32
ယုဒဘုရင်ဇေဒကိမင်းနန်းစံဆယ်နှစ်၊ နေဗုခဒ်နေဇာမင်းနန်းစံဆယ့်ရှစ်နှစ်တွင်၊ ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကို ရေးဦးအံ့။ ထိုကာလ၊ ယေရုရှလင်မြို့ကို၊ ဗာဗုလုန်ဘုရင်၏အလုံးအရင်းဝန်းဝိုင်းရာ၊ ပရောဖက်ယေရမိသည်၊ ယုဒဘုရင်၏နန်းတော်ရှိနှောင်အိမ်မြို့ရိုးငယ့်အတွင်း၊ အချုပ်ခံလျက်နေရ၏။ အဘယ့်ကြောင့် အချုပ်ခံရသနည်းဟူမူကား၊ ယုဒဘုရင်ဇေဒကိမင်းက၊ ဤမြို့ကိုဗာဗုလုန်ဘုရင့်လက်တွင်းသို့၊ အပ်နှင်း၍သိမ်းယူစေသဖြင့်၊ ယုဒဘုရင်ဇေဒကိမင်းသည်၊ ခါလဒဲတပ်သားတို့လက်မှ မလွတ်မမြောက်ရဘဲ၊ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့မုချရောက်၍၊ မျက်မှောက်ထင်ထင်ရှုမြင်ပြောဆိုပြီးလျှင်၊ ဗာဗုလုန်မြို့သို့ အပို့ခံရသည့်အတိုင်း၊ ငါမကြွမလာမချင်း၊ ထိုမြို့တွင် နေရမည်ဟူ၍လည်း‌ေကာင်း၊ ခါလဒဲတပ်သားတို့ကိုဆိုင်ပြိုင်သော်လည်း၊ အထမမြောက်ဟူ၍လည်း‌ေကာင်း၊ ထာဝရ ဘုရားမိန့်တော်မူကြောင်းဟောပြောသည်မှာ၊ အသို့နည်းဟုမိန့်ဆိုလျက်၊ ချုပ်ထားသတည်း။
6-7 ယေရမိပြန်ကြားသည်မှာ၊ သင့်ဘထွေးရှလ္လုံ၏သားဟာနမေလသည်၊ အာနသုတ်ခရိုင်ရှိကျွန်ုပ်မြေကွက်ကို၊ ရွေးထိုက်၊ ဝယ်ထိုက်ခွင့်ရှိသည့်အလျောက်၊ ဝယ်ပါဟု ရောက်လာတောင်းဆိုမည်ဟူသောထာဝရဘုရား၏ ဗျာဒိတ်တော်ကိုငါခံရသည့်အတိုင်း ဘထွေး၏သားဟာနမေလသည်၊ ဗင်္ယာမိန်နယ်၊ အာနသုတ်ခရိုင်ရှိကျွန်ုပ်မြေကွက်ကို အမွေစားထိုက်၊ ရွေးပိုင်ထိုက်ရှိသည်နှင့်အညီ၊ ဝယ်ပါဟု၊ နှောင်အိမ်မြို့ရိုးငယ့်အတွင်းငါရှိရာသို့ ရောက်လာ၍တောင်းဆိုသည့်အတွက်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်ကြောင်း ငါသိသဖြင့်၊ အာနသုတ်ခရိုင်ရှိထိုမြေကွက်ကို၊ ဘထွေး၏သား ဟာနမေလထံမှ၀ယ်၍၊ ငွေတစ်ဆယ့်ခုနစ်ကျပ်ကိုချိန်ခြင်း၊ စာချုပ်ခြင်း၊ 10 တံဆိပ်ခတ်ပိတ်ခြင်းများကိုပြုလျက်၊ ငါခေါ်သောသက်သေတို့ရှေ့၊ ချိန်တွယ်ချေေပးပြီးလျှင်၊ 11 လွှဲအပ်ချက်၊ စည်းကမ်းသတ်ချက်ပါသော၊ တံဆိပ်ခတ်ပိတ်ပြီးစာချုပ်နှင့်၊ မခတ်မပိတ်သောစာချုပ်ကို လက်ခံ၍၊ 12 နှောင်အိမ်မြို့ရိုးငယ့်အတွင်းရှိယုဒလူမျိုးတို့ရှေ့၊ ဘထွေး၏သားဟာနမေလနှင့် စာချုပ်သူသက်သေတို့မျက်မှောက်၌ မာသေယမြေး၊ နေရိသားဗာရုတ်သို့အပ်ပေးပြီးနောက်၊ 13-15 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ဤပြည်တွင်အိမ်၊ မြေ၊ ခြံများကိုရောင်းဝယ်လေ့ရှိဦးမည်ဖြစ်သောကြောင့်၊ တံဆိတ်ခတ်ပိတ်ပြီး စာချုပ်၊ မခတ်မပိတ်သောစာချုပ်၊ ဤနှစ်စောင်ကိုယူ၍ ကြာမြင့်စွာခံအောင် မြေအိုးတွင်သိုထားလော့ဟုမိန့်တော်မူကြောင်း ထိုသူတို့ရှေ့ဗာရုတ်အားငါမှာလိုက်၏။
16 နေရိသားဗာရုတ်သို့၊ ထိုစာချုပ်ကိုအပ်ပေးပြီးနောက်၊ ထာဝရဘုရားထံတောင်းလျှောက်သောငါက၊ မဟာတန်ခိုးတော်၊ 17 ဆန့်တန်းသောလက်ရုံးတော်အားဖြင့်၊ မိုးမြေကိုဖန်ဆင်း၍၊ အလုံးစုံကို တတ်နိုင်တော်မူထသော၊ 18 အထောင်အသောင်းသောသူတို့အပေါ်တွင် ကရုဏာသက်၍၊ ဘိုးဘေးတို့၏ပြစ်မှုကို သားစဉ်မြေးဆက်တို့ရင်ခွင်၌ အပ်ပေးတော်မူထသော၊ တန်ခိုးကြီးသောမဟာဘုရားဖြစ်လျက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူထသော၊ 19 မဟာအကြံတော်၊ လွန်ကဲသောအမှုနှင့်ပြည့်စုံတော်မူထသော၊ လူ့သားတို့၏အလေ့အလာများကို မျက်မှောက်ပြု၍၊ အသီးအသီးတို့အားအလေ့အလာအပြုအမူအလျောက်၊ အကျိုးဆက်ကိုပေးတော်မူထသော၊ 20 အိဂျစ်ပြည်၌လည်း‌ေကာင်း၊ ဣသရေလလူမျိုးနှင့် အခြားသောလူမျိုး၌လည်း‌ေကာင်း၊ ယခုတိုင်အောင်သက်သေနိမိတ်လက္ခဏာများကိုစီရင်သဖြင့်၊ ယခုရှိသောဘွဲ့နာမကိုယူတော်မူထ သော၊ 21 သက်သေနိမိတ်လက္ခဏာပြခြင်း၊ အားကြီးသောလက်ရုံးတော်ဆန့်တန်းခြင်း၊ ကြောက်မက်ဖွယ်တန်ခိုးပြခြင်းများဖြင့်၊ ဣသရေလလူမျိုးတော်ကိုအိဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင်၊ 22 ပေးမည်ဟု ဘိုးဘေးတို့အားသစ္စာဆိုခဲ့သည့်အတိုင်း၊ နို့ရည်၊ ပျားရည်လွှမ်းစီးရာဤပြည်ကိုပေးသနားသောအိုအရှင်ထာဝရဘုရား၊ 23 ဝင်ရောက်ပိုင်ယူသော်လည်း၊ ဗျာဒိတ်တော်သံကိုမနာမခံ၊ ပညတ်တရားတော်အတိုင်း မလိုက်မလျှောက်၊ မိန့်မှာတော်မူရာမည်သည်ကိုမျှ မပြုမကျင့်ကြသောကြောင့်၊ ထိုသူတို့အပေါ်သို့ဤဘေးအလုံးစုံကိုသင့်စေတော်မူသည့်အတိုင်း၊ 24 ဤမြို့ကိုသိမ်းယူရန်ကတုတ်ကပ်တည်ကြသည့်အလျောက်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့်၊ တိုက်လျက်နေသောခါလဒဲတပ်သားတို့လက်တွင်းသို့ ရောက်၍၊ ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်သည်ကိုသိမြင်တော်မူပါ၏။ 25 ခါလဒဲတပ်သားတို့လက်တွင်းသို့ မြို့ရောက်လျက်ပင်၊ ကိုယ်တော်က၊ ထိုမြေကွက်ကိုတန်ဖိုးနှင့်ဝယ်၍၊ သက်သေတို့ကိုခေါ်လော့ဟု မိန့်တော်မူပါပြီ။ အိုအရှင်ထာဝရ ဘုရားဟူသော တောင်းလျှောက်ချက်ကို ပြန်ကြား၏။
26 ထိုကာလ၊ ယေရမိသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ 27 ငါသည် ထာဝရဘုရား၊ လူသတ္တဝါအပေါင်းတို့၏ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သောအမှုတစ်စုံတစ်ရာရှိသလော။ 28 သို့နှင့်အညီငါထာဝရဘုရားက၊ ဤမြို့ကို ခါလဒဲတပ်သားတို့နှင့် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ့လက်တွင်းသို့၊ ငါအပ်နှင်း၍သိမ်းယူစေသဖြင့်၊ 29 တိုက်လျက်နေသောခါလဒဲတပ်သားတို့ဝင်ရောက်ပြီးလျှင်၊ ဗာလနတ်အားမီးဖြင့်ပူဇော်ခြင်း၊ အခြားဘုရားများအား သွန်းလောင်းရာသက္ကာတင်သခြင်းများကို၊ အမျက်တော်တိုက်အောင် အမိုးပျဉ်တွင်ပြုကြရာ တိုက်အိမ်များမှစ၍ တစ်မြို့လုံးကို၊ မီးရှို့ကျွမ်းလောင်စေကြမည်။ 30 အသို့ဆိုသော်၊ ဣသရေလနှင့်ယုဒအမျိုးသားတို့သည် ငယ်ရွယ်စဉ်ကစ၍၊ မျက်မှောက်တော်တွင် အဆိုးကိုသာပြုလေ့ရှိကြ၏။ ဣသရေလအမျိုးသားတို့သည်၊ ကိုယ့်လက်ဖြစ်ဘုရားများဖြင့်၊ အမျက်တော်တိုက်ရန်သာပြုကြလေပြီ။ 31-32 ဣသရေလ၊ ယုဒအမျိုးသားတို့နှင့်တကွ၊ ဘုရင်များ၊ မှူးမတ်များ၊ ပရောဟိတ်များ၊ ပရောဖက်များ၊ ယေရုရှလင်မြို့သူယုဒပြည်သားများပါ၊ အမျက်တော်တိုက်အောင်ပြုတတ်သောဆိုးသွမ်းမှုကြောင့်၊ မျက်မှောက်တော်မှ ငါပယ်ရှားရစေခြင်းငှာ၊ တည်ထောင်သည့်နေ့ကစ၍ ယခုတိုင်အောင်၊ ဤမြို့သည် ငါ၏ဒေါသအမျက်တိုက်ရာတိုက်ကြောင်းဖြစ်ရှာလေပြီ။ 33 ငါဝိရိယစိုက်လျက် သွန်သင်ပဲ့ပြင်သော်လည်း၊ ထိုသူတို့သည် အဆုံးအမကိုမနာမယူ၊ နားမထောင်ဘဲ၊ ငါ့မျက်နှာလွှဲ၍ ကျောခိုင်းခြင်း၊ 34 ငါ့နာမဖြင့် သမုတ်ခံသော ဗိမာန်တော်ကိုညစ်ညူးစေလျက်၊ စက်ဆုပ်ဖွယ်ကိုယ့်ဘုရားများကို သွင်းထားခြင်းပြုကြသည့်ပြင်၊ ရွံရှာဖွယ်ဤအမှုကို ပြုကြမည်ဟု၊ 35 ငါမမိန့်မမှာ၊ နှလုံးမသွင်းဘဲ၊ သားသမီးများကို မောလုပ်နတ်အားဆက်ကပ်ရကြအံ့သောငှာ၊ ဟိန္နုံချိုင့်၌ ဗာလနတ်၏ မြင့်ရာဌာနများကိုတည်လုပ်လျက်၊ ယုဒလူမျိုးကို ပြစ်မှားစေကြပြီဟု၊ ငါထာဝရဘုရားမိန့်ဆို၏။
36 သို့ဖြစ်၍၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့်၊ ဗာဗုလုန်ဘုရင့်လက်တွင်းသို့ရောက်ပြီဟူ၍ဆိုကြသော၊ ဤမြို့ကိုရည်လျက်၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ ငါထာဝရဘုရားက၊ 37 ငါသည် ဒေါသအရှိန်နှင့်မဟာအမျက်တော်ထားသဖြင့်နှင်ထုတ်ခဲ့ရာအပြည်ပြည်မှ၊ ဤပြည်သို့စုသိမ်းပြန်ပို့၍၊ လုံခြုံစွာနေထိုင်စေပြီးလျှင်၊ 38 ထိုသူတို့သည်ငါ့လူမျိုး၊ ငါလည်းသူတို့ဘုရားသခင် ဖြစ်သည့်အလျောက်၊ 39 သူတို့မှစ၍ သားစဉ်မြေးဆက်တိုင်၊ ကောင်းကျိုးအလို့ငှာ၊ ငါ့ကိုအစဉ်ခန့်ညားကြစေရန် နည်းလမ်း၊ စိတ်သဘောတစ်မျိုးတည်းကိုပေးလျက်၊ ရှောင်ထွက်ခြင်းမပြုဘဲ၊ 40 ကျေးဇူးပြုမည့်ထာဝရပဋိညာဉ်ဖွဲ့ခြင်း၊ အထံတော်မှ မဖောက်ပြန်ကြစေရန်၊ ခန့်ညားသောစိတ်သဘောသွင်းခြင်းများကို ပြုသည့်ပြင်၊ 41 ရွှင်လန်းစွာကျေးဇူးပြု၍၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာတော်စောင့်လျက်၊ ဤပြည်တွင် စိုက်ပျိုးမည်ဟုမိန့်ဆို၏။
42 ငါထာဝရဘုရားကလည်း၊ ဤလူမျိုးအပေါ်၌ ကြီးစွာသောဒုက္ခကို၊ ငါရောက်စေခဲ့သည့်နည်းတူ၊ ကတိထားသော သုခဟူသမျှကို ရောက်စေသဖြင့်၊ 43 လူသူတိရစ္ဆာန်မဲ့ဆိတ်ညံရာရောက်ပြီ၊ ခါလဒဲတပ်သားတို့လက်တွင်းသို့ ရောက်ပြီဟူ၍ ဆိုကြသောဤပြည်တွင်ပင်၊ မြေကွက်များကိုရောင်းဝယ်လေ့ရှိဦးမည်။ 44 ဗျာဒိတ်တော်အတိုင်း၊ သုံ့ပန်းခံရသူတို့ကို ငါပြန်စေမည်ဖြစ်သောကြောင့်၊ ဗင်္ယာမိန်နယ်၊ ယေရုရှလင်မြို့ပတ်လည် ဇနပုဒ်၊ ယုဒပြည်မြို့ရွာ၊ခန်တန်း၊ ချိုင့်ဝှမ်းရာ၊ နေဂပ် အရပ်များရှိမြို့ရွာများတွင်၊ မြေကွက်များကိုတန်ဖိုးနှင့်ရောင်းဝယ်၍၊ စာချုပ်ခြင်း၊ တံဆိတ်ခတ်ပိတ်ခြင်း၊ သက်သေခေါ်ခြင်းများကိုပြုကြတော့မည့်အကြောင်း၊ မိန့်ဆိုသည်ဟူ၍တည်း။