘုရားသည်၊ ဆိုင်ရာပရောဟိတ်နှင့်လူကြီးတို့ပါ၊ တစ်ပြိုင်နက်သုံ့ပန်းသိမ်းသွားခံရသည့်အတွက်၊ လျှော်တေဝတ်၍စည်းရိုးများအတွင်း၊ လူးလာအော်ဟစ်မြည်တမ်းကြလော့။ ကိုယ့်စီးပွား၌ စိတ်ချလျက်၊ ငါ့ထံမည်သူချဉ်းဝံ့မည်နည်းဟုအောက်မေ့သူ၊ အိုဖောက်ပြန်သောသတို့သမီး၊ ပြန့်ပြောသောကိုယ့်ချိုင့်များကိုထောက်၍၊ အဘယ့်ကြောင့် ဝါကြွားသနည်း။ ပတ်ဝန်းကျင်ရှိသမျှသောလူမျိုးတို့ကြောင့်၊ ကြောက်ရွံ့သောသဘောကိုငါရောက်စေသဖြင့်၊ လွင့်ပျောက်သူ့ကိုစုသိမ်းခြင်းကင်းလျက်၊ လူဟူသမျှသည်၊ ရှေ့ရှုနှင်ထုတ်ခံရကြလတ္တံ့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူ၏။ သို့ရာတွင်၊ သုံ့ပန်းခံရသောအမ္မုန်အမျိုးသားတို့ကို၊ နောင်ငါပြန်ပို့မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဧဒုံပြည်အကြောင်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ တေမန်နယ်တွင်ဉာဏ်ပညာဆုံးပါးပြီလော။ ဉာဏ်ပဋိဘာန်ရှိသူတို့၌၊ အကြံအစည်ပညာပျက်၍ ဉာဏ်ပညာကွယ်ပြီလော။ အိုဒေဒန်နယ်သားတို့၊ ငါဒဏ်ခတ်ရာကာလနှင့်သင့်အံ့သောဘေးကို၊ ဧသော့အဆက်အနွယ်၌ရောက်စေမည်ဖြစ်၍၊ ဆုတ်သွားထွက်ပြေးလျက်၊ နက်ရှိုင်းစွာအောင်း နေကြလော့။ အသို့ဆိုသော်၊ စပျစ်သီးဆွတ်သူတို့ရောက်လျှင်၊ ကောက်သင်းကောက်ရန်မျှမချန်သည့်နည်းတူလည်းေကာင်း၊ ခိုးသူတို့ညဉ့်အခါလာလျှင်၊ အလိုရှိသလောက်ဖျက်ဆီးမည့်နည်းတူလည်းေကာင်း၊ 10 ဧသော့အမျိုးသားတို့ကို ပုန်းရှောင်၍မရသည့်တိုင်အောင်ဟင်းလင်းဖွင့်လျက်၊ ကွယ်ဝှက်ရာ များကိုပင်ငါပြသဖြင့်၊ အဆက်အနွယ်၊ အဆွေအမျိုး၊ အပေါင်းအဖော်တို့ပါ၊ တိမ်ကောကွယ်ပကြလိမ့်မည်။ 11 ဖသက်ဆိုးတို့ကိုကား၊ ငါ့ထံအပ်လော့။ ငါမွေးမြူမည်။ မုဆိုးမတို့လည်း၊ ငါ၌အားထားကြစေဟုမိန့်တော်မူ၏။
12-13 အသို့ဆိုသော်၊ ဗောဇရမြို့သည်ကဲ့ရဲ့ရာ၊ ဆိတ်ညံရာ၊ ကျိန်ဆဲရာ၊ အံ့ဖွယ်သရဲဖြစ်လျက်၊ ဆိုင်သမျှမြို့ရွာများပါအစဉ်မြို့ဆိုးကုန်းဖြစ်မည်ဟု၊ ကိုယ်တိုင်တော်ကိုတိုင်တည်၍၊ ငါထာဝရဘုရားသစ္စာမူခဲ့သည်နှင့်အညီ၊ ဖလားတော်ကိုတိုက်ဒဏ်မခံသောသူတို့သည်၊ မုချသောက်ကြရမည်ဖြစ်လျက်၊ သင်ဒဏ်လွတ်မည်လော။ ဒဏ်မလွတ်ဘဲမုချသောက်ရမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 14 လူမျိုးခြားတို့အား၊ ရာဇသံစေလွှတ်တော်မူသည့်အလျောက်၊ ထိုလူမျိုးကိုတိုက်ခိုက်ရန်၊ ထ၍စုရုံးချီတက်ကြလော့ဟူသောသတင်းကို၊ ထာဝရဘုရားအထံတော်မှငါကြားရ၏။ 15 သင့်ကိုလူမျိုးခြားတို့တွင်သိမ်ဖျင်းရာ၊ လူသတ္တဝါတို့တွင်မထီမဲ့မြင်ပြုရာ၊ ငါဖြစ်စေမည်။ 16 သင်၌အံ့အားသင့်လေစွတကား။ ကျောက်တောင်ရှိ၊ ခိုလှုံရာများတွင်အောင်းလျက်၊ ကုန်းထိပ်ပေါ်၌တပ်စွဲသောအိုလူမျိုး၊ သင်စိတ်နေမြင့်၍လှည့်စားခံလေပြီ။ လင်းယုန်ကဲ့သို့မြင့်ရာတွင် သိုက်မြုံလုပ်သော်လည်း။ ထိုအရပ်မှပင်ငါချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 17 ဖြတ်သွားသူတိုင်း၊ ဒဏ်ချက်များကိုထောက်၍၊ အံ့အားသင့်လျက်ပြက်ရယ်ပြုရသည့်တိုင်အောင်၊ ဧဒုံပြည်သည် အံ့ဖွယ်သရဲဖြစ်လိမ့်တကား။ 18 ဖြိုလှဲတော်မူခဲ့သောသောဒုံ၊ ဂေါမောရမှစ၍၊ နီးစပ်သောမြို့ရွာများနည်းတူ၊ ထိုပြည်တွင်နေထိုင်သူလူသတ္တဝါ၊ တည်းခိုသူလူ့သားရှိတော့မည်မဟုတ်။ 19 မင်းတစ်ပါးသည်ယော်ဒန်ပိတ်ပေါင်းမှ၊ ခြင်္သေ့သဖွယ်၊ တည်မြဲသောနေရာသို့ချီတက်၍၊ ပြည်သားတို့ကိုရုတ်ခြင်းငါပြေးစေသဖြင့်၊ ရွေးချယ်သူ့ကို၊ ထိုပြည်ပေါ်တွင်ငါ ခန့်ထားမည်။ ငါနှင့်တူသောသူ၊ ငါ့အားချိန်းချက်ဝံ့သူ၊ ရှေ့တော်တွင်ခံရပ်နိုင်သော 49.19 ပါဠိၒ ၒ- အထိန်းအေကြာင်းမင်းကား၊ မည်သူနည်းဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 20-22 သိုးသားငယ်သဖွယ်ဖြစ်သော ထိုလူမျိုးကို ရန်သူတို့ဆွဲငင်သဖြင့်၊ နေရာအရပ်ကို၊ အံ့ဖွယ်သရဲမုချဖြစ်စေမည်။ ထိုလူမျိုးပြိုပျက်သံကြောင့်၊ မြေပထဝီလှုပ်ရှားလျက်၊ ပင်လယ်နီတိုင်အော်ဟစ်သံကိုကြားရ၏။ ရန်သူသည်၊ လင်းယုန်သဖွယ်အတောင်ဖြန့်လျက်၊ ဗောဇရမြို့ပေါ်သို့ပျံတက်သုတ်လာလတ္တံ့သောကြောင့်၊ ဧဒုံသူရဲကောင်းတို့စိတ်သည် မီးဖွားခြင်းဝေဒနာခံစားသောမိန်းမစိတ်ကဲ့သို့၊ ထိုနေ့ရက်ဖြစ်လိမ့်မည်ဟု၊ ဧဒုံပြည်နှင့် တေမန်နယ်သားတို့အပေါ်တွင်၊ ထာဝရဘုရားကြံစည်ပြဋ္ဌာန်းတော်မူချက်ကိုနာခံကြလော့။
23 ဒမာသက်နိုင်ငံအကြောင်း၊ ဟာမတ်နှင့်အာပဒ်မြို့များသည်၊ မကောင်းသတင်းကြားရသဖြင့်၊ အရှက်ကွဲ၍ပျက်ပြားကြပြီ။ သမုဒ္ဒရာဝေလျက်မငြိမ်းနိုင်။ 24 ဒမာသက်မြို့သည် အားလျော့လျက်၊ ထွက်ပြေးရန်တုန်လှုပ်ကျောခိုင်းပြီ။ မီးဖွားသောမိန်းမကဲ့သို့ဝေဒနာခံစား၍ဒုက္ခရောက်ပြီ။ 25 အသရေရှိသောမြို့၊ ငါရွှင်လန်းရာမြို့တော်ကိုစွန့်ရပြီမဟုတ်ပါလောဟုဆိုသည်နှင့်အညီ၊ 26 လက်ရွေးသူတို့သည်၊ လမ်းဆုံများ၌ ကျဆုံးခြင်း၊ စစ်သူရဲအပေါင်းတို့လည်း၊ ပယ်ရှားခြင်းကို၊ 27 ထိုနေ့ရက်ခံကြရမည့်ပြင်၊ ဗင်္ဟာဒဒ်မင်း၏နန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ ဒမာသက်မြို့ရိုးတွင်းငါမွေးမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
28 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းလုပ်ကြံသော၊ ကေဒါလူမျိုးနှင့်ဟာဇော်နိုင်ငံများအကြောင်း၊ ထာဝရဘုရားက၊ ကေဒါလူမျိုးရှိရာသို့ထ၍ ချီတက်ပြီးလျှင်၊ အရှေ့ပြည်သားတို့လုယက်ကြလော့။ 29 အဘက်ဘက်က ကြောက်လန့်ဖွယ်ဖြစ်သည်တကားဟုဟစ်ကြရာ၊ ချင်းတို့၏ တဲရှင်၊ သိုး၊ ဆိတ်၊ တင်းတိမ်ရံအသုံးအဆောင်၊ ကုလားအုပ်များကို၊ ရန်သူတို့လုယူသိမ်းသွားကြလိမ့်မည်။ 30 အိုဟာဇော်ပြည်သားတို့၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ သင်တို့အပေါ်တွင် တိုင်ပင်ကြံစည်ပြီးဖြစ်သောကြောင့်၊ ဝေးကွာစွာထွက်ပြေးလျက်၊ နက်ရှိုင်းစွာအောင်းကြလော့ဟုမိန့်တော်မူ၏။ 31 မြို့တံခါးမင်းထုပ်မရှိဘဲ၊ အသီးအခြားစိတ်ချမ်းသာစွာနေလေ့ရှိသော၊ ထိုလူမျိုးထံထ၍ချီတက်ကြလော့ဟု၊ ထာဝရဘုရားတိုက်တွန်းတော်မူ၏။ 32 ချင်းတို့၏မြောက်မြားသော နွား၊ သိုး၊ ဆိတ်နှင့် ကုလားအုပ်တို့သည်၊ လက်ရသိမ်းယူရာဖြစ်လျက်၊ နဖူးထိပ်ဆံရိတ်သောထိုလူမျိုးအပေါ်တွင်၊ ဘေးဥပဒ်ကိုအဘက်ဘက်က ငါသင့်စေသဖြင့်၊ လေးမျက်နှာသို့ကွဲလွင့်စေမည့်အလျောက်၊ 33 ဟာဇော်ပြည်သည်၊ ခွေးအတို့အောင်းရာ၊ နေထိုင်သူလူသတ္တဝါ၊ တည်းခိုသူလူ့သားတို့မဲ့သောအစဉ်ဆိတ်ညံရာဖြစ်လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
34 ယုဒဘုရင်ဇေဒကိမင်းနန်းစံစကာလ၊ ဧလံလူမျိုးကိုရည်လျက်၊ ပရောဖက်ယေရမိသို့ရောက်လာသောထာဝဘုရား၏ဗျာဒိတ်တော်ကား၊ 35 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ဧလံလူမျိုး၏ခွန်အားအထွဋ်ဖြစ်သောလေးကိုငါချိုးဖြတ်လျက်၊ 36 ကောင်းကင်လေးမျက်နှာမှလေပြင်းများကိုငါတိုက်စေသဖြင့်၊ အရပ်လေးမျက်နှာသို့ကွဲလွင့်စေမည့်အလျောက်၊ နှင်ထုတ်ခံရသော ဧလံပြည်သားတို့မရောက်မနေသောလူမျိုးတစ်မျိုးမျှမရှိချေ။ 37 အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့ရှေ့၊ ဧလံလူမျိုးကိုဖြိုဖျက်မည့်ပြင်၊ ကုန်ခန်းသည့်တိုင်အောင် အမျက်တော်ရှိန်တည်းဟူသောဘေးဥပဒ်နှင့်ဓားဘေးကို၊ ငါသင့်စေပြီးလျှင်၊ 38 ဧလံပြည်၌ ငါ့တရားပလ္လင်ကိုတည်၍၊ ဘုရင်မင်းနှင့်မှူးမတ်တို့ပါပယ်ရှားမည်ဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 39 သို့ရာတွင်၊ သုံ့ပန်းခံရသောဧလံလူမျိုးကို၊ နောင်ကာလ၌ပြန်ပို့မည်ဟု၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။