16
1 ပြည့်ရှင်မင်း၏အခွန်တော်အဖြစ်ဖြင့်၊ သိုးသားငယ်များကို သတို့သမီးဇိအုန်တောင်တော်ပေါ်သို့၊ သေလမြို့မှသဲကန္တာရလမ်းဖြင့်ပို့ဆက်ကြလော့။
2 အသိုက်ခွာ၍ လှည့်လည်ရသော ငှက်များကဲ့သို့၊ မောဘသတို့သမီးတို့သည်၊ အာနုန်မြစ်ကူးဆိပ်မှာ ရှိကြရာ၊ အကြံပေး၍ ခုံသမာဓိလုပ်ပါလော့။
3 မွန်းတည့်အချိန်တွင်ညဉ့်ကဲ့သို့ သင့်အရိပ်ဖြင့်မိုးလျက် နှင်ထုတ်ခံရသောသူတို့ကို ကွယ်ထားလော့။ တိမ်းရှောင်သူတို့ကိုမပေါ်ပေါက်စေနှင့်။
4 နှင်ထုတ်လိုက်သောမောဘလူမျိုးချင်းတို့အားခိုခွင့်ပေးလျက်၊ လုယက်သူတို့မှကာကွယ်ရာဖြစ်ပါလော့ဟု တောင်းပန်ကြလိမ့်မည်။ အသို့ဆိုသော် ရက်စက်သူတိမ် ကောလျက်၊ ဖျက်ဆီးသူပပျောက်လျက်၊ နှိမ်နှင်းသူလည်း ပြည်တော့်မှ ကင်းရှင်းသည်နှင့်အညီ
5 ဒါဝိဒ်မင်းတဲနန်းတော်အတွင်း၊ ကျေးဇူးတော်အားဖြင့်တည်မြဲသော ရာဇပလ္လင်ထက် ဖြောင့်မတ်ခြင်းတရားကိုရှာကြံရန်လျင်မြန်လျက်။ သစ္စာစောင့်၍ စီရင်ဆုံးဖြတ် သောမင်းတစ်ပါးစံနေတော်မူလိမ့်မည်။
6 မောဘ၏မာနသည် အလွန်ကြီးကြောင်းကိုလည်းေကာင်း၊ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းများအကြောင်းကိုလည်းေကာင်း။ငါတို့ကြားသိရပြီ။ဤဝင့်ဝါခြင်းကား၊အချည်း နှီးတည်း။
7 မောဘသည် မောဘအတွက်အော်ရာ၊ လူခပ်သိမ်းပင်အော်ရကြမည်။ ဒဏ်ချက်ပြင်းစွာခံရသည့်အလျောက်၊ ကိရဟရက်မြို့၊ စပျစ်ပျဉ်များကို၊ လွမ်းဆွတ်ညည်းညူ ရကြလိမ့်မည်။
8 စိဗမာစပျစ်ပင်သည် အခက်အလက်နှံ့ပြားလျက်၊ ယာဇာမြို့တိုင်အောင်ရောက်၍၊ သဲတောစပ်၌ အလေ့ပေါက်သည့်ပြင်၊ အိုင်တစ်ဘက်သို့ပြန့်ပွားရာသီးပြွတ်အားဖြင့်၊ လူမျိုးခြားမှူးမတ်တို့ကိုတိမ်းလဲစေတတ်သော်လည်း၊ ၎င်းစပျစ်ပင်နှင့် ယေရှဘုန်ခြံများပါ ညှိုးနွမ်းခဲ့လေစွ။
9 ထို့ကြောင့် ယာဇာသူမြို့သားတို့ငိုကြွေးကြသည့်နည်းတူ၊ ငါလည်းစိဗမာစပျစ်ပင်ကိုလွမ်းဆွတ်ငိုကြွေးလိမ့်မည်။ အိုဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့၊ သင်၏သစ်သီးအစိမ်းအမှည့်များသည် စစ်အောင်သံကြားရသောကြောင့်၊ ယိုကျသောမျက်ရည်ဖြင့်ငါလောင်းလိမ့်မည်။
10 ၎င်းပြင်၊ ဝမ်းမြောက်ခြင်းရွှင်လန်းခြင်းများကို၊ ခြံထဲမှရုပ်သိမ်းသည့်အလျောက်၊ စပျစ်ဥယျာဉ်များ၌ကျူးဧခြင်း၊ ကြွေးကြော်ခြင်းမရှိခဲ့လေ။ ကျင်း၌စပျစ်သီးကိုနင်းတတ် သူတို့သည် မနင်းမညှစ်ရ။ ပျော်ရွှင်သံကိုလည်းငါပြတ်စဲစေတော်မူပြီ။
11 ထို့ကြောင့် ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါသည်းအူသည် ကိရဟရက်မြို့အတွက်၊ စောင်းသံပမာ မြည်လိမ့်မည်။
12 မောဘသည်ကိုယ့်သန့်ရှင်းရာဌာနသို့ဝင်ရောက်ပဌနာပြုလျက်၊ မြင့်ရာဌာန၌ ကြိုးပန်းစွာ ဖူးေမြာ်သော်လည်း အကျိုးမဲ့ဖြစ်လိမ့်မည်။
13 ထာဝရဘုရားသည် မောဘပြည်ကိုရည်၍ ယမန်မိန့်တော်မူချက်ကား၊ ထိုသို့ပင်တည်း။
14 ထာဝရဘုရားယခုမိန့်တော်မူပြန်သည်ကား၊ သူရင်းငှားတို့၏နှစ်တာအလျောက် သုံးနှစ်အတွင်းတွင် မောဘပြည်သည်၊ ဘုန်းအသရေအမြောက်အများအလုံးအရင်း နှင့်တကွ ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ကြွင်းကျန်သူတို့ကား၊ နည်းပါးသိမ်ဖျင်းကြလိမ့်မည်ဟု မိန့်တော်မူသတည်း။