16
1 အာဗြံ၏မယားစာရဲသည် သားမရသဖြင့်၊ ဟာဂရခေါ်အိဂျစ်ပြည်သူ ကျွန်မိန်းမတစ်ယောက်ရှိသည်နှင့်၊
2 အာဗြံအားပြောဆိုသည်မှာ၊ သားရခွင့်ကိုကျွန်မအား ထာ၀ရဘုရားပေးတော်မမူ။ ကျွန်မ၏ကျွန်မိန်းမထံ ၀င်ပါလေ။ သူမှကျွန်မသားရကောင်းရလိမ့်မည်ဟူသောစကားကို အာဗြံနားထောင်လေ၏။
3 ထိုသို့ခါနာန်ပြည်တွင် ဆယ်နှစ်ကြာအာဗြံနေပြီးမှ မယားစာရဲသည် အိဂျစ်ပြည်သူကျွန်မိန်းမဟာဂရကို ခေါ်လျက် အငယ်အနှောင်းထားစေရန် ခင်ပွန်းအာဗြံသို့အပ်နှင်းသည့်အတိုင်း၊
4 အာဗြံထွက်၀င်သဖြင့် ဟာဂရသန္ဓေစွဲလေ၏။ စွဲကြောင်းသိလျှင်ကိုယ့်သခင်မကို အထင်အမြင်သေးသောကြောင့် စာရဲက၊ ကျွန်မခံရသောနစ်နာမှုသည် အမောင်ကြောင့်ဖြစ်ရ၏။
5 ကျွန်မိန်းမကို အမောင့်ရင်ခွင်ရောက်အပ်နှင်းသည့်အလျောက် သန္ဓေစွဲကြောင်းသူသိသော် ကျွန်မကို အထင်အမြင်သေးပါသည်တကား။ ကျွန်မနှင့်အမောင်၊ နှစ်ယောက်တို့စပ်ကြား ထာ၀ရဘုရား တရားစီရင်တော်မူပါစေသောဟု အာဗြံအားဆိုရာ၊
6 အာဗြံက၊ သင့်ကျွန်မိန်းမသည် သင့်လက်၀ယ်ရှိ၏။ သင်ထင်မြင်တိုင်းပြုလေလော့ဟု စာရဲအားပြန်ဆိုလျှင်၊စာရဲညှဥ်းပန်းသဖြင့် ထိုကျွန်မိန်းမသည် သခင်မထံမှထွက်ပြေးလေ၏။
7 ထာ၀ရဘုရား၏စေတမန်တော်သည် ရှုရလမ်း၊ သဲတောရှိစမ်းရေတွင်းအနီး ဟာဂရကိုတွေ့လျှင်၊
8 စာရဲကျွန်မိန်းမဟာဂရ၊ အဘယ်ကလာ၍ အဘယ်သို့သွားအံ့နည်းဟုမေးသော် သခင်မစာရဲထံမှ ကျွန်မပြေးခဲ့ပါသည်ဟု လျှောက်သောအခါ။
9 သင့်သခင်မထံပြန်၍ သူ့အောက်ကြို့လော့ဟု ထာ၀ရဘုရား၏စေတမန်တော်မိန့်ဆို၏။
10 ထာဝရဘုရား၏ စေတမန်တော်မိန့်ဆိုပြန်သည်မှာ သင့်အမျိုးအနွယ်ကို မရေတွက်နိုင်အောင် ငါအလွန်ပွားများစေမည်ဟူ၍လည်းေကာင်း၊ ကိုယ်၀န်ဆောင်သောသင်သည် သားယောကျ်ားကိုဖွားမြင်လိမ့်မည်။
11 သင်ခံရသောညှဥ်းပန်းခြင်းအကြောင်း ထာ၀ရဘုရားကြားသိတော်မူသည်ကိုအစွဲပြု၍ ထိုသားကို ၓ၁ 16.11 အနက်ကား ၒ- ဘုရားသခင်ကြားသိတော်မူ၏။ဣရှမေလအမည်ဖြင့် မှည့်ရမည်။
12 လူ့ဘောင်တွင် မြည်းရိုင်းသဖွယ်သူဖြစ်လိမ့်မည်။ လူတိုင်းကိုရန်ဘက်ပြု၍ လူတိုင်းလည်း သူ့ကိုရန်ဘက်ပြုလိမ့်မည်။ ဆွေမျိုးသားချင်းအပေါင်းတို့အရှေ့ဘက်တွင် တည်နေရလိမ့်မည်ဟူ၍လည်းေကာင်း၊ မိန့်ဆိုလေ၏။
13 ဟာဂရက၊ ငါ့ကိုရှုမြင်တော်မူသောအရှင့်နောက်တော်ကို ၒဤအရပ်တွင်ပင် ငါဖူးမြင်ရပြီတကားဟုဆိုလျက် သူ့အားမိန့်မြွက်တော်မူသော ထာ၀ရဘုရား၏နာမတော်ကို ဒိဗ္ဗစက္စုတည်ရှိသော ဘုရားကိုယ်တော်ဟုမှည့်ခေါ်လေ၏။
14 ၕဤအကြောင်းကိုအစွဲပြု၍ ထိုရေတွင်းကို ၂ 16.14 အနက်ကား ၒ- ငါ့ကိုရှုမြင်သည့်အသက်ရှင်ေတာ်မူေသာအရှင်၏ေရတွင်း။ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့စပ်ကြားမှာ ထိုတွင်းရှိသတည်း။
15 ၎င်းနောက်ဟာဂရသည် အာဗြံဖြင့် သားယောကျ်ားကိုဖွား၏။ ဟာဂရဖွားသောထိုသားကို အာဗြံသည် ၓဣရှမေလအမည်မှည့်လေ၏။
16 ဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အာဗြံအသက်ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။