60
သင့်အလင်းသည်ဝင်ရောက်၍ သင့်အပေါ်တွင်ထာဝရဘုရား၏ ဘုန်းတော်ထွန်းလင်းပြီးဖြစ်သောကြောင့်၊ ထ၍ထွန်းတောက်လော့။ မှောင်မိုက်သည် မြေပထဝီကိုလည်း‌ေကာင်း၊ အမိုက်တိုက်လည်းလူအမျိုးမျိုးတို့ကိုလည်း‌ေကာင်း၊ ဖုံးအုပ်သော်လည်း၊ သင့်အပေါ်သို့ထာဝရဘုရားထွန်းလင်း၍ ဘုန်းတော်ထင်ရှားသဖြင့်၊ လူမျိုးခြားတို့သည် သင့်အလင်းသို့လည်း‌ေကာင်း၊ ဘုရင်တို့လည်း သင့်ပြောင်လက်ထွန်းတောက်ခြင်းသို့လည်း‌ေကာင်း၊ လာရောက်ကြလိမ့်မည်။ စုရုံးဝင်ရောက်သမျှကိုပတ်လည်မော်ကြည့်လော့။ သင့်သတို့သားများသည် အဝေးကရောက်၍ သတို့သမီးများလည်း ခါးတစ်ချီလျက်လာကြပြီတကား။ သမုဒ္ဒရာ၌ကြွယ်ဝပြည့်စုံသမျှသည် သင့်ထံလှည့်ဝင်၍၊ လူမျိုးခြားတို့၏စည်းစိမ်လည်း ရောက်လာသည်ကို၊ သင်မြင်ရသည့်အလျောက်၊ ကြည်ကြည်ရွှင်ရွှင်ရှိလျက်၊ နှလုံးတုန်လှုပ်ဝမ်းမြောက်လိမ့်မည်။ မိဒျန်၊ ဧဖာလူမျိုးတို့၏ကုလားအုပ်ကြီးငယ်အစုစုတို့နှင့် ရှေဘပြည်မှဝင်လာသမျှတို့သည်၊ သင့်နေပြည်ပြည့်နှက်သည့်တိုင်အောင်၊ ရွှေနှင့်လောဗန်ကိုတင်ဆောင်လျက်၊ ထာဝရဘုရားချီးမွမ်းဖွယ်သောအမှုတော်များကို၊ ဝမ်းမြောက်စွာကြော်ငြာကြလိမ့်မည်။ ကေဒါပြည်ရှိသိုးဆိတ်အပေါင်းတို့သည် သင့်ထံစုရလျက်၊ နာဗယုတ်ပြည်ရှိသိုးထီးတို့လည်း သင်ဝတ်ပြုရန်အဖြစ်ဖြင့် ပူဇော်ရာပလ္လင်တော်ထက် လက်ခံဖွယ်ရောက် လာသည့်ပြင်၊ ငါ့ကျက်သရေဗိမာန်တော်ကို ဂုဏ်ရောက်စေလိမ့်မည်။ မိုးတိမ်သဖွယ်လည်း‌ေကာင်း၊ ကိုယ့်သိုက်မြုံပေါက်သို့ချိုးအုပ်သဖွယ်လည်း‌ေကာင်း၊ ပျံဝင်သောဤသူတို့ကား မည်သူနည်း။ အကယ်စင်စစ်၊ တာရှူသင်္ဘောများအဦးလွှင့်လျက်၊ ကျွန်းကြီးကျွန်းငယ်တို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရားနာမတော်ကြောင့်လည်း‌ေကာင်း၊ သင့်ကိုဂုဏ်ရောက်စေသော ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ကြောင့်လည်း‌ေကာင်း၊ သင့်သတို့သားသမီးတို့ကို ရွှေငွေများပါ၊ အဝေးကဆောင်ခဲ့ရန်၊ ငါ့ကိုတောင့်တလျက်နေကြ၏။ 10 နိုင်ငံခြားသားတို့သည်သင့်မြို့ရိုးကိုပြုပြင်လျက်၊ ၎င်းဘုရင်တို့လည်း သင့်ထံခစားရကြလိမ့်မည်။ ငါသည်အမျက်ထား၍ဒဏ်ခတ်ခဲ့သော်လည်း၊ မေတ္တာကျေးဇူးအားဖြင့် ကရုဏာသက်လေပြီ။ 11 လူမျိုးခြားတို့၏ စည်းစိမ်နှင့်တကွ၊ ခြံရံရသောဘုရင်တို့ကို၊ သင့်ထံသို့ဆောင်သွင်းစေရန်၊ နေ့ညဉ့်မဟူ မြို့တံခါးပိတ်ခြင်းမရှိ၊ ပွင့်လျက်နေလိမ့်မည်။ 12 သင့်လက်အောက်မဝင်သောလူမျိုး၊ တိုင်းနိုင်ငံသည်၊ ပျက်စီးရလိမ့်မည်။ ထိုသို့သောလူမျိုးတို့သည် ပယ်ရှားရာရောက်ကြလိမ့်မည်။ 13 လေဗနုန်တောကျက်သရေပင်မှစ၍၊ ထင်းရူးပင်၊ ကျောက်ပန်းငယ်၊ ကျောက်ပန်းကြီးပင်များသည်၊ ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေခြင်းငှာ၊ သင့်ထံရောက်လာသဖြင့်၊ ငါသည် ခြေတော်ချရာဂုဏ်ရှိစေလိမ့်မည်။ 14 သင့်ကိုညှဉ်းပန်းခဲ့သူတို့သားများသည် တိုးဝင်ဦးညွှတ်၍၊ မထီမဲ့မြင်ပြုသူအပေါင်းတို့လည်း၊ သင့်ခြေဖဝါးအောက်ပျပ်ဝပ်လျက်၊ ထာဝရဘုရား၏မြို့တော်၊ ဣသရေလလူမျိုးတို့သန့်ရှင်းသောအရှင်၏ဇိအုန်တောင်တော်ဟုသမုတ်ကြလိမ့်မည်။ 15 သင့်ကိုမည်သူမျှ မဖြတ်မသွားလိုသည့်တိုင်အောင်၊ ခံခဲ့သောစွန့်ပစ်ရွံရှာခြင်းအစား၊ ထာဝရဂုဏ်တော်တည်ရာ၊ လူအစဉ်အဆက်ရွှင်လန်းရာ၊ ငါဖြစ်စေလိမ့်မည်။ 16 သင်သည်လူမျိုးခြားတို့၏နို့သက်ကိုလည်း‌ေကာင်း၊ ဘုရင်တို့၏ရင်နို့ကိုလည်း‌ေကာင်း၊ သောက်စို့ခွင့်ရသည့်ပြင်၊ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်ရွေးနုတ်သောအရှင်၊ ယာကုပ်၏ တန်ခိုးရှင်ဖြစ်ကြောင်းကို၊ သိမှတ်လိမ့်မည်။ 17 ကြေးအစားရွှေ၊ သံအစားငွေ၊ သစ်သားအစားကြေး၊ ကျောက်အစားသံကို၊ ငါဆောင်သွင်းလျက်၊ သင့်အအုပ်အချုပ်များအဖြစ်ချမ်းသာခြင်း၊ အကြပ်အဆော်များအဖြစ် ဖြောင့် မတ်ခြင်းကိုခန့်ထားလိမ့်မည်။ 18 သင့်ပြည်တွင်ကြမ်းကြုတ်ခြင်း၊ သင့်နယ်နိမိတ်အတွင်းလုယက်ဖျက်ဆီးခြင်းသတင်းကို၊ ကြားတော့မည်မဟုတ်၊ သင့်မြို့ရိုးကိုကယ်တင်ခြင်းဟူ၍လည်း‌ေကာင်း၊ မြို့တံခါးများကို ချီးမွမ်းခြင်းဟူ၍လည်း‌ေကာင်း၊ သမုတ်ရလိမ့်မည်။ 19 နေ့အချိန်၌သူရိယသည်သင့်အလင်း၊ စန္ဒလည်းထွန်းတောက်သောအလင်းဖြစ်တော့မည်မဟုတ်။ ထာဝရဘုရားသည် သင့်အဖို့နိယမအလင်း၊ သင့်ဘုရားသခင်သည် သင်ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။ 20 သင်၌နေဝင်ခြင်း၊ လကွယ်ခြင်းရှိတော့မည်မဟုတ်။ ထာဝရဘုရားသည် သင့်အဖို့နိယမအလင်းဖြစ်လျက်၊ သင့်မြည်တမ်းရာနေ့ရက်ကာလကုန်လွန်လိမ့်မည်။ 21 မြို့သူမြို့သားအပေါင်းတို့သည် ဖြောင့်မတ်စွာနေသဖြင့်၊ ဘုန်းတော်ထင်ရှားစေရန်ငါစိုက်ပျိုးသောပျိုးပင်၊ငါ၏လက်မှုအဖြစ်၊နေပြည်ကိုထာဝရပိုင်ခွင့်ရကြလိမ့်မည်။ 22 အနည်းငယ်သည်အထောင်အသောင်း၊ အသိမ်အဖျင်းလည်း တန်ခိုးကြီးသောလူမျိုးအဖြစ် ရောက်လိမ့်မည်။ အချိန်စေ့လျှင်စေ့ချင်း၊ ငါထာဝရဘုရား ထိုသို့စီရင်လိမ့်သတည်း။