33
ထိုအခါ ယာကုပ်သည်မျှော်ကြည့်၍ လူလေးရာနှင့်အစ်ကိုဧသောချီလာသည်ကိုမြင်သော် လေအာ၊ ရာခေလ၊ ကျွန်မိန်းမနှစ်ယောက်တို့အား သားငယ်များကိုအသီးအသီးအပ်လျက်၊ ကျွန်မိန်းမတို့နှင့် သားငယ်များကိုရှေ့၌လည်းေကာင်း၊ လေအာနှင့်သားငယ်တို့ကိုအလယ်၌လည်းေကာင်း၊ ရာခေလနှင့်ယောသပ်ကိုနောက်၌လည်းေကာင်း ထားလေ၏။ ကိုယ်တိုင်မူကား ရှေ့သို့တက်သွား၍ ခုနစ်ကြိမ်တိုင်ပျပ်ဝပ်ရှိခိုးလျက် အစ်ကို့ထံချဉ်းကပ်ရာ၊ ဧသောသည် တွေ့ဆုံးခြင်းငှါပြေးလာ၍ လည်ရှက်ဖက်ယမ်းနမ်းရှုပ်လျက် နှစ်ဦးသားတို့ငိုကြွေးကြကုန်၏။ ထိုနောက်မျှေော်ကြည့်၍ မိန်းမတို့နှင့်သားငယ်များကို မြင်လျှင် သင်နှင့်ပါသော ဤသူတို့ကား၊ မည်သူနည်းဟုမေးသော် ကျွန်တော်အား ဘုရားသခင်ပေးသနားတော်မူသော သားငယ်များဖြစ်ကြပါသည်ဟု ပြန်လျှောက်ပြီးမှ၊ ကျွန်မိန်းမတို့နှင့် သားငယ်များချဉ်းကပ်၍ ရှိခိုးကြ၏။ ထိုနောက်လေအာနှင့်သားငယ်များချဉ်းကပ်၍ ရှိခိုးကြ၏။ ထိုနောက် ယောသပ်နှင့်ရာခေလတို့ ချဉ်းကပ်၍ရှိခိုးကြ၏။ ဧသောကလည်း ငါတွေ့ခဲ့သောအစုစုတို့ကား မည်သို့အရာနည်းဟုမေးရာ၊ အရှင့်စိတ်တော်နှင့်တွေ့စေရန်ဖြစ်ပါသည်ဟု ပြန်လျှောက်သော်၊ ဧသောက ငါ့ညီ၊ ငါ၌များစွာရှိပြီ။ သင့်ဥစ္စာကို သင်၌ပင်ရှိပါစေဟုဆို၏။ 10 ယာကုပ်ကလည်း ဤသို့မဟုတ်ပါ။ စိတ်တော်နှင့်တွေ့သည်မှန်ပါက ကျွန်တော်ဆက်သသောပဏ္ဏာကို လက်ခံတော်မူပါ။ ကိုယ်တော့်မျက်နှာကို ဖူးမြင်ရသည်မှာ ဘုရားသခင့်မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ နှစ်သက်တော်မူသည်လည်းဖြစ်ပါ၏။ 11 ဘုရားသခင်သနားတော်မူ၍ ကျွန်တော်ကြွယ်ဝလျက်ရှိပါသောကြောင့် ကိုယ်တော့်ထံဆက်သသော မင်္ဂလာပဏ္ဏာကို လက်ခံတော်မူပါဟု တိုက်တွန်းသဖြင့် လက်ခံလေ၏။ 12 ဧသောက ခရီးသွားကြကုန်အံ့။ ငါရှေ့ကသွားမည်ဟုဆိုလျှင်၊ 13 ယာကုပ်က၊ အရှင်သိသည့်အတိုင်း ဤသူငယ်တို့သည် နနုယ်ပါ၏။ နို့ငင်သောသိုး၊ ဆိတ်၊ နွားမများအတွက် စိုးရိမ်ရန်ရှိပါ၏။ တစ်နေ့မျှအနှင်လွန်လျှင်၊ ရှိသမျှတို့သေကြေပျက်စီးကြပါလိမ့်မည်။ 14 ထိုကြောင့် အရှင်သည် ရှေ့ကကြွနှင့်တော်မူပါ။ ကျွန်တော်မူကား မောင်းနှင်သောတိရစ္ဆာန်များနှင့် သူငယ်တို့သွားနိုင်သမျှအတိုင်း စိရပြည်အရှင့်ထံရောက်အောင် ဖြည်းညှင်းစွာပို့ဆောင်ပါမည်ဟု လျှောက်လေသော်၊ 15 ဧသောက၊ သို့ဖြစ်လျှင် ငါ၌ပါလာသူအချို့တို့ကို ညီနှင့်ထားခဲ့ဦးအံ့ဟုဆိုရာ အဘယ်အတွက်နည်း။ အရှင့်စိတ်တော်နှင့်သာ တွေ့ပါရစေဟုပြန်လျှောက်လျှင်၊ 16 ဧသောသည် ထိုနေ့၌ပင် စိရပြည်သို့ပြန်သွားလေ၏။ 17 ယာကုပ်လည်း သုကုတ်အရပ်သို့ခရီးသွား၍ ကိုယ့်အဖို့အိမ်ကိုတည်ဆောက်လျက် တိရစ္ဆာန်များအဖို့ တဲများကိုထိုးလေသောကြောင့် 33.17 အနက်ကား၊ တဲများသုကုတ်ဟုသမုတ်ကြသတည်း။ 18 ထိုနောက် ယာကုပ်သည် ပါဒနာရံပြည်မှပြန်လာရာ ခါနာန်ပြည်ရှေခင်မြို့သို့ ချမ်းသာစွာရောက်၍၊ 19 မြို့ရှေ့တွင် စခန်းချလေ၏။ တဲစိုက်ရာမြေတစ်ကွက်ကိုလည်း ရှေခင့်အဘဟာမော်၏အမျိုးသားတို့ထံ အဖိုးငွေတစ်ပိဿာပေး၍ ဝယ်ပြီးလျှင်၊ 20 ထိုအရပ်၌ ပူဇော်ရာပလ္လင်တော်ကိုတည်၍ 33.20 အနက်ကား၊ ဣသရေလ၏အရှင်ဘုရားသခင်ဧလေလော ဣသရေလဟု သမုတ်လေ၏။