10
ရေလွှမ်းမိုးပြီးနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်ကို ဆိုပေအံ့။
ယာဖက်၏သားများကား၊ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တို့တည်း။ ဂေါမာ့သားများကား၊ အာရှ​ေကနတ်၊ ရိဖတ်၊ တော်ဂမတို့တည်း။ ယာဝန့်သားများကား၊ ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တို့တည်း။ ထိုသူတို့မှဆင်းသက်၍ သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း၌နေသော ကျွန်းနိုင်ငံသားအမျိုးမျိုးတို့သည် ကွဲပြားရှိနေကြ၏။
ဟာမ၏သားများကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တို့တည်း။ ကုရှသားများကား၊ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတို့တည်း။ ရာဂမသားများကား၊ ရှေဘ၊ ဒေဒန်တို့တည်း။ ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အစွမ်းကောင်းသောလူဦးဖြစ်၏။ နိမ်ရောဒသည် ထာဝရဘုရားမျက်မှောက်တော်၌ အစွမ်းကောင်းသောမုဆိုးဖြစ်၍ ဘုရားသခင်ရှေ့မှောက်၊ စွမ်းပေါက်မုဆိုး၊ ကျော်ဟိုးမည်ရ၊ နိမ်ရောဒသဖွယ်ဟူ၍ဆိုလေ့ရှိကြ၏။ 10 ထိုသူ၏ ရှေးဦးနိုင်ငံကား၊ ရှိနာပြည်၊ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့များတည်း။ 11 ထိုပြည်မှ အာရှုရိပြည်သို့သွား၍ နိနေ​ေဝမြို့၊ ရဟောဘုတ်ၒဣရမြို့၊ ကာလမြို့များကိုလည်းေကာင်း၊ 12 နိနေဝေမြို့နှင့်ကာလမြို့စပ်ကြားမှာ ရေသင်မြို့ကိုလည်းေကာင်း တည်ထောင်လေ၏။ ၎င်းလေးမြို့ကား မြို့ကြီးဖြစ်၏။ 13 မိဇရိမ့်သားများကား၊ လုဒိမ်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊ 14 ပါသရုသိမ်၊ ကာသလုဟိမ်၊ ကတေ္တာရိမ်တို့တည်း။ ကာသလုဟိမ်မှ ဖိလိတိမ်ဆင်းသက်၏။
15 ခါနာန့်သားများကား၊ သားဦးဇိဒုန်၊ ဟေသ။ 16 ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊ 17 ဟိဝိ၊ အာကိ၊ သိနိ၊ အာ၀ဒိ၊ ဇေမရိ၊ ဟာမသိတို့တည်း။ 18 ထိုနောက်ခါနာန့်အမျိုးအနွယ်တို့သည် နှံ့ပြားကြကုန်၏။ 19 ခါနာန်နယ်အ၀ှမ်းသည် ဇိဒုန်မြို့မှဂေရာမြို့လမ်း၊ ဂါဇမြို့တိုင်အောင်လည်းေကာင်း၊ တစ်ဖန်သောဒုံမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့လမ်း၊ လာရှမြို့တိုင်အောင်လည်းေကာင်း ကျယ်သတည်း။ 20 ထိုသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်ပြည် အတိုင်းတိုင်း၌နေသော ဟာမသားများဖြစ်ကြကုန်သတည်း။
21 ယာဖက်အစ်ကို၊ ဟေဗာ့အမျိုးသားအပေါင်းတို့၏အဘ၊ ရှေမလည်း သားများကိုရလေ၏။ 22 ရှေမသားများကား၊ ဧလံ၊ အာရှုရိ၊ အာဖာဇဒ်၊ လုဒ၊ အာရံတို့တည်း။ 23 အာရံသားများကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတို့တည်း။ 24 အာဖာဇဒ်၏သား ရှာလ၊ ရှာလ၏သား ဟေဗာတည်း။ 25 ဟေဗာသည် သားနှစ်ယောက်တို့ကိုရသည့်အနက်တ​စ်ယောက်မှာ ၎င်းလက်ထက်မြေခွဲ​ေ၀ယူကြသည်ကို အစွဲပြု၍ 10.25 အနက်ကား ၒ- ခွဲ​ေ၀ခြင်းဖာလက်အမည်မှည့်၏။ သူ့ညီမှာ၊ ယုတ္တန် အမည်ရှိ၏။ 26 ယုတ္တန့်သားများကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ 27 ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊ 28 ဩဗလ၊ အဘိမေလ၊ ရှေဘ၊ 29 ဩဖိရ၊ ဟဝိလ၊ ယောဗပ်တို့တည်း။ ယုတ္တန့်သားဖြစ်သော ထိုသူအပေါင်းတို့၏တည်နေရာကား၊ 30 မေရှမြို့မှသေဖာမြို့လမ်း အရှေ့မျက်နှာတောင်တန်းတိုင်အောင်ဖြစ်သတည်း။ 31 ဆိုခဲ့သောသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက် အပြည်ပြည်အတိုင်းတိုင်း၌နေသော ရှေမသားများဖြစ်ကြကုန်သတည်း။
32 နောဧသားတို့၏ ဆွေစဥ်မျိုးဆက်၊ အမျိုးအနွယ်အသီးအသီးအလိုက်စာရင်းကား ဤသို့တည်း။ ရေလွှမ်းမိုးပြီးနောက် လူအမျိုးမျိုးတို့သည် ထိုသူတို့မှဆင်းသက်၍ မြေကြီးပေါ်မှာကွဲပြားရှိနေကြ၏။