4
1 ထိုကာလ၊ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကိုကိုင်ဆွဲလျက်၊ ကျွန်မတို့၌အရှက်ပစေရန် အရှင်၏နာမကိုတွင်စေပါလျှင်၊ ကိုယ့်အစာကိုစား၍ ကိုယ့်အဝတ်ကိုဝတ်ပါမည်ဟုတောင်းပန်ရကြလိမ့်မည်။
2 ထိုကာလ ထာဝရဘုရားပေါက်စေတော်မူသောအေညှာက်သည် တင့်တယ်ပွင့်လန်း၍၊ မြေအသီးအနှံလည်း ဘေးလွတ်သောဣသရေလလူမျိုးတို့အဖို့ ဂုဏ်အသရေထင်ပေါ်လိမ့်မည်။
3-4 ထာဝရဘုရားသည် တရားစီရင်ခြင်းနှင့် မီးလောင်ခြင်းဖြစ်စေရာ လေပြင်းတော်အားဖြင့် ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကိုလည်းေကာင်း၊ ယေရုရှလင်မြို့တွင်းမှအသွေးသွန်းပြစ်ကိုလည်းေကာင်း၊ စင်စင်ဆေးကြောတော်မူပြီးလျှင် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့တွင်ကျန်ကြွင်းနေရစ်သူတည်းဟူသော၊ အသက်ရှင်ခြင်းအလို့ငှာရေးသားသမျှသော ယေရုရှလင်မြို့သူမြို့သားတို့ကို သန့်ရှင်းသူဟုခေါ်ဝေါ်ကြလတ္တံ့။
5 ဘုန်းဂုဏ်အသရေရှိသမျှအပေါ်တွင်အမိုးကြက်အပ်သည်နှင့်အညီ၊ ထာဝရဘုရားသည် စံတော်မူရာဇိအုန်တောင်နှင့် အစည်းအဝေးများပေါ်တွင် နေ့အချိန်မီးခိုးတိမ်တိုက်ကိုလည်းေကာင်း၊ ညဉ့်အချိန်မီးလျှံအရှိန်ကိုလည်းေကာင်း၊ စီမံတော်မူ၍၊
6 နေ့အချိန်နေရောင်ကို ကာရန်လည်းေကာင်း၊ မိုးသက်မုန်တိုင်းကျရာခိုလှုံရန်လည်းေကာင်း၊ တဲသဖွယ်ရှိလိမ့်မည်။