17
1 ငါ့ဇီဝကုန်၍၊ အသက်တာဆုံးပြီ။ သုဿန်သို့လည်း ရောက်လုပြီ။
2 လှည့်စားတတ်သူတို့သည်၊ ငါနှင့်အတူမုချရှိကြ၍၊ ၎င်းတို့၏မြှောက်ဆွခြင်းကို ငါရှုမြင်လျက်နေရ၏။
3 အကျွန်ုပ်ကိုယ်စားအပေါင်းထား၍၊ ကိုယ်တော်တိုင်အာမခံတော်မူပါ။ အကျွန်ုပ်နှင့်လက်ဝါးရိုက်မည့်လူ၊ မည်သူရှိတော့အံ့နည်း။
4 သူတို့စိတ်ကို ဉာဏ်နှင့်ကင်းဝေးစေ၍၊ သူတို့ကိုချီးမြှောက်တော်မူမည်မဟုတ်။
5 အကြင်သူသည် အဆွေခင်ပွန်းတို့အလုအယက်ခံရန်သတင်းပေး၏။ ထိုသူ၏ သားသမီးတို့လည်းမျက်စိအားကုန်လိမ့်မည်။
6 ငါ့ကိုလူမျိုးတို့ပုံခိုင်းရာထားတော်မူ၍၊ မျက်နှာလည်း ထွေးခံသဖွယ်ဖြစ်၏။
7 ဒေါသကြောင့် ငါ့မျက်စိမှုန်၍၊ ကိုယ်အင်္ဂါရှိသမျှသည် အရိပ်သဖွယ်ဖြစ်၏။
8 သဘောဖြောင့်သူတို့သည် ထိုအဖြစ်အပျက်ကြောင့်အံ့အားသင့်လျက်၊ အပြစ်ကင်းသောသူလည်း၊ လူသရော်လူပျက်နှင့်ဆန့်ကျင်စိတ်ထကြွလေ၏။
9 သို့ရာတွင်ဖြောင့်မတ်သောသူသည်ကိုယ့်နည်းလမ်းကိုစွဲမြဲလျက်၊ လက်သန့်စင်သူသည် အားတိုးတက်ကြီးပွားလိမ့်ည်။
10 သင်တို့ရှိသမျှကား။ တစ်ဖန်ပြန်၍ စဉ်းစားကြဦးလော့။ သင်တို့အနက်ပညာရှိတစ်ဦးကိုမျှ၊ ငါရှာ၍ မတွေ့ချေ။
11 ငါ့အသက်တာလွန်သွားပြီ။ ငါ့စိတ်ကွန်မြူးသောအကြံများလည်းပြတ်တုံးခဲ့ပြီ။
12 အလင်းသည်မှောင်မိုက်၌နီးစပ်သည်ဟူ၍၊ ညဉ့်နေကဲ့သို့ဖြစ်စေကြ၏။
13 အကယ်၍ငါသည် မရဏနိုင်ငံကိုနေအိမ်အဖြစ်ဖြင့် စောင့်ေမျှာ်လျက်၊ မှောင်မိုက်၌ အိပ်ရာခင်းလျှင်လည်းေကာင်း၊
14 သုဿန်အား ငါ့အဖ၊ လောက်အားလည်း ငါ့အမိနှမဟုဆိုလျှင်လည်းေကာင်း၊
15 ငါစောင့်ေမျှာ်ရာအခြေကား၊ အဘယ်မှာနည်း။ ထိုသို့သောအကြောင်းကို မည်သူမြင်ရမည်နည်း။
16 မြေမုန့်၌ နားနေချိန်ကျသောအခါ၊ မရဏာ့နိုင်ငံ၏ ကန့်လန့်ကျင်သို့ဆင်းသွားရ သတည်းဟု မြွက်ဆို၏။