21
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ ငါ့အပြောအဆိုကို နာခံနားထောင်ကြလော့။ သို့မှငါ့အားနှစ်သိမ့်စေခွင့်ရလိမ့်မည်။ အခွင့်ပေးကြလျှင်ငါပြောဆိုမည်။ ပြောပြီးမှ ကဲ့ရဲ့ဦးလော့။ ငါညည်းတွားသည်ကား၊ လူ့အကြောင်းလော။ အဘယ့်ကြောင့်ငါစိတ်မတိုအပ်သနည်း။ ငါ့ကိုလှည့်ကြည့်၍အံ့အားသင့်လျက်၊ နှုတ်ကိုလက်နှင့်ပိတ်ထားကြလော့။ ငါသတိရလျှင်၊ စိတ်လျော့၍၊ ကိုယ်တုန်လှုပ်ရ၏။ လူဆိုးတို့သည် အသက်ရှင်ရခြင်း၊ အရွယ်ရောက်ရခြင်း၊ ခွန်အားတိုးပွားရခြင်းများကား၊ အဘယ့်ကြောင့်နည်း။ သူတို့မှဆင်းသက်သော အမျိုးအနွယ်သည်၊ မျက်မှောက်၌ပင် တည်မြဲကြ၏။ အိမ်သူအိမ်သားများလည်း၊ ကြောက်ရွံ့ခြင်းကင်းလျက်လုံခြုံ၍၊ အာဏာတော့်ရိုက်ဒဏ်ကိုဘုရားသခင်စီရင်တော်မမူ။ 10 သူတို့နွားသိုးသည် မိတ်လိုက်၍ မျိုးမတုံး။ နွားမလည်း ပေါက်ပွားလျက် သားမပျက်။ 11 သားသမီးသူငယ်တို့သည်၊ သိုးစုကဲ့သို့များပြား၍၊ ကခုန်ခွင့်ရကြ၏။ 12 ထိုသူတို့သည် စောင်း ပတ်သာတီးခြင်း၊ သီဆိုခြင်းနှင့်တကွ၊ နှဲခရာမှုတ်သံကို နာခံရွှင်လန်းလျက်၊ ကောင်းစားစဉ် အသက်တာကုန်လွန်၍၊ 13 တခဏမျှနှင့် မရဏာ့နိုင်ငံသို့ ဆင်းသွားခွင့်ရကြ၏။ 14 ဘုရားသခင်အား ထိုသူတို့က၊ နည်းလမ်းတော်များကို မသိလိုသောကြောင့်ထွက်ကြွတော်မူပါ။ 15 အနန္တတန်ခိုးရှင်သည်၊ မည်သို့သောသူဖြစ်၍ ငါတို့ဝတ်ပြုရအံ့နည်း။ မည်သည့်အကျိုးကိုရ၍ တောင်းပန်ရအံ့နည်းဟု ဆိုတတ်ကြ၏။ 16 ၎င်းတို့သည် ကိုယ့်ကောင်းစားခွင့်ကို၊ ကိုယ်ပိုင်သည်မဟုတ်။ လူဆိုးတို့အကြံအစည်သည် ငါနှင့်ကင်းဝေးစွတကားဟု ဆိုပါဦး။ 17-18 လူဆိုးတို့မီးခွက်ငြိမ်းလျက်၊ ဘေးရောက်၍၊ အမျက်တော်ဖြင့်ဝေငှသော ဒုက္ခခံရသည့်ပြင်၊ လေလွင့်သောကောက်ရိုး၊ လေဗွေဝှေ့သောဖွဲ့ကဲ့သို့သူတို့ဖြစ်ရသည့်အကြိမ် ကား။မည်မျှနည်း။
19 ထိုသူ၏သားသမီးတို့အတွက်၊ ဒုစရိုက်အကျိုးဆက်ကို ဘုရားသခင် ရန်ထားတော်မူသည်ဟုဆိုပါဦး။ သူ့ကိုယ်တိုင်သိရစေရန်၊ သူ့ကိုယ်၌ ဆပ်ပေးတော်မူပါစေ။ 20 ကိုယ့်မကောင်းကျိုးကိုကိုယ့်မျက်စိမြင်ရလျက်၊ အနန္တတန်ခိုးရှင်၏ အမျက်တော်ကို သူ့ကိုယ်၌ ခံသောက်ရပါစေ။ 21 အသို့ဆိုသော်၊ သူ့လရက်အပိုင်းအခြားတစ်ဝက်မျှနှင့်ဆုံးပြီးသည့်နောက်၊ အိမ်သူအိမ်သားတို့အား မည်သို့အာရုံပြုနိုင်တော့အံ့နည်း။ 22 ဘုရားသခင်သည် မြင့်ရာအရပ်၌ နေသူတို့ကိုပင်၊ စီရင်ဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်အားအသိပညာကို သင်ကြားမည့်သူရှိသလော။ 23-24 တစ်ဦးသည် ခွန်အားနှင့် ပြည့်စုံစွာလုံးလုံးချမ်းသာငြိမ်သက်၍၊ နို့ပုံးများပြည့်လျက်၊ အရိုးခြင်ဆီစိုလျက် သေခွင့်ရ၏။ 25 တစ်ဦးမူကား၊ မကောင်းစားရဘဲ၊ စိတ်နစ်နာစွာသေရလေ၏။ 26 နှစ်ဦးလုံးတို့သည် အတူတကွမြေမုန့်၌ အိပ်လဲ၍၊ လောက်များလွှမ်းမိုးလျက်ရှိ၏။ 27-28 သင်တို့၏အကြံအစည်များကိုလည်းေကာင်း၊ မှူးမတ်၏အိမ်၊ လူဆိုးတို့တည်းခိုရာတဲ၊ အဘယ်မှာနည်းဟူ၍၊ ရက်စက်သော တစ်ဖက်သတ်ကြံဆချက်များကိုလည်းေကာင်း၊ ငါသိ၏။ 29-30 ခရီးသွားတို့အား မမေးဘူးကြလော။ ဘေးသင့်သောကာလ၌ လူဆိုးကိုသိမ်းပိုက်၍၊ အမြက်ဒဏ်ခံရသောနေ့ရက်၌လည်း၊ ထုတ်ဆောင်သည့်အကြောင်းနှင့်၊ ၎င်းတို့၏ သက်သေများကို မသိမှတ်ကြလော။ 31 ထိုသူ၏ နည်းလမ်းကို မျက်မှောက်ထင်ထင် မည်သူဖော်ပြဝံ့မည်နည်း။ အပြုအမူအတိုင်းမည်သူဆပ်ပေးမည်နည်း။ 32 ထိုသူ့ကိုသင်္ချၖိုင်းသို့ပို့ပြီးလျှင်၊ မှတ်တိုင်ကိုစောင့်နေကြရာ၊ 33 သူ့အပေါ်တွင်ချိုင့်မြေဆိုင်များပင် သာယာလျက်ရှိ၏။ ရှေ့၌ အတိုင်းမသိသောသူတို့ဖြစ်သွားကြသည့်နည်းတူ၊ လူခပ်သိမ်းတို့လည်း လိုက်ရကြလတ္တံ့။ 34 သို့ဖြစ်၍၊ သင်တို့ပြန်ပြောချက်များသည် တရားနှင့်မညီသောကြောင့်၊ ငါ့ကိုနှစ်သိမ့်စေခြင်းကား၊ အချည်းနှီးဖြစ်လေသတည်းဟု မြွက်ဆို၏။