7
1 ထိုသို့ဘုရင်မင်းနှင့်ဟာမန်တို့သည်၊ မိဖုရားဧသတာနှင့်အတူ ပွဲတော်တည်ရန်ဝင်ရောက်ပြီးလျှင်၊
2 ဒုတိယနေ့စပျစ်ရည်ပွဲတော်၌ ဘုရင်မင်းက၊ မိဖုရားဧသတာ၊ မည်သို့တောင်းလျှောက်လိုသနည်း။ ငါပေးမည်။ မည်သည်ကိုလိုသနည်း။နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟုမိန့်ဆိုလျှင်၊
3 မိဖုရားဧသတာက၊ အိုဘုရင်မင်းမြတ်၊ ကျွန်မသည် မျက်နှာသာရ၍၊ သဘောတော်မြတ်ပါမူ၊ ကျွန်မတောင်းလျှောက်သည့်အတိုင်း၊ အသက်ချမ်းသာကိုလည်းေကာင်း၊ အလို ဆ န္ဒအတိုင်း၊ အမျိုးသားချင်းတို့ကိုလည်းေကာင်း ပေးသနားတော်မူပါ။
4 ကျွန်မမှစ၍ အမျိုးသားချင်းတို့ပါ၊ သတ်ဖြတ်ကွပ်မျက်ဖျက်ဆီးခံရသောအဖြစ်သို့ ရောင်းချပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမအဖြစ်သို့ ရောင်းချရုံမျှဖြစ်ခဲ့လျှင်၊ ဘုရင်မင်း အကျိုးတော်ယုတ်သည်နှင့်အမျှ၊ ရန်သူက အဖိုးမလျော်နိုင်သော်လည်း၊ ကျွန်မဆိတ်ဆိတ်နေရလေစွဟု တင်လျှောက်လေ၏။
5 အာရွှေရုမင်းက၊ ထိုသို့ပြုရန်ကြံစည်ဝံ့သူကား၊ မည်သူနည်း။ မည်သည့်အရပ်မှာရှိသနည်းဟုမေးမြန်းရာ၊
6 မိဖုရားဧသတာက၊ ဘက်ပြိုင်သောရန်သူမှာ၊ ဆိုးသွမ်းသော ဤဟာမန်တည်းဟုတင်လျှောက်သော်၊ ဟာမန်သည်၊ ဘုရင်မင်းနှင့်မိဖုရားတို့ရှေ့ တုန်လှုပ်လျက်နေ၏။
7 ထိုအခါ၊ ဘုရင်မင်းအမျက်ထွက်၍၊ စပျစ်ရည်ပွဲတော်မှ ဥယျာဉ်တော်သို့ထသွားရာတွင်၊ ဘုရင်မင်းပြစ်ဒဏ်စီရင်မည်ကို ရိပ်မိသောဟာမန်သည်၊ မိဖုရားဧသတာထံ အသက်ချမ်းသာခွင့်တောင်းရန်ထပြီးလျှင်၊
8 ဥယျာဉ်တော်မှ စပျစ်ရည်ပွဲခန်းတော်သို့၊ ဘုရင်မင်းပြန်ကြွခိုက်၊ ဧသတာစက်ရာသာလွန်ကိုမှီခိုပျပ်ဝပ်သဖြင့်၊ ဘုရင်မင်းက၊ ငါ့ရှေ့နန်းတွင်း၌ပင်၊ မိဖုရားကိုရှုတ်ချ မည်လောဟုမိန့်ဆိုသည်နှင့် တစ်ပြိုင်နက်၊ ဟာမန့်မျက်နှာကိုမင်းစေတို့ဖုံးချည်ကြ၏။
9 အပါးတော်မြဲမိန်းမစိုးဟာဗောနကလည်း၊ ဘုရင်မင်းအကျိုးတော်ကိုလိုလားသော မော်ဒကဲအဖို့ဟာမန်စိုက်သောအမြင့်တောင်ရေငါးဆယ်ရှိလည်ဆွဲတိုင်သည်၊ ချင့်အိမ်ဝင်း၌ရှိပါသည်ဟုတင်လျှောက်သော်၊ ထိုတိုင်၌ ဆွဲထားစေဟူသောအမိန့်တော်အတိုင်း၊
10 မော်ဒကဲအဖို့စိုက်ခဲ့သောလည်ဆွဲတိုင်၌ ဟာမန်ကိုဆွဲထားသဖြင့်၊ ဘုရင်မင်းစိတ်တော်ပြေလေ၏။