6
ကုသခြင်း၊ ရိုက်ဒဏ်ခတ်ခဲ့သော်လည်း၊ ပတ်စည်းခြင်းကိုပြုစုမည့် ထာဝရဘုရားထံပြန်သွားကြကုန်အံ့။ နှစ်ရက်သုံးရက်အတွင်း၊ ရှင်ပြန်ထမြောက်စေတော်မူမည့်အလျောက်၊ ရှေ့တော်၌ ငါတို့ရှင်နေခွင့်ရကြဦးမည်။ ထာဝရဘုရားကို သိလျက်၊ အကျွမ်းဝင်ရန် လိုက်ရှာကြကုန်အံ့။ အရုဏ်တက်မြဲတက်သည့်နည်းတူ၊ ကြွမြဲကြွလာသောထိုအရှင်သည်၊ မြေပေါ်သို့ရွာသောမိုးဦး မိုးနှောင်း သဖွယ်၊ သက်ရောက်တော်မူမည်ဟုဆိုကြရာ၌၊ အိုဧဖရိမ်၊ အိုယုဒ၊ ငါသည် သင်တို့အားမည်သို့ပြုထိုက်အံ့နည်း။ ကြည်ညိုသောသဘောသည်၊ နံနက်မိုးတိမ်သဖွယ်၊ လျင်စွာပျောက်သောနှင်းအုပ် သဖွယ် မျှသာတကား။ သို့ဖြစ်သောကြောင့်၊ ငါသည် ထိုသူတို့ကို ပရောဖက်တို့ဆင့်ဆိုချက်ဖြင့်ဒဏ်ခတ်ခြင်း၊ နှုတ်တော်ထွက်ဗျာဒိတ်ဖြင့် ကွပ်မျက်ခြင်းပြုလျက်၊ လျှပ်စစ်သဖွယ်စီရင် ချက်များကိုလွှတ်ခဲ့လေပြီ။ ပူဇော်သက္ကာများထက်၊ ကြည်ညိုသောသဘောကိုလည်းေကာင်း၊ မီးရှို့ရာသက္ကာများထက်၊ ငါဘုရားအား သိကျွမ်းသောသဘောကိုလည်းေကာင်း၊ ငါနှစ်သက်သော်လည်း၊ ထိုသူတို့သည်၊ လူ့ဘာဝအတိုင်း ပဋိညာဉ်တော်ကို ဖောက်ကျော်၍၊ ဤဒေသ၌ပင်သစ္စာဖျက်ကြလေပြီ။ ဂိလဒ်နယ်သည် ဒုစရိုက်ပြုလျက်၊ အသွေးစွန်းသောသူတို့ခြေနင်းရာမြို့သဖွယ်ဖြစ်လေစွ။ ပရောဟိတ်အသင်းအပင်းလည်း၊ ဓားပြတပ်ပုန်းကဲ့သို့၊ ရှေခင်မြို့လမ်းတွင် အန္တရာယ်ပြုလျက်၊ လူတို့ကိုသတ်တတ်ကြ၏။ 10 ဣသရေလအမျိုးသားတို့၌ ငါတွေ့ရာ စက်ဆုပ်ဖွယ်အမှုကား၊ ဧဖရိမ်မှားယွင်းလေပြီ။ ဣသရေလသည် မသန့်ရာရောက်လေပြီ။ 11 အိုယုဒ၊ သင့်အပေါ်၌လည်း၊ သုံ့ဘမ်းရာလူမျိုးတော်ကို ငါပြန်လာစေသည့်ကာလ၊ ရိတ်သိမ်းချိန်ကို ချိန်းချက်လေပြီတကား။