23
1 စာရာသည် အသက်တရာ့နှစ်ဆယ့်ခုနစ်နှစ်အရွယ်ရောက်သော်၊
2 ခါနာန်ပြည်၊ ဟေဗြုန်၊ တစ်နည်း ကိရယသာဘမြို့၌သေ၍ စာရာ့ကြောင့်ငိုကြွေးမြည်တမ်းခြင်းငှါ အာဗြဟံ၀င်လာ၏။
3 အာဗြဟံသည် မယားအလောင်းမှထ၍ ဟေသအမျိုးသားတို့အား၊
4 ကျွန်ုပ်သည် သင်တို့တွင်ဧည့်သည်အာဂန္တုမျှသာဖြစ်ပါ၏။ မယားအလောင်းကို မျက်ကွယ်အောင်သင်္ဂြိုဟ်ရန် သင်တို့ပြည်တွင်သင်္ချၖိုင်းမြေကို အပိုင်ပေးကြပါလော့ဟု တောင်းဆိုလျှင်၊
5 ဟေသအမျိုးသားတို့က အရှင်ဘုရား၊ နာယူတော်မူပါ။
6 ကိုယ်တော်သည် ကျွန်တော်တို့တွင် ၂ 23.6 ပါဠိ- ဘုရားသခင်နှင့်ဆိုင်ရာအကြီးအကဲ။တန်ခိုးကြီးသောမင်းဖြစ်ပါ၏။ ကျွန်တော်တို့သင်္ချၖိုင်းများအနက် ရွေးချယ်၍ အလောင်းကိုသင်္ဂြိုဟ်တော်မူပါ။ မသင်္ဂြိုဟ်စေရန် ကျွန်တော်တို့တွင် မည်သူမျှကိုယ့်သင်္ချၖိုင်းကို မပေးဘဲနေမည်မဟုတ်ပါဟု အာဗြဟံအား ပြန်လျှောက်ကြ၏။
7 အာဗြဟံသည်ထ၍ ထိုပြည်သားဖြစ်သောဟေသအမျိုးသားတို့ရှေ့ ဦးညွတ်လျက်၊
8 ကျွန်ုပ်သည် အလောင်းကိုမျက်ကွယ်အောင် သင်္ဂြိုဟ်စေရန် သင်တို့သဘောတူကြလျှင် ကျွန်ုပ်စကားကို ကြားနာကြဦးလော့။
9 သင်တို့တွင် ကျွန်ုပ်ပိုင်သင်္ချၖိုင်းရရှိစေခြင်းငှါ ဇောဟာ့သားဧဖရုန်သည် ကိုယ့်မြေကွက်အစွန်းရှိ မပ္ပေလဂူကို ထိုက်သမျှအဖိုးငွေနှင့်ရောင်းစေရန် ထိုသူ့ကိုကျွန်ုပ်အတွက် တိုက်တွန်းကြပါလော့ဟု ကြားပြောလေ၏။
10 ထိုအခါ ဟိတ္တိလူ ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်နေသည်ဖြစ်၍ မြို့တံခါးဖြင့်ထွက်၀င်ပိုင်သူဟူသမျှသော ဟေသအမျိုးသားတို့ရှေ့၊
11 အရှင်ဘုရား၊ ထိုသို့မဖြစ်ပါစေနှင့်။ ကျွန်တော့်စကားကိုနာယူတော်မူပါ။ ထိုမြေကွက်နှင့် ၎င်းဂူကို ကိုယ်တော်အား ကျွန်တော်ဆက်သပါ၏။ အမျိုးသားချင်းတို့ရှေ့၌ပင် ဆက်သပါ၏။ အလောင်းကိုသင်္ဂြိုဟ်တော်မူပါဟု အာဗြဟံအား ပြန်လျှောက်လေ၏။
12 အာဗြဟံလည်း ထိုပြည်သားတို့ရှေ့ ဦးညွှတ်လျက်၊
13 ကျွန်ုပ်စကားကိုနာယူခဲ့ပါက ထိုမြေကွက်အဖိုးငွေကို ကျွန်ုပ်ပေးပါမည်။ လက်ခံပါလော့။ သို့မှထိုအရပ်၌အလောင်းကို သင်္ဂြိုဟ်ပါမည်ဟုလည်းေကာင်း၊ ပြည်သားတို့ရှေ့ ဧဖရုန်အားပြောဆို၏။
14-15 ဧဖရုန်ကလည်း အရှင်ဘုရား၊ နာယူတော်မူပါဦး။ ငွေလေးပိဿာမျှအဖိုးတန်သောမြေသည် ကိုယ်တော်နှင့်ကျွန်တော်၌ အဘယ်အတွက်ရှိပါသနည်း။ အလောင်းကိုသင်္ဂြိုဟ်တော်မူပါဟု အာဗြဟံအား ပြန်လျှောက်လျှင်၊
16 အာဗြဟံသည် ဧဖရုန်စကားကိုကြားနာသဖြင့် ဟေသအမျိုးသားတို့ရှေ့ ဧဖရုန့်စကားအတိုင်း ကုန်သည်သုံး ငွေလေးပိဿာကိုချိန်၍ သူ့အားပေးလေ၏။
17 ထိုသို့လျှင် မံရေမြို့ရှေ့၊ မပ္ပေလအရပ်ရှိဧဖရုန့်မြေကွက်ကိုလည်းေကာင်း၊ ထိုမြေကွက်ရှိ ဂူနှင့်သစ်ပင်ဟူသမျှကိုလည်းေကာင်း၊
18 မြို့တံခါးဖြင့်ထွက်၀င်ပိုင်သူဟူသမျှသော ဟေသအမျိုးသားတို့ရှေ့၊ အာဗြဟံသည် ထာ၀ရအပိုင်ရလေ၏။
19 ထိုနောက်အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန်၊ တနည်း မံရေမြို့ရှေ့၊ မပ္ပေလမြွေကွက်ရှိဂူတွင် မယားစာရာ့အလောင်းကို သင်္ဂြိုဟ်လေ၏။
20 ထိုမြေကွက်နှင့်၎င်းဂူကို သင်္ချၖိုင်းဖြစ်စေခြင်းငှါ ဟေသအမျိုးသားတို့သည် အာဗြဟံအား ထာ၀ရအပိုင်ပေးကြကုန်၏။