6
ထာဝရဘုရားက၊ ငါသည်ဖာရောမင်းအားမည်သို့ပြုမည်ကို ယခုသင်သိရအံ့။ ထိုမင်းသည် အားကြီးသောလက်ရုံးတော်ဒဏ်ခံရလျက် ငါ့လူမျိုးကိုလွှတ်ရလိမ့်မည်။ အားကြီးသောလက်ရုံးတော်ဒဏ်ခံရမှသာ သူ့ပြည်ကထွက်စေလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
တစ်ဖန်၊ ဘုရားသခင်သည် မောရှေအားမိန့်မြွက်တော်မူသည်မှာ၊ ငါသည်ထာဝရဘုရားပေတည်း။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား 6.3 ပါဠိ - ဧလရှေဒ္ဒအနန္တတန်ခိုးရှင်ဘုရားသခင့်နာမတော်နှင့် ငါထင်ရှားခဲ့သော်လည်း 6.3 ပါဠိ - ေယေဟာ၀ါထာဝရဘုရားနာမတော်ဖြင့် ထိုသူတို့သည်ငါ့ကိုမသိကြ။ သူစိမ်းအဖြစ်တည်းခိုရာ ခါနာန်ပြည်ကို သူတို့အားပေးသနားရန် ပဋိညာဉ်ကိုလည်းငါဖွဲ့ထားခဲ့သည်နှင့်၊ အိဂျစ်လူတို့ကျွန်စေစားသော ဣသရေလအမျိုးသားတို့ မြည်တမ်းသံကြားရသဖြင့် ထိုပဋိညာဉ်ကိုငါသတိရပြီ။ ထိုကြောင့်၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည်ထာဝရဘုရားပေတည်း။ သင်တို့ကိုအိဂျစ်လူတို့ထံ အလုပ်ဝန်မှထုတ်ဆောင်၍ ကျွန်စေစားရာမှလည်းကယ်လွှတ်လျက် လက်ရုံးတော်ဆန့်တန်းခြင်း၊ မဟာဒဏ်စီရင်ခြင်းများဖြင့် ငါရွေးနုတ်မည်။ လူမျိုးတော်အဖြစ် သင်တို့ကိုငါသိမ်းပိုက်လျက် သင်တို့ဘုရားသခင်ဖြစ်မည်။ အိဂျစ်လူတို့ထံ အလုပ်ဝန်မှထုတ်ဆောင်သော သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်သည်ကို သိရကြလတ္တံ့။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါလက်ရုံးမြှောက်လျက် သစ္စာဆိုခဲ့သောပြည်သို့ ဆောင်သွင်းပြီးလျှင် သင်တို့အားအပိုင်ပေးမည်။ ငါထာဝရဘုရားဖြစ်ကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ဣသရေအမျိုးသားတို့အား မောရှေဆင့်ဆိုသော်လည်း စိတ်နာသောကြောင့်လည်းေကာင်း၊ အကြပ်အတည်းကျွန်ခံရသောကြောင့်လည်းေကာင်း၊ မောရှေစကားကို နားမထောင်ဘဲနေကြ၏။
10-11 ထာဝရဘုရားကလည်း အိဂျစ်ဘုရင်ဖာရောမင်းထံဝင်၍ ဣသရေလအမျိုးသားတို့ကို သူ့ပြည်မှလွှတ်စေရန်ပြောလော့ဟု မောရှေအားမိန့်တော်မူသော်၊ 12 မောရှေက၊ အကျွန်ုပ်စကားကို ဣသရေလအမျိုးသားတို့နားမထောင်ကြလေစွ။ 6.12 ပါဠိ - နှုတ်လှီးဖြတ်ခြင်းမင်္ဂလာမခံသူနှုတ်ဆွံ့သူအကျွန်ုပ်၏စကားကို ဖာရောမင်းမည်သို့နားထောင်ပါအံ့နည်းဟု ထာဝရဘုရားမျက်မှောက်တော်တွင် လျှောက်ဆို၏။ 13 ထိုသို့ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်စေရန် မောရှေနှင့်အာရုန်တို့အား ဣသရေလအမျိုးသားတို့ထံလည်းေကာင်း၊ အိဂျစ်ဘုရင်ဖာရောမင်းထံလည်းေကာင်း၊ စေခိုင်းမိန့်မှာတော်မူ၏။
14 ၎င်းတို့အိမ်ထောင်များ၏အဘများကို ဆိုပေအံ့။ ဣသရေလသားဦးရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့တည်း။ ရုဗင့်အဆက်အနွယ်များသည် ထိုသို့ဖြစ်၏။ 15 ရှိမောင့်သားများကား ယေမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်သူမိန်းမ၏သားရှောလတို့တည်း။ ရှိမောင့်အဆက်အနွယ်များသည် ထိုသို့ဖြစ်၏။ 16 လေဝိသား၊ ဆွေစဉ်မျိုးဆက်အလိုက်အမည်စာရင်းကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တည်း။ လေဝိအသက်နှစ်ပေါင်းမှာ တစ်ရာ့သုံးဆယ့်ခုနစ်နှစ်တည်း။ 17 ဂေရရှုံသားနှင့်အဆက်အနွယ်များကား လိဗနိ၊ ရှိမိတို့တည်း။ 18 ကောဟတ်သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့တည်း။ ​ေကာဟတ်အသက်နှစ်ပေါင်းမှာ တစ်ရာ့သုံးဆယ့်သုံးနှစ်တည်း။ 19 မေရာရိသားများကား မဟာလိနှင့်မုရှိတို့တည်း။ လေဝိအဆက်အနွယ်များသည် ဆွေစဉ်မျိုးဆက်အလိုက် ထိုသို့ဖြစ်၏။ 20 အာမရံသည် အရီးယောခေဗက်နှင့် အိမ်ထောင်ဘက်ပြု၍ ထိုမိန်းမသည် အာရုန်နှင့်မောရှေတို့ကိုဖွား၏။ အာမရုံ့္အသက်နှစ်ပေါင်းမှာ တစ်ရာ့သုံးဆယ့်ခုနစ်နှစ်တည်း။ 21 ဣဇဟာသားများကား၊ ကောရ၊ နေဖက်၊ ဇိခရိ တို့တည်း။ 22 ဩဇေလသားများကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိ တို့တည်း။ 23 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန့်နှမ ဧလိရှဘနှင့် အိမ်ထောင်ဘက်ပြု၍ ထိုမိန်းမသည် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကိုဖွား၏။ 24 ကောရသားများကား အဿိရ၊ ဧလကာန၊ အဗျာသပ်တို့တည်း။ ကောရအဆက်အနွယ်များသည် ထိုသို့ဖြစ်၏။ 25 အာရုန့်သားဧလာဇာသည် ပုတျေလသမီးတစ်ယောက်နှင့်အိမ်ထောင်ဘက်ပြု၍ ထိုမိန်းမသည် ဖိနဟတ်ကိုဖွား၏။ လေဝိအိမ်ထောင်များ၏အဘတို့သည် အဆက်အနွယ်အလိုက်ထိုသို့ဖြစ်သတည်း။ 26 ဣသရေလအမျိုးသားတို့ကို ဗိုလ်ခြေအလိုက်အိဂျစ်ပြည်မှထုတ်ဆောင်လော့ဟူသော ထာဝရဘုရား၏အမိန့်တော်ကို နာခံရသူတို့ကား ဆိုခဲ့သောအာရုန်နှင့်မောရှိတို့တည်း။ 27 ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်ရန် အိဂျစ်ဘုရင်ဖာရောမင်းထံလျှောက်ရသောသူတို့ကား ထိုမောရှေနှင့်အာရုန်တို့ပင်တည်း။
28 ထာဝရဘုရားသည် အိဂျစ်ပြည်တွင် မောရှေအားမိန့်မြွက်တော်မူသောနေ့ရက်၌လည်း၊ 29 ငါသည်ထာဝရဘုရားပေတည်း။ သင့်အားငါမိန့်မှာသမျှကို အိဂျစ်ဘုရင်ဖာရောမင်းထံ ဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသော်၊ 30 မောရှေက၊ အကျွန်ုပ်သည် နှုတ်ဆွံ့သောသူဖြစ်ပါသည်တကား။ အကျွန်ုပ်စကားကို ဖာရောမင်းမည်သို့နားထောင်ပါအံ့နည်းဟု ထာဝရဘုရားမျက်မှောက်တော်တွင် လျှောက်ဆို၏။