11
ယေရှဲအမျိုးသား အငုတ်မှ အတက်ထွက်၍၊ အမြစ်မှ ပေါက်သော အညွန့်သည်၊ သီးလိမ့်မည်။ ၄င်းအပေါ်တွင် ဉာဏ်ပညာ ဉာဏ်ပဋိဘာန် 11.2 သို့မဟုတ် ၒ- ဝိညာဉ်။သဘော၊ အကြံနှင့်စွမ်းရည်ကောင်းသော 11.2 သို့မဟုတ် ၒ- ဝိညာဉ်။သဘော၊ ထာဝရဘုရားကိုသိကျွမ်း၍ ခန့်ညားသော 11.2 သို့မဟုတ် ၒ- ဝိညာဉ်။သဘောတည်းဟူသော ထာဝရဘုရား၏ ဝိညာဉ်တော်သည် ကိန်းဝပ်တော်မူလိမ့်မည်။ ထာဝရဘုရားအားခန့်ညားခြင်းကိုအမွှေးအကြိုင်သဖွယ်မှတ်ယူသည်နှင့် မျက်စိမြင်၍ စီရင်ခြင်း၊ နားကြား၍ ဆုံးဖြတ်ခြင်းကိုပြုတော်မူမည်မဟုတ်ဘဲ၊ နွမ်းပါးသူတို့ကို ဖြောင့်မတ်စွာစီရင်လျက်၊ ဆင်းရဲသောပြည်သူပြည်သားတို့ကိုမျှတစွာ ဆုံးဖြတ်လျက်၊ မြေကြီးကိုခံတွင်းရှိလှံတံဖြင့်ဒဏ်ခတ်၍ လူဆိုးတို့ကိုလည်း ထွက်သက်လေဖြင့်ကွပ်မျက်တော်မူရာ၊ ဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းသည်၊ ခါးဝတ်တော်ဖြစ်လိမ့်သတည်း။
ထိုအခါ ဝံပုလွေသည် သိုးငယ်နှင့် တည်းခိုခြင်း၊ ကျားသစ်လည်း ဆိတ်ငယ်နှင့်ဝပ်ခြင်း၊ နွားကြီး၊ နွားငယ်၊ ခြင်္သေ့တို့သည် ပေါင်းသင်းခြင်းပြုကြသည်နှင့်၊ သူငယ်ကပင် မောင်းနှင်ခွင့်ရှိလိမ့်မည်။ နွားမနှင့်ဝံမတို့ကျက်စားကြရာ သားငယ်ချင်းတို့လည်း အတူဝပ်ကြသည့်ပြင် ခြင်္သေ့လည်း နွားကဲ့သို့ကောက်ရိုးကိုစားလိမ့်မည်။ နို့စို့သူငယ်သည် မြွေဆိုးတွင်းဝတွင်ကစားခွင့်၊ နို့ကွာသူငယ်လည်း မြွေဟောက်မျက်စိပေါ်လက်တင်ခွင့်ရလိမ့်မည်။ ရေသည်သမုဒ္ဒရာပေါ်မှာလွှမ်းသကဲ့သို့ မြေကြီးလည်း ထာဝရဘုရားကိုသိကျွမ်းခြင်းပြည့်လျက်၊ သန့်ရှင်းသောတောင်တော်တစ်ပြင်လုံး၌ ထိုအကောင်တို့အဆိုးကိုမပြု။ ဖျက်လည်းဖျက်ကြမည်မဟုတ်။
10 ထိုကာလ၊ လူမျိုးတို့၏ အလံသဖွယ်တည်သော၊ ယေရှဲ၏အမြစ်အညွန့်ကို လူမျိုးခြားတို့လိုက်ရှာမေးမြန်းလျက်၊ ကိန်းဝပ်တော်မူရာ အရပ်သည် ဘုန်းကြီးလိမ့်မည်။
11 ထိုကာလ၌လည်း၊ ထာဝရဘုရားသည် အာရှုရိ၊ အိဂျစ်၊ ပါသရု၊ ကုရှ၊ ဧလံ၊ ရှိနာ၊ ဟာမတ်ပြည်များနှင့် သမုဒ္ဒရာကမ်းခြေတစ်ေလျှာက်မှ၊ ကျန်ကြွင်းသောလူမျိုးတော်ကို အပိုင်သိမ်းရန် ဒုတိယအကြိမ်လက်ဆန့်တော်မူ၍ 12 လူမျိုးခြားတို့အဖို့အလံကိုစိုက်ထူတော်မူပြီးလျှင်၊ နှင်ထုတ်ခံရသောဣသရေလအမျိုးသားတို့နှင့် နှံပြားလျက်ရှိသော ယုဒအမျိုးသားတို့ကိုမြေလေးမျက်နှာမှသိမ်းယူ စုရုံးတော်မူလိမ့်မည်။ 13 ဧဖရိမ့်အမျိုးသည် မရှုစိတ်ခြင်းကင်း၍ ယုဒအမျိုး၏ ရန်ဘက်တို့လည်း ပယ်ရှားခံရလျက်၊ ဧဖရိမ့်အမျိုးသည်ယုဒအမျိုးအားမရှုစိတ်ခြင်းမထား၊ ယုဒအမျိုးသည်ဧဖရိမ့် အမျိုးကိုရန်မပြုဘဲ၊ 14 အနောက်ပြည်ဖိလိတ္တိလူမျိုး၏ ပခုံးပေါ်တွင် ထိုးသုတ်ခြင်း၊ အရှေ့ပြည်သားတို့ကိုပူးပေါင်းလုယက်ခြင်းပြုကြသည့်ပြင်၊ ဧဒုံအမျိုးနှင့်မောဘအမျိုးတို့သည်၊ လက်အောက်သို့ဝင်ရလျက်၊ အမ္မုန်အမျိုးသားတို့လည်း လိုက်နာကြရလိမ့်မည်။ 15 ထာဝရဘုရားသည်အိဂျစ်ပင်လယ်ဖျားကိုခန်းခြောက်စေ၍၊ ပူပြင်းသောလေဟုန်ဖြင့် မြစ်ကြီးပေါ်တွင်လက်တော်ကိုဆန့်ရမ်းရိုက်ခတ်ရာ၊ ချောင်းခုနစ်သွယ်ပေါက်သည်နှင့် လူတို့သည် ဖိနပ်စီးလျက် ေလျှာက်သွားခွင့်ရကြသဖြင့်၊ 16 အိဂျစ်ပြည်မှ ဣသရေလလူမျိုးတို့ထွက်သွားသောအခါကဲ့သို့၊ ကျန်ကြွင်းသော လူမျိုးတော်အဖို့၊ အာရှုရိပြည်မှ ထွက်သွားရာလမ်းမတော်ဖြစ်လိမ့်သတည်း။