4
1 ဧဟုဒကွယ်လွန်သည်ကာလ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ တစ်ဖန်ဆိုးသွမ်းမှုကိုပြုကျင့်သောကြောင့်၊
2 ဟာဇော်မြို့စံခါနာန်ဘုရင်ယာဘိန်မင်းလက်တွင်းသို့ ထာဝရဘုရားရောင်းချတော်မူ၏။ ဗိုလ်ချုပ်ကား၊ လူမျိုးခြားတို့နေရာဟာရောရှက်မြို့၌ နေထိုင်သူ သိသရဖြစ်သတည်း။
3 ထိုမင်းတွင်သံဖြင့်ပြီးသော စစ်ရထားကိုးရာရှိလျက် အနှစ်နှစ်ဆယ်ပတ်လုံး၊ ဣသရေလအမျိုး သားတို့ကို ပြင်းစွာနှိပ်စက်သောကြောင့် ထာဝရဘုရားထံအော်ဟစ်ကြကုန်၏။
4 ထိုအခါ ပရောဖက်မဖြစ်သော လပိဒုတ်မယားဒေဗောရသည်၊ ဣသရေလူမျိုးကို အုပ်စိုးစီရင်ရာ
5 ဧဖရိမ်ခင်တန်းရှိရာမမြို့နှင့် ဗေသလမြို့များစပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်၌ ထိုင်နေစဉ် ဣသရေလအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ခြင်းခံရန် သူ့ထံလာရောက်တတ်ကြသတည်း။
6 ေဒဗောရသည် နဿလိနယ်၊ ကေဒေရှမြို့တွင်နေထိုင်သော အဘိနောင့်သားဗာရက်ကိုခေါ်စေ ၍၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ နဿလိအနွယ်၊ ဇာဗုလုန့်အနွယ်သားတို့အ နက် လူပေါင်းတစ်သောင်းနှင့်တကွ တာဗော်တောင်အရောက်ချီသွားလော့။
7 ငါလည်း၊ ယာဘိန်မင်း၏ဗိုလ်ချုပ်သိသရနှင့် ရထားတပ်ကို အလုံးအရင်းပါ၊ သင်ရှိရာကိရှုန်မြစ် တို့သွေးဆောင်လျက် သင့်လက်တွင်းသို့ အပ်နှင်းမည်ဟူ၍ မိန့်မှာတော်မူခဲ့သည်မဟုတ်တုံလောဟု ဆိုရာ၊
8 ဗာရက်က၊ ကျွန်တော်နှင့်အတူ အရှင်မကြွလျှင်၊ သွားပါမည်။ မကြွလျှင်မူကား၊ မသွားဝံ့ပါဟု ပြန်လျှောက်သော်၊ ဒေဗောရက၊ မုချသင်နှင့်လိုက်ပါမည်။
9 သို့ရာတွင် သင်သည် သွားသောခရီးမှုကြောင့် ဂုဏ်အသရေရရှိမည်မဟုတ်ချေ။ ထာဝရဘုရား သည် သိသရကို မိန်းမတစ်ဦးလက်တွင်းသို့ ရောင်းချတော်မူမည်ဟု ဆိုလျက်ထပြီးမှ ဗာရက်နှင့်အတူ ကေဒေရှမြို့ရောက်သွားလေ၏။
10 ဗာရက်သည် နဿလိအနွယ်၊ ဇာဗုလုန့်အနွယ်သားတို့ကို ကေဒေရှမြို့သို့ခေါ်ပြီးလျှင်၊ လိုက်ပါ သောသူရဲတစ်သောင်းနှင့်တကွ ဒေဗောရပါ အတူချီတက်လေ၏။
11 မောရှေ့ယောက္ခမဖြစ်သော ဟောဗပ်၏သားမြေးမြစ်အပါအဝင်၊ ကေနိအမျိုးသားဟေဗာသည် ကေနိလူမျိုးနှင့်ခွာ၍၊ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ညန်ပင်ခြေရင်းအထိ တဲစိုက်နှင့်သတည်း။
12 အဘိနောင့်သား ဗာရက်သည် တာဗော်တောင်သို့ တက်ကြောင်းကိုသိသရအားကြားပြောလျှင်
13 သိသရသည် သံဖြင့်ပြီးသော စစ်ရထားကိုးရာနှင့်လိုက်ပါသူအပေါင်းတို့ကို လူမျိုးခြားတို့နေရာ ဟာရောရှက်မြို့မှကိရှုန်မြစ်အရောက်စုရုံးစေရာ
14 ဗာရက်အား ဒေဗောရက၊ ထလော့။ ယနေ့ကား၊ သိသရကိုသင့်လက်တွင်းသို့ ထာဝရဘုရား အပ်နှင်းတော်မူသောနေ့ဖြစ်သည့်အလျောက် ထာဝရဘုရားသည် သင့်ရှေ့ကကြွချီတော်မူပြီမဟုတ် လောဟုဆိုလေသော် လူတစ်သောင်းနှင့်တကွ တာဗော်တောင်က ဗာရက်ဆင်းသွားလေ၏။
15 ထာဝရဘုရားသည်၊ သိသရနှင့် ရထားတပ်မှစသောအလုံးအရင်းအပေါင်းတို့ကို ဗာရက်ရှေ့ တွင် ဓားဖြင့်ရှုံးစေတော်မူသောကြော့င် စီးနင်းရာရထားမှ သိသရဆင်း၍ ခြေလျင်ပြေးရလေ၏။
16 ဗာရက်မူကား၊ ရထားတပ်နှင့်အလုံးအရင်းတို့ကို လူမျိုးခြားတို့နေရာ ဟာရောရှက်မြို့တိုင် လိုက်လံ၍ သိသရ၏အလုံးအရင်း တစ်ယောက်မကျန် ဓားဖြင့်ကျဆုံးကြကုန်၏။
17 ထိုကာလ၌ ဟေဗာ့အမျိုးသားချင်း ကေနိလူတို့နှင့် ဟာဇော်ဘုရင် ယာဘိန်မင်းသင့်မြတ်သဖြင့် ကေနိအမျိုးသား ဟေဗာ့မယား ယေလတဲသို့ သိသရခြေလျင်ပြေးသော်၊
18 ယေလသည် သိသရကိုကြိုဆိုရန် ထွက်လာလျက် အရှင် ကျွန်မရှိရာသို့လှည့်ပါလော့။ ကြောက်ရွံ့ခြင်းကင်းတော်မူပါဟုခေါ်ဆိုသည့်အတိုင်း တဲထဲသို့လှည့်ဝင်လျှင် ယေလသည် တင်းတိမ်ဖြင့် ဖုံးထားရာ
19 ငါရေငတ်၍ အနည်းငယ်သောက်ပါရစေဟု တောင်းသည်နှင့် နို့ထည့်သောသားရေအိတ်ကိုဖွင့် ၍ တိုက်ပြီးမှဖုံးမြဲဖုံးထား၏။
20 သိသရကလည်း၊ တဲပေါက်ဝတွင်စောင့်နေလျက်၊ လူတစ်ယောက်ရှိသလောဟူ၍ တစ်စုံတစ်ဦးမေးလာလျှင်၊ မရှိကြောင်း ပြန်ေြပာပါဟုမှာထားလေ၏။
21 ထိုအခါ ဟေဗာ့မယားယေလသည် သိသရအိပ်မောကျသည့်အခိုက် တဲကြက်ဆူးတစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်ယူ၍၊ တိတ်တဆိတ်ချဉ်းသွားပြီးမှ နားထင်ကိုကြက်ဆူးနှင့် မြေအထိ ထုတ်ချင်း ပေါက်ရိုက်သွင်းသဖြင့် သေလေ၏။
22 ဗာရက်သည် သိသရကိုလိုက်လံရာ ယေလကြိုဆိုရန်ထွက်၍ လာပါဦး။ အရှင်လိုက်ရှာသူ့ကို ကျွန်မပြပါမည်ဟုဆိုသော် ဝင်၍ကြည်ရာ နားထင်တွင်ကြက်ဆူးစူးစိုက်လျက် သေနေသောသိသရ ကိုတွေ့မြင်ရ၏။
23 ထိုနေ့တွင် ဘုရားသခင်သည် ခါနာန်ဘုရင်ယာဘိန်မင်းကို ဣသရေလအမျိုးသားတို့ရှေ့ ရှုံးနိမ့် စေတော်မူသည်နှင့်အညီ၊
24 ထိုဘုရင်ကို မဖျက်ဆီးမီအတွင်း သူတို့လက်ရုံးရည်အစဉ်တိုးတက်၏။