17
1 ထိုကာလဧဖရိမ်ခင်တန်းတွင်နေထိုင်သော မိက္ခာခေါ်သူတစ်ယောက်ရှိသတည်း။
2 အမိအား ပျောက်ဆုံးသည့်အတွက် ကျွန်တော့်ရှေ့တွင် အမင်္ဂလာဖြစ်စေရန် မိခင်ကျိန်ဆိုသော ငွေဆယ့်တစ်ပိဿာသည် ကျွန်တော့်လက်တွင်ရှိပါ၏။ ကျွန်တော်ယူမိပါပြီဟုဆိုသော် အမိက၊ ငါ့သား သည်ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရပါစေသောဟုပြန်ဆို၏။
3 ထိုငွေဆယ့်တစ်ပိဿာကိုပြန်ပေးလျှင် အမိက၊ ထိုငွေဖြင့် ရုပ်ပွားဆင်းတုကို သွန်းထုရန် ငါ့သားအလို့ငှာ၊ ထာဝရဘုရားအဖို့ သီးသန့်ထားပြီးဖြစ်၍ သင့်အားပြန်ပေးရာရောက်သည်ဟု ဆိုသည့်အတိုင်း
4 ထိုငွေကိုသားထံကပြန်ရသောအခါ ငွေနှစ်ရာယူ၍ ပန်းထိမ့်ထံအပ်ပြီးလျှင်၊ ရုပ်ပွားဆင်းတုကို သွန်းထုပြီးမှ မိက္ခာ့အိမ်တွင်တည်ထားလေ၏။
5 မိက္ခာခေါ်ထိုလူသည် ဘုရားကျောင်းဆောင်ရှိသည်ဖြစ်၍ ဧဖုဒ်အရုပ်၊ တေရပ်အရုပ်များကို လုပ်ပြီးလျှင်၊ သားတစ်ယောက်ကို ကိုယ့်ပရောဟိတ်အဖြစ် ခန့်ထား၏။
6 ထိုကာလ ဣသရေလလူမျိုးတွင် ဘုရင်မရှိသည်ဖြစ်၍ လူတိုင်းကိုယ့်အလိုရှိရာလိုက်သတည်း။
7 ထိုအခါ ယုဒနယ်၊ ဗက်လင်မြို့နေ၊ လေဝိဂိုဏ်းသား၊ ယုဒအနွယ်လုလင်တစ်ယောက်သည် ထိုမြို့တွင်တည်းခိုနေပြီးလျှင်
8 ခရီးမှုထမြောက်ရာအရပ်၌ တည်းခိုရအံ့သောငှာထွက်၍ ခရီးသွားစဉ် ဧဖရိမ်ခင်တန်းရှိ မိက္ခာအိမ်သို့ရောက်ရာ
9 မိက္ခာက၊ မည်သည့်အရပ်ကလာသနည်းဟုမေးလျှင် ကျွန်တော်သည် ယုဒနယ်၊ ဗက်လင်မြို့နေ လေဝိဂိုဏ်းသားဖြစ်ပါ၏။ ခရီးမှုထမြောက်ရာအရပ်တွင် တည်းခိုရန်ခရီးသွားဆဲပါဟုဆိုပြန်သော်၊
10 ကျွန်ုပ်နှင့်အတူ အဖအဖြစ် ပရောဟိတ်အဖြစ် နေထိုင်ပါလော့။ တစ်နှစ်လျှင် ငွေဒင်္ဂၙါးတစ်ဆယ် နှင့်အဝတ်တစ်စုံကိုလည်းေကာင်း၊ စားဖွယ်သောက်ဖွယ်ကိုလည်းေကာင်း ပေးပါမည်ဟု မိက္ခာပြောဆိုသည်တွင်
11 ထိုလေဝိဂိုဏ်းသားဝင်၍၊ သူနှင့်အတူနေရန် သဘောရှိသည့်အလျောက် မိက္ခာသည် ထိုလေဝိဂိုဏ်းသားလုလင်ကို သားကဲ့သို့ အမှတ်ထားလျက်
12 ကိုယ့်ပရောဟိတ်အဖြစ် ခန့်ထားသည့်အတိုင်း မိက္ခာ့အိမ်၌နေထိုင်လေ၏။
13 မိက္ခာကလည်း၊ ယခုမှာ ငါ့ပရောဟိတ်အဖြစ် လေဝိဂိုဏ်းသားတစ်ယောက်ရှိသည်ဖြစ်၍ ထာဝရ ဘုရားသည် ကောင်းကြီးပေးတော်မူလိမ့်မည့်အကြောင်း ငါသိပြီဟုပြောဆို၏။