ယောဟန်၏ဩဝါဒကျမ်း
ဒုတိယစောင်
1
1-2 ငါတို့၌ တည်လျက် ကာလအစဉ်ပါရှိမည့်သမ္မာတရားအတွက်ကြောင့် ငါသာမဟုတ် သမ္မာတရားကိုသိကျွမ်းသူခပ်သိမ်းတို့လည်း သစ္စာနှင့်ချစ်ခင်ကြသော လက်ရွေးခံအရှင်မနှင့်သားသမီးတို့ထံ ဥက္ကဋ္ဌဖြစ်သူ ငါရေးလိုက်သည်မှာ၊ ခမည်းတော်ဘုရားသခင်နှင့် ခမည်းတော်၏သားတော်ယေရှုခရစ်အထံတော်မှ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းများသည် သမ္မာတရား၊ မေတ္တာတရားအားဖြင့် ငါတို့နှင့်အတူရှိလိမ့်သတည်း။ အဘခမည်းတော်ထံ ငါတို့ခံခဲ့သောပညတ်တော်အရ သင့်သားသမီးအချို့တို့သည် သမ္မာတရားအတိုင်းေလှျာက်လိုက်ကြကြောင်း ငါတွေ့မြင်ခဲ့ရသောကြောင့် အားရရွှင်လန်း၏။ ယခုမှာ အရှင်မ၊ ငါတို့သည်အချင်းချင်းချစ်ကြရမည့်အကြောင်း ပညတ်သစ်ကိုမဟုတ်။ အစဦးက ငါတို့ရရှိရင်းပညတ်တော်ကိုထောက်၍ ငါတောင်းပန်လျက်ရေးလိုက်၏။ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ပညတ်များအတိုင်း ေလှျာက်လိုက်ခြင်းဖြစ်၏။ ပညတ်တော်ကား အစအဦးကသင်တို့ကြားနာခဲ့ကြသည့်အတိုင်း မေတ္တာတရား၌ေလှျာက်လိုက်ရခြင်းတည်း။ အသို့ဆိုသော် ယေရှုခရစ်ကို လူ့ဇာတိဖြင့်ကြွလာတော်မူကြောင်း ဝန်မခံသောလူလိမ်အများသည် ဤလောကထဲသို့ထွက်သွားကြပြီ။ ထိုသို့သောသူကား အလိမ်မင်း၊ ခရစ်တော်၏ရန်ဘက်တော်တည်း။ ငါတို့ဆောင်ရွက်ခြင်းအကျိုးအဆက်မပျက်မစီးဘဲ စုံလင်စွာခံစားရအံ့သောငှာ ကိုယ်ကိုသတိမူကြလော့။ ခရစ်တော်၏ ဒေသနာတော်တွင်မတည်တံ့ဘဲ လွန့်တက်သူ၌ဘုရားသခင်မရှိ။ တည်တံ့သူ၌မူကား ခမည်းတော်နှင့်သားတော်ပါရှိ၏။ 10 မည်သူမဆို ထိုဒေသနာတော်မကြော်ငြာဘဲ သင်တို့ထံရောက်လာလျှင် ဧည့်မခံနှင့်။ နှုတ်ခွန်းလည်းမဆက်နှင့်။ 11 နှုတ်ခွန်းဆက်သူသည် ချင်းဆိုးသွမ်းမှုများနှင့်ဆက်ဆံရာရောက်၏။
12 သင်တို့ထံရေးလိုက်ရန် အကြောင်းအရာများစွာရှိသော်လည်း စက္ကူတွင်မင်နှင့်မရေးလို။ သင်တို့အပြည့်အစုံဝမ်းမြောက်ကြစေရန် ကိုယ်တိုင်ရောက်လာပြီးလျှင် နှုတ်ခွန်းဆိုင်လျက်ပြောဆိုမည်ဟု အောက်မေ့၏။ 13 လက်ရွေးခံသင့်ညီမ၏သားသမီးတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။