5
1 အချင်းသူကြွယ်တို့၊ သင်တို့အပေါ်သို့ရောက်လတ္တံ့သောဆင်းရဲဒုက္ခများကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။
2 သင်တို့ပစ္စည်းများသည် ဖောက်ပြန်ရာ၊ အဝတ်များသည် ပိုးစားရာဖြစ်လေပြီ။
3 သင်တို့ရွှေငွေလည်း အညှိတက်၍ ထိုအညှိသည်သင်တို့တစ်ဘက်၌ သက်သေခံလျက် သင်တို့အသားကို မီးကဲ့သို့စားလိမ့်မည်။ ဤနောက်ဆုံးခေတ်ကာလ၌ ဘဏ္ဍာကိုသိုထားကြပြီတကား။
4 သင်တို့လယ်များကိုရိတ်သူတို့မရသောအခသည် ကြွေးကြော်သည့်အလျောက် ရိတ်သိမ်းသူတို့ဟစ်သံများလည်း ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏နားတော်သို့ ဝင်ရောက်လေပြီတကား။
5 သင်တို့သည် မြေကြီးပေါ်တွင် အစားအေသာက်၊ အပျော်အပါးကြူးလျက် ကွပ်မျက်ခံရာနေ့ရက်တွင်ပင် ချင်ရဲဖြေကြပြီ။
6 သင်တို့ကိုမခုခံသောသူတော်ကောင်းတို့အား အပြစ်စီရင်လျက်ကွပ်မျက်ခဲ့ကြပြီတကား။
7 သို့ဖြစ်၍ညီအစ်ကိုတို့၊ အရှင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်စွာနေကြလော့။ လယ်ယာလုပ်သူသည် မိုးဦးမိုးနှောင်းတိုင်အောင်စိတ်ရှည်လျက် အဖိုးထိုက်သော မြေကွက်ကိုစောင့်ေမျှာ်သည်နည်းတူ၊
8 အရှင်ဘုရား ကြွလာတော်မူချိန်နီးပြီဖြစ်၍ စိတ်ရှည်လျက်မြဲမြံ စေကြလော့။
9 ညီအစ်ကိုတို့၊ သင်တို့သည်စီရင်ဆုံးဖြတ်မခံရစေခြင်းငှါ အချင်းချင်းကို မညည်းညူကြနှင့်။ စီရင်ဆုံးဖြတ်မည့်အရှင်သည် တံခါးဝတွင်ရပ်နေတော်မူပြီတကား။
10 ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော်နှင့်ဆင့်ဆိုခဲ့သော ပရောဖက်တို့ဒုက္ခခံ၍ စိတ်ရှည်ခြင်းပုံစံကိုမှတ်ယူကြလော့။
11 တည်ကြည်စွာနေခဲ့သောထိုသူတို့ကို မင်္ဂလာရှိသူဟုငါတို့ခေါ်ဝေါ်ကြ၏။ ယောဘသည် တည်ကြည်ကြောင်းကိုလည်းေကာင်း၊ အဆုံး၌စီရင်တော်မူသည့်အလျောက် ထာဝရဘုရားသည်မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံတော်မူကြောင်းကိုလည်းေကာင်း သင်တို့ကြားမြင်ဖူးကြပြီ။
12 အထူးဆိုသော် ညီအစ်ကိုတို့၊ မိုးကောင်းကင်ကိုသော်လည်းေကာင်း၊ မြေကြီးကိုသော်လည်းေကာင်း၊ အခြားသောအရာကိုသော်လည်းေကာင်း၊ တိုင်တည်၍မကျိန်ဆိုကြနှင့်။ စီရင်ဆုံးဖြတ်မခံရစေခြင်းငှာ သင်တို့စကားမှာ ဟုတ်လျှင်ဟုတ်သည်၊ မဟုတ်လျှင်မဟုတ် ဖြစ်စေကြလော့။
13 သင်တို့ဘောင်တွင် မည်သူမဆိုဒုက္ခရောက်လျှင် ပဌနာပြုစေ။ သုခရှိလျှင်သီချင်းဆိုစေ။
14 ရောဂါစွဲလျှင် အသင်းတော့်ဥက္ကဋ္ဌတို့ကိုပင့်ခေါ်ပြီးမှ အရှင်ဘုရား၏နာမတော်ကိုအမှီပြုလျက် ဆီလူး၍ပဌနာပြုကြစေ။
15 ယုံကြည်ခြင်းနှင့်ပြည့်စုံသောပဌနာဖြင့် သူနာချမ်းသာရလျက် အရှင်ဘုရားသည်ထစေတော်မူသည့်ပြင် ပြစ်မှားမိခဲ့လျှင်လည်း ဖြေလွှတ်တော်မူလိမ့်မည်။
16 သို့နှင့်အညီ ရောဂါကင်းပျောက်ရန် တစ်ယောက်ကိုတစ်ယောက်အပြစ်ဝန်ချလျက် တစ်ယောက်အဖို့တစ်ယောက်ပဌနာပြုကြလော။ သူတော်ကောင်း၏ အသနားတော်ခံချက်သည် ဒိဋ္ဌဓမ္မအကျိုးများစွာဖြစ်ထွန်းစေတတ်၏။
17 ငါတို့နှင့်ဇာတိတူလူဖြစ်သောဧလိယသည် မိုးမရွာစေခြင်းငှာ ဆုတောင်းပဌနာပြုသည့်အလျောက် မြေကြီးပေါ်မှာ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မိုးမရွာဘဲရှိနေ၏။
18 ပဌနာပြုပြန်သော်မိုးရွာသဖြင့် မြေအသီးအနှံထွက်လေ၏။
19 ညီအစ်ကိုတို့၊ သင်တို့အနက် သမ္မာတရားတော်မှလွဲသွားမိသူ့ကို တစ်ဦးဦးပြန်လာစေလျှင်၊
20 အပြစ်သားကိုလမ်းလွဲရာမှ ပြန်လာစေသောသူသည် လူကိုသေဘေးမှကယ်ဆယ်လျက် များပြားသောအပြစ်ဖုံးအုပ်သူ ဖြစ်လိမ့်မည်ဟုသိမှတ်ကြကုန်။