4
ထိုနောက်လူသည် မယားဧဝနှင့်ဆက်ဆံသဖြင့်ဧဝသန္ဓေစွဲယူ၍ ကာဣနကိုဖွားမြင်လျှင် ထာဝရဘုရား မစတော်မူခြင်းဖြင့် သားယောကျ်ားကို 4.1 ပါဠိ ၒ- ကာဣနဟူေသာအမည်နှင့်ညီ၏။ငါရပြီဟုဆိုလေ၏။ တစ်ဖန်ညီအာဗေလကို ဖွားမြင်လေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား လယ်ယာလုပ်သူဖြစ်၏။ အချိန်ကျသောအခါ ကာဣနသည် ထာဝရဘုရားထံပူဇော်ရန် မြေအသီးအနှံကိုဆောင်ခဲ့သော်၊ အာဗေလလည်း ကိုယ့်သိုးအုပ်မှ သားဦးနှင့်သိုးဆီဥကိုဆောင်ခဲ့ရာ ထာဝရဘုရားသည် အာဗေလနှင့် သူ့ပူဇော်သက္ကာကို အာရုံပြုသော်လည်း၊ ကာဣနနှင့်သူ့ပူဇော်သက္ကာကို အာရုံပြုတော်မမူ။ ထိုကြောင့် ကာဣနသည်အလွန်ဒေါသထွက်လျက် မျက်နှာညှိုးလေ၏။ ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့်ဒေါသထွက်၍ မျက်နှာညှိုးရသနည်း။ အကောင်းပြုလျှင် မျက်နှာရွှင်ရမည်မဟုတ်လော။ မပြုလျှင်မူကား အပြစ်သည် တံခါး၀မှာ၀ပ်ချောင်းလျက် သင့်ကိုအလိုရှိသော်လည်း၊ ၎င်းအပြစ်ကိုအုပ်စိုးလော့ဟု ကာဣနအားမိန့်တော်မူ၏။ ကာဣနသည် ညီအာဗေလနှင့်စကားပြောလျက် လယ်၌ရှိကြစဉ် ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ ထာဝရဘုရားကလည်း သင့်ညီအာဗေလကားအဘယ်မှာနည်းဟု ကာဣနကိုမေးတော်မူသော် ကျွန်တော်မသိပါ။ ကျွန်တော်သည် ညီကိုထိန်းရသောသူဖြစ်ပါသလောဟု ပြန်လျှောက်ရာ သင်သည်မည်သို့ပြုဘိသနည်း။ 10 သင့်ညီအသွေး၏အသံသည် မြေထဲကအော်ဟစ်လျက်ရှိသည်တကား။ 11 သို့ဖြစ်၍ သင်သည် ထုတ်ခဲ့သောညီ၏အသွေးကိုခံယူခြင်းငှါ ခံတွင်းဟသောမြေမှ အမင်္ဂလာခံရလျက်၊ 12 ယခုမှစ၍ မြေ၌လုပ်ကိုင်သောအခါ အသီးအနှံကိုမရဘဲ၊ မြေကြီးပေါ်မှပြေးရသောသူ၊ လေလွင့်သောသူဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ 13 ကာဣနကလည်း ကျွန်တော်ခံနိုင်သည်ထက် အပြစ်ဒဏ်ကြီးလွန်းပါသည်တကား။ 14 ကျွန်တော်ကို ဤမြေပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ။ မျက်နှာတော်ကိုလည်းမဖူးမြင်ရဘဲ၊ မြေကြီးပေါ်မှာ ပြေးရသောသူ၊ လေလွင့်သောသူ ဖြစ်ရပါတော့မည်။ တွေ့သမျှသောသူတို့သည် ကျွန်တော်ကိုသတ်ပါလိမ့်မည်ဟု ထာဝရဘုရားအားလျှောက်ဆိုသော်၊ 15 ထာဝရဘုရားက သို့ဖြစ်၍ ကာဣနကိုသတ်သောသူမည်သည်ကား ခုနစ်ဆသောလက်စား​ေချခြင်းကို ခံရလိမ့်မည်ဟုမိန့်တော်မူပြီးလျှင် ကာဣနကိုတွေ့သောသူတစ်စုံတစ်ယောက်မျှမသတ်စေခြင်းငှါ ထာဝရဘုရားသည် အမှတ်လက္ခဏာပေးထားတော်မူ၏။
16 ကာဣနသည် ထာဝရဘုရားထံတော်မှထွက်သွား၍ ဧဒင်အရှေ့၊ နောဒပြည်တွင်နေစဉ်၊ 17 မယားနှင့်ဆက်ဆံသဖြင့် မယားသန္ဓေစွဲယူ၍ သားဧနောက်ကိုဖွားမြင်လေ၏။ မြို့ကိုလည်း ကာဣနတည်၍ ဧနောက်မြို့ဟု သား၏အမည်ကိုစွဲလျက် မှည့်ခေါ်လေ၏။ 18 ဧနောက်သားကား ဣရဒ်၊ ဣရဒ်သားကား မဟုယေလ၊ မဟုယေလသားကား မသုရှလ၊ မသုရှလသားကား လာမက်တည်း။ 19 လာမက်သည် အာဒနှင့်ဇိလ အမည်ရှိသောမိန်းမနှစ်ယောက်တို့နှင့် အိမ်ထောင်ဘက်ပြု၍၊ 20 အာဒသည် သားယာဗလကိုဖွားမြင်လေ၏။ ထိုသားကားတဲ၌နေလျက် သိုးနွားစသည်တို့ကိုမွေးသော သူတို့၏အဘဖြစ်လေ၏။ 21 ယုဗလအမည်ရှိသော ညီမူကား၊ စောင်း၊ နှဲခရာများကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ အဘဖြစ်လေ၏။ 22 ဇိလလည်း သားတုဗလကာဣနကို ဖွားမြင်လေ၏။ ထိုသားသည် ပန်းတဉ်းသမား၊ ပန်းပဲသမားအပေါင်းတို့၏ဆရာ ဖြစ်လေသတည်း။ တုဗလကာဣန၏နှမကား နေမအမည်ရှိ၏။ 23 လာမက်ကလည်း အာဒနှင့်ဇိလတို့၊ ငါပြောဆိုသံကိုကြားနာကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိရှစေသောသူတည်းဟူသော ငါ့အားနာကျင်စေသောလူပျိုကို ငါသတ်ခဲ့ပြီ။ 24 ကာဣနသည် ခုနစ်ဆသောလက်စားချေခွင့်ကိုရလျှင် လာမက်မူကား ခုနစ်ဆယ့်ခုနစ်ဆကိုရလိမ့်မည်ဟု မယားတို့အား ပြောဆို၏။
25 အာဒံလည်း မယားနှင့်ဆက်ဆံပြန်လျှင်၊ မယားသည်သားကိုဖွားမြင်၍ ကာဣနသတ်ခဲ့သောအာဗေလအစား အနွယ်တစ်မျိုးကို ကျွန်မအဖို့ဘုရားသခင် 4.25 ပါဠိ ၒ- ရှေသဟူေသာအမည်နှင့်ညီ၏။ ခန့်ထားတော်မူပြီဟုဆိုလျက် ရှေသအမည်ဖြင့် မှည့်လေ၏။ 26 ရှေသလည်း သားကိုရ၍ ဧနုတ်အမည်ဖြင့်မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အားဖြင့် ပဌနာပြုစဖြစ်ကြလေ၏။