14
1 ကိုယ့်ဒုစရိုက်ခလုတ်ကိုတိုက်လဲသောအိုဣသရေလအမျိုး။ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံပြန်လာကြလော့။ ။
2 ထာဝရဘုရားထံပြန်လာ၍ ပဌနာတင်သွင်းရမည်မှာ။ အကျွန်ုပ်တို့ဒုစရိုက်ရှိသမျှကိုပယ်ပလျက်၊ သုစရိုက်ကို လက်ခံတော်မူပါ။ နွားသက္ကာအစား၊ ဓမ္မပူဇာကိုဆက်ကပ် ပါမည်။ ။
3 အကျွန်ုပ်တို့သည်၊ အာရှုရိမင်းထံကယ်မှုကိုမတောင်း။ စစ်မြင်းကိုလက်မခံ။ ကိုယ့်လက်ဖြစ်အားအကျွန်ုပ်တို့ဘုရားသခင်ဟုဝန်မခံဘဲနေပါတော့မည်။ ဘသက်ဆိုးတို့ သည် ကိုယ်တော်မှသာ၊ ကရုဏာကျေးဇူးရကြပါသည်ဟု တောင်းပန်ကြလော့။
4 ငါသည် သူတို့ဘောက်ပြန်နာကိုကုသ၍၊ စေတနာတော်အလျောက် မြတ်နိုးမည်။ အမျက်တော်ငြိမ်းလေပြီ။ ။
5 နှင်းသဘွယ် ငါသက်သဖြင့်၊ ဣသရေလသည် နှင်းပန်းကဲ့သို့ပွင့်လျက်။ လေဗနုန်တောကဲ့သို့အမြစ်စွဲလျက်အကိုင်းအခက်ဝေဖြာလျက်။
6 သံလွင်ပင်နှင့်အမျှအဆင်းလှ၍၊ လေဗနုန်တောသဘွယ်မွေးကြိုင်လိမ့်မည်။
7 အရိပ်တော့်အောက်ခိုလှုံသူတို့သည်၊ မျိုးစေ့သဘွယ် ပြန်ပေါက်၍။ စပျစ်ပင်သဘွယ်ပွင့်လန်းလျက်။ လေဗနုန်စပျစ်ရည်ကဲ့သို့ မွှေးကြိုင်လိမ့်မည်။ ။
8 အကျွန်ုပ်သည် ရုပ်ပွားဆင်းတုများနှင့် မည်သို့ဆိုင်သေးသနည်းဟု လျှောက်ဆိုသောဧဖရိမ်အား အာရုံပြုသောငါက၊ ငါသည် စိမ်းလန်းသောထင်းရူးပင်သဘွယ်ဖြစ်၏။ ကျေးဇူးတော်ကိုခံရသောကြောင့်အသီးနှင့်ပြည့်စုံလိမ့်မည်ဟု တုံ့ပြန်လိမ့်မည်။
9 ဤအချက်များကို သိမြင်နားလည်နိုင်ရန်။ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်ရှိသူကား။ မည်သူနည်း။ ထာဝရဘုရား၏ ညီညွတ်သော လမ်းတော်၌။ ဖြောင့်မတ်သူတို့လိုက် ရှောက်နိုင်ကြသော်လည်း။ မသူတော်တို့မှာ တိုက်လဲကြရလတံ့။