57
ဖြောင့်မတ်သူပျက်စီးရာ၊ ပျက်စီးသည်ဟုမည်သူမျှနှလုံးမသွင်း။ ဘုရားတရားကြည်ညိုသူတို့သုတ်သင်ခံကြရာ၊ ဘေးဆိုးမသင့်မီဖြောင့်မတ်သူရုတ်သိမ်းခံရကြောင်းကို၊ စဉ်းစားသူမရှိချေ၊ ဖြောင့်မှန်စွာသွားလာသူအသီးအသီးတို့သည်၊ ငြိမ်းချမ်းခြင်းအဖြစ်သို့ရောက်၍၊ ကိုယ့်ခေါင်းချရာတွင်နားနေခွင့်ရကြ၏။
စုန်းမသား၊ သူ့သားအိမ်ရာပြစ်မှားသူနှင့် ပြည်တန်ဆာမအနွယ်တို့၊ ချဉ်းကပ်ကြလော့။ 4-5 မည်သူ့ကိုပြောင်လှောင်ကြသနည်း။ မည်သူ့အားပၙၙါးၙၙၙၙၙၙစပ်ဟလျက်၊ လျှာကိုထုတ်ပြကြသနည်း။ ညန်ပင်မှစ၍၊ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်ပူလောင်လျက် ချိုင့်ရှိ ကျောက်ကြားအတွင်းတွင်၊ သူငယ်များကိုယဇ်စီရင်ကြသော သင်တို့သည်၊ လွန်ကျူးခြင်း၏သား၊ မုသာအနွယ်ဖြစ်ကြသည်မဟုတ်လော။ သင်သည် သင်္ချၖိုင်းရှိကျောက်လုံးများတွင်၊ ကိုယ့်အငန်းအတာကိုရွေးချယ်၍၊ သင့်ဝေစုဖြစ်သည့်အလျောက်၊ ၎င်းကိုပင်ပူဇော်သက္ကာအရည်သွန်းလောင်းလျက်၊ ဘော ဇဉ်သက္ကာလည်းဆက်ကပ်လေပြီ။ ထိုသို့သောအမှုကြောင့် ငါစိတ်ပြေမည်လော။ မြင့်လှစွာသောတောင်ထိပ်ပေါ်တွင်အိပ်ရာခင်းခြင်း၊ ယဇ်ပူဇော်ရန်တက်ခြင်း၊ တံခါးနှင့်တံခါးတိုင်အတွင်း၊ သင့်ရုပ်တုကိုတည်ခြင်း၊ ငါနှင့်ဆန့်ကျင်ဘက်တက်၍လှစ်ပြခြင်း၊ အိပ်ရာကိုချဲ့၍ကိုယ်ဖိုးပြတ်ခြင်းများကိုပြုလျက်၊ နိမိတ်ကိုမြင်၍၊ ချင်းတို့ အိပ်ရာကိုမက်မောတတ်၏။ များပြားသောနံ့သာမျိုးနှင့်ဆီမွှေးပါ၊ မေလက်ခေါ်ရုပ်တုဘက်ကူးသွားရာ၊ မရဏာ့နိုင်ငံသို့ဆင်းရသည့်တိုင်အောင်၊ သင်၏သံတမန်တို့ကို ဝေးစွာစေလွှတ်၏။ 10 ဝေးလွန်းစွာခရီးသွား၍ပင်ပန်းသော်လည်း၊ စိတ်ပျက်သည်ဟုဝန်မခံ။ ခွန်အားဗလတိုးပွားခိုက်၊ မမောဟိုက်ချေ။ 11 သင်သည် မည်သူ့ကိုကြောက်ရွံ့ထိတ်လန့်၍ ငါ့ကိုနှလုံးမသွင်းဘဲ၊ သတိလစ်လျက် သစ္စာဖျက်သနည်း။ ငါမူကား၊ ရှေးကာလကစ၍ တိတ်ဆိတ်စွာနေသောကြောင့် ငါ့ကိုမကြောက်ဘဲနေသည်မဟုတ်လော။ 12 သင့်ဖြောင့်မတ်ခြင်းကိုငါဖော်ပြမည်။ သင့်အမှုများကား အကျိုးမဲ့ဖြစ်လိမ့်မည်။ 13 သင်အော်ဟစ်သောအခါ၊ ဆည်းပူးရာရုပ်တုများကယ်ပါစေ။ ထိုအရာရှိသမျှကို လေတိုက်၍ ဆောင်သွားလိမ့်မည်။ ငါ၌အားထားသူမူကား၊ နေပြည်ကိုအပိုင်ရလျက်၊ သန့်ရှင်းသောငါ့တောင်တော်ကိုလည်းပိုင်ရလိမ့်မည်။ 14 လမ်းကိုဖို့၍ ပြင်ဆင်ကြလော့။ ဖို့ကြလော့။ ငါ့လူမျိုးသွားရာလမ်းတွင်ခလုတ်ကို ပယ်ရှားကြလော့ဟုအမိန့်တော်ရှိလိမ့်မည်။
15 သန့်ရှင်းသည်ဟုနာမရှိလျက်၊ အနန္တကာလစံတော်မူ၍၊ မြင့်မြတ်သောအရှင်မိန့်တော်မူသည်မှာ၊ ငါသည် သန့်ရှင်းမြင့်မြတ်သောစံရာ၌လည်း‌ေကာင်း၊ စိတ်နှိမ့်ချကြေကွဲသူတို့နှင့်လည်း‌ေကာင်း၊ နှိမ့်ချကြေကွဲသူတို့စိတ်နှလုံးအားတက်စေခြင်းငှာ၊ ကိန်းဝပ်၏။ 16 ငါဖန်ဆင်းသောသက်ဇီဝ၊ စိတ်ဝိညာဉ်တို့သည်၊ ငါ့ရှေ့တွင်အားမလျော့စေခြင်းငှာ၊ အစဉ်တရားဆိုင်၍၊ အမြဲအမျက်ထားမည်မဟုတ်။ 17 ငါသည် သူ၏လောဘပြစ်မှုအတွက် အမျက်ထား၍ဒဏ်ခတ်လျက်၊ ဒေါသကြောင့်မျက်နှာလွ္ဲလေပြီ။ သူလည်းအလိုအလျောက်လမ်းလွဲ၍ သွားမြဲသွားရာ၊ 18 အကျင့်ဓလေ့များကိုငါသိမြင်၏။ သို့ရာတွင်သက်သာစေ၍ လမ်းပြလျက်၊ သူ့ဘက်ပါညည်းတွားရသူတို့နှင့်တကွ နှစ်သိမ့်ခွင့်ရှိစေဦးမည်။ 19  57.19 ၒပါဠိ- နှုတ်၏အသီး။ေထာမနာပြုခြင်းကိုငါပြုပြင်၏။ ဝေးကွာသောသူနှင့် နီးစပ်သောသူ၌ချမ်းသာရှိသည်ဟု ငါထာဝရဘုရားဗျာဒိတ်တော်အတိုင်းသက်သာစေလိမ့်မည်။ 20 လူဆိုးတို့မူကား၊ မငြိမ်နိုင်အောင်လှုပ်ရှား၍ ရွှံ့နှင့်အမှိုက်ကို ပုတ်တင်သောသမုဒ္ဒရာရေနှင့်တူကြ၏။ 21 လူဆိုးတို့သည် ချမ်းသာမရဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။