29
ထိုနောက် ယာကုပ်သည်ထသွား၍ အရှေ့ပြည်သားတို့နေရာအရပ်သို့ရောက်လျှင်၊ 2-3 မျှော်ကြည့်၍ ကွင်းစားကျက်၌ရေတွင်းတစ်ခုကို မြင်လေ၏။ ၎င်းတွင်း၀ကိုပိတ်သောကျောက်ကြီးသည်နှင့် သိုးအုပ်ရှိသမျှစုရုံးမိမှသာ တွင်း၀ရှိကျောက်ကိုလှိမ့်လှန်၍ သိုးများကိုရေတိုက်ပြီးလျှင် နေရာရင်းတွင်း၀ကို ပိတ်မြဲပိတ်ထားလေ့ရှိကြ၏။ ထိုတွင်းထဲမှသိုးများကို ရေတိုက်တတ်သည်ဖြစ်၍ တွင်းအနီးသိုးသုံးအုပ်၀ပ်နေသောကြောင့်၊ ယာကုပ်က ညီအစ်ကိုတို့၊ မည်သည့်မြို့ရွာကနည်းဟုမေးလျှင် ငါတို့သည်ခါရန်မြို့ကတည်းဟု ပြန်ဆိုကြ၏။ တစ်ဖန်ယာကုပ်က နာခေါ် 29.5 ပါဠိ - သားမြေးလာဗန်ကို သိကြပါသလောဟုမေးလျှင် သိပါသည်ဟုပြန်ဆိုကြသော်၊ သူမာပါ၏လောဟု မေးပြန်လျှင်၊ မာပါ၏။ သူ့သမီးရာခေလသည် သိုးများနှင့်လာပြီဟုဆိုကြလေ၏။ ယာကုပ်ကလည်း နေစောသေး၏။ သိုးသွင်းချိန်မရောက်သေး။ ရေတိုက်ပြီးလျှင်သွား၍ ကျောင်းကြဦးလော့ဟုဆိုရာ၊ သူတို့က၊ သိုးအုပ်ရှိသမျှမစုံမီ ငါတို့မတိုက်ရ။ စုံပြီးမှသာ တွင်း၀ရှိကျောက်ကို သူတို့လှိမ့်လှန်၍ ရေတိုက်ရကြပါသည်ဟု ပြန်ဆိုကြ၏။ ထိုသို့အချင်းချင်းပြောကြစဉ် သိုးထိန်းသူရာခေလသည် အဘသိုးများနှင့်ရောက်လာ၏။
10 ယာကုပ်သည် ဦးရီးလာဗန်၏သမီးရာခေလနှင့် သိုးများကိုမြင်သောအခါ တွင်း၀ရှိကျောက်ကို ချဉ်းကပ်လှိမ့်လှန်သဖြင့် ဦးရီးလာဗန့်သိုးများကို ရေတိုက်ပြီးနောက်၊ 11 ရာခေလကိုနမ်း၍ အော်ဟစ်ငိုကြွေးလျက်၊ 12 ရာခေလအဘ၏ 29.12 ပါဠိ - ညီတူ၊ ရေဗက္က၏သားဖြစ်ကြောင်းကြားပြောလျှင် ရာခေလပြေး၍ အဘအားပြန်ကြားလေ၏။ 13 လာဗန်သည် တူယာကုပ်အကြောင်းကြားရသောအခါ ကြိုဆိုရန်အမြန်သွား၍ ဖက်ရမ်းနမ်းရှုပ်လျက် အိမ်သို့ခေါ်သွင်းပြီးမှ ဖြစ်ပျက်သမျှကို ယာကုပ်ကြားပြောလျှင်၊ 14 လာဗန်က၊ အကယ်စင်စစ်သင်သည် ငါ့အရိုး၊ ငါ့အသားတကားဟုဆိုလေ၏။ 15 ယာကုပ်သည် တစ်လကြာအတူနေပြီးမှ လာဗန်က၊ သင်သည်ငါ့တူဖြစ်သည်နှင့် အကျိုးမဲ့အစေခံရမည်လော။ ရလို​သောအခကိုပြောလော့ဟု ဆိုလေ၏။ 16 ထိုအခါ လာဗန်၌သမီးနှစ်ယောက်ရှိရာ အကြီးလေအာ၊ အငယ်ရာခေလ အမည်ရှိကြ၏။ 17 လေအာသည်မျက်စိနုန့်နဲ့၏။ ရာခေလမူကား အဆင်းသဏ္ဌာန်လှ၍ ရှုချင်ဖွယ်ကောင်း၏။ 18 ယာကုပ်သည် ရာခေလကိုစုံမက်သည်ဖြစ်၍ လာဗန်အား၊ ဦးရီးသမီးအငယ်ရာခေလကိုရခြင်းငှါ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊ 19 လာဗန်က၊ အခြားသူ့အားထိမ်းမြားသည်ထက် သင့်အားထိမ်းမြားရသော် သာ၍ကောင်း၏။ ငါနှင့်အတူ နေဦးလော့ဟုဆိုသည့်အတိုင်း၊ 20 ယာကုပ်သည် ရာခေလကိုရခြင်းငှါ ခုနစ်နှစ်အစေခံရာ၊ ရာခေလကိုစုံမက်သည့်အတွက် ရက်အနည်းငယ်မျှသာ ထင်မှတ်သတည်း။
21 ယာကုပ်ကလည်း ကတိထားခဲ့သောနေ့ရက်ပြည့်စုံပါပြီ။ ၀င်ထွက်သာအောင် ကျွန်တော့်အား မယားထိမ်းမြားပါဟု လာဗန်အားလျှောက်လျှင်၊ 22 လာဗန်သည် ထိုမြို့သားအပေါင်းတို့ကို ခေါ်ဖိတ်စည်း​ေ၀း၍ပွဲကျင်းပရာ၊ 23 ညဉ့်အချိန်ရောက်လျှင် သမီးလေအာကိုဆောင်နှင်း၍ သူ့ထံယာကုပ်၀င်လေ၏။ 24 ကျွန်မိန်းမဇိလပကိုလည်း လေအာအားလက်ဖွဲ့လေ၏။ 25 နံနက်အချိန်ရောက်၍ လေအာဖြစ်မှန်းကိုသိမြင်လျှင် ယာကုပ်က၊ ကျွန်တော်အားပြုသောအမှုကား မည်သို့နည်း။ ရာခေလကိုရခြင်းငှါ အစေခံခဲ့သည်မဟုတ်ပါလော။ ကျွန်တော်ကိုအဘယ်ကြောင့်လှည့်စားဘိ သနည်းဟု လာဗန်အားလျှောက်သော်၊ 26 လာဗန်က၊ ငါတို့ပြည်တွင် သမီးဦးကိုမထိမ်းမြားမီ အငယ်ကိုထိမ်းမြားရိုးမရှိ။ 27 အကြီးနှင့်ခုနစ်ရက်စေ့အောင်ပေါင်းဦးလော့။ ရှေ့သို့တစ်ဖန် ခုနစ်နှစ်အစေခံရဦးမည်အတွက် အငယ်ကိုလည်း ထိမ်းမြားမည်ဟုဆိုသည့်အတိုင်း၊ 28 ယာကုပ်၀န်ခံ၍ အကြီးနှင့်ခုနစ်ရက်စေ့အောင်ပေါင်းပြီးမှ လာဗန်သည်သမီးရာခေလကို ထိမ်းမြားလေ၏။ 29 ကျွန်မိန်းမဗိလဟာကိုလည်း ရာခေလအား လက်ဖွဲ့လေ၏။ 30 ယာကုပ်သည်ရာခေလထံ၀င်၍ လေအာကိုစုံမက်သည်ထက် သာ၍စုံမက်၏။ ရှေ့သို့တစ်ဖန်လာဗန့်ထံ ခုနစ်နှစ်အစေခံလေ၏။
31 လေအာ့အပေါ်တွင် မေတ္တာမဲ့သည်ကို ထာ၀ရဘုရားသိမြင်၍ သားဆုကိုပေးသနားတော်မူ၏။ 32 ရာခေလမူကားမြုံ၏။ လေအာသည်သန္ဓေရ၍ သားယောက်ျားကိုဖွားမြင်ရာ 29.32 ပါဠိ - ရုဗင်ဟူေသာအမည်နှင့်ညီ၏။ငါ့စိတ်ဒုက္ခကို ထာ၀ရဘုရားရှုမြင်တော်မူပြီဖြစ်၍ ယခုငါ့ကို ငါ့လင်စုံမက်လိမ့်မည်ဟုဆိုလျက် ရုဗင်အမည်ဖြင့်မှည့်လေ၏။ 33 တစ်ဖန် သန္ဓေရပြန်၍ သားယောက်ျားကိုဖွားမြင်သော် ငါ့အပေါ်တွင်မေတ္တာမဲ့သည်ကို ထာ၀ရဘုရား 29.33 ပါဠိ - ရှိမောင်ဟူေသာအမည်နှင့်ညီ၏။ကြားသိ၍ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုလျက် ရှိမောင်အမည်ဖြင့်မှည့်လေ၏။ 34 တစ်ဖန် သန္ဓေရပြန်၍ သားယောက်ျားကိုဖွားမြင်သော် သားသုံးယောက်ကို ငါဖွားမြင်သောကြောင့် ယခုအခါငါ့လင်သည် ငါ့ကို 29.34 ပါဠိ - လေဝိဟူေသာအမည်နှင့်ညီ၏။စွဲလမ်းလိမ့်မည်ဟုဆို၍ လေဝိအမည်ဖြင့်မှည့်လေ၏။ 35 တစ်ဖန် သန္ဓေရပြန်၍ သားယောက်ျားကိုဖွားမြင်သော် ထာ၀ရဘုရားကို ယခု 29.35 ပါဠိ - ယုဒဟူေသာအမည်နှင့်ညီ၏။ငါချီးမွမ်းမည်ဟုဆို၍ ယုဒအမည်ဖြင့်မှည့်လေ၏။ ထိုနောက်သားပြတ်၍ မဖွားဘဲနေ၏။