8
အာတဇေရဇ်မင်းလက်ထက်၊ ငါနှင့်အတူဗာဗုလုန်မြို့မှပြန်သွားသူ၊ ဘေးစဉ်ဘိုးဆက်စာရင်းအတိုင်း၊ အိမ်ထောင်အအုပ်အချုပ်တို့ အမည်များကား။ ဖိနဟတ်အဆက်ဂေရရှုံ၊ ဣသမာ့အဆက်ဒံယေလ။ ဒါဝိဒ်အဆက်ဟတ္တုတ်၊ ရှေကနိအနွယ်၊ ပါရုတ်အဆက်ဇာခရိနှင့်စာရင်းဝင်ယောက်ျားတစ်ရာ့ငါးဆယ်။ ပါဟတ်မောဘအဆက်ဇေရဟိသားဧလျောနဲနှင့်ယောက်ျားနှစ်ရာ။ ရှေကနိအဆက် ယဟာဇေလသားနှင့် ယောက်ျားသုံးရာ။ အာဒိန့်အဆက်၊ ယောနသန့်သားဧဗက်နှင့် ယောက်ျားငါးဆယ်။ ဧလံ့အဆက်၊ အာသလိသားယေရှာယနှင့်ယောက်ျားခုနစ်ဆယ်။ ရှေဖတိအဆက် မိက္ခေလသားဇေဗဒိနှင့်ယောက်ျားရှစ်ဆယ်။ ယွာဘအဆက် ယေဟေလသားဩဗဒိနှင့်ယောက်ျားနှစ်ရာ့တစ်ဆယ့်ရှစ်။ 10 ရှေေလာမိတ်အဆက် ယောသိဖိသားနှင့် ယောက်ျားတစ်ရာ့ခြောက်ဆယ်။ 11 ဗေဗဲအဆက် ဗေဗဲသားဇာခရိနှင့်ယောက်ျားနှစ်ဆယ့်ရှစ်။ 12 အာဇဂဒ်အဆက် ဟက္ကတန့်သားယောဟနန်နှင့်ယောက်ျားတစ်ရာ့တစ်ဆယ်။ 13 အဒေါနိကံ့သားနှောင်းတို့အဆက်ဖြစ်သူဧလိဖလက်၊ ယွေလ၊ ရှေမာယတို့နှင့် ယောက်ျားခြောက်ဆယ်။ 14 ဗိဂဝဲအဆက်ဥသဲ၊ ဇဗ္ဗုဒ်တို့နှင့်၊ ယောက်ျားခုနစ်ဆယ်တို့တည်း။
15 ထိုသူတို့ကို၊ အဟာဝမြို့သို့စီးသောမြစ်နားတွင်စုဝေးစေလျက်၊ သုံးရက်ပတ်လုံးတဲ၌နေကြစဉ်၊ အသည်သားနှင့်ပရောဟိတ်တို့ကို ငါစစ်ဆေးရာ၊ လေဝိဂိုဏ်းသား တစ်ယောက်ကိုမျှမတွေ့သဖြင့်၊ 16 အကြီးအကဲ ဧေလျဇာ၊ အရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံတို့နှင့်ဆရာတော်ယောယာ ရိပ်၊ ဧလနာသန်တို့ကိုခေါ်ပြီးလျှင်၊ 17 ကသိဖိမြို့၌နေရစ်သောအအုပ်အချုပ်ဣဒ္ဒေါ့ထံစေလွှတ်လျက်၊ ငါတို့ဘုရားသခင်ဗိမာန့်တော်အမှုဆောင်တို့ကိုခေါ်စေရန်၊ ထိုမြို့ရှိဣဒ္ဒေါမှစ၍ဆွေမျိုးသားချင်းတို့နှင့်၊ ကျွန်သီးတော်များအားဆင့်ဆိုမှာလိုက်လေ၏။ 18 ငါတို့အပေါ်တွင်၊ ကိုယ့်ဘုရားသခင်၏မြင့်မြတ်သောလက်တော်တည်ရှိသောကြောင့်၊ ထိုသူတို့သည်၊ ဣသရေလသား လေဝိ အနွယ်၊ မဟာလိအဆက်၊ ဣရှကေလ၊ ရှေရဘိတို့နှင့်၊ ဆွေမျိုးသားချင်းတစ်ဆယ့်ရှစ်။ 19 မေရာရိအဆက်၊ ဟာရှဘိ၊ ယေရှာယတို့နှင့် ဆွေမျိုးသားချင်းနှစ်ဆယ်။ 20 လေဝိဂိုဏ်းသားတို့အားထောက်ခံရန်၊ ဒါဝိဒ်မင်းနှင့်မှူးတော်မတ်တော်တို့စီမံခဲ့သောကျွန်သီးတော်တို့အနက်၊ စာရင်းဝင်သူနှစ်ရာ့ နှစ်ဆယ်တို့ကိုခေါ်ခဲ့ကြ၏။
21 ထိုနောက်၊ ဥစ္စာခမ်းနား၊ သားသမီးများနှင့်တကွ၊ ငါတို့သွားရာလမ်းဖြောင့်ကို ငါတို့ဘုရားသခင့်ထံရှာရန်၊ မျက်မှောက်တော်တွင် နှိမ့်ချစွာအစာရှောင်အံ့သောနေ့ကို၊ အဟာဝမြစ်နားမှာ၊ ငါကြော်ငြာ၏။ 22 အဘယ့်ကြောင့်ရှာရမည်ဆိုသော်၊ ငါတို့ဘုရားသခင့်လက်တော်သည်၊ ကိုယ်တော်ကိုရှာဖွေသူတို့အပေါ်တွင်၊ ကာကွယ်ရန် တည်ရှိတော်မူပါ၏။ စွန့်ခွာသူတို့အပေါ် တွင်မူကား၊ အမျက်တော်၊ တန်ခိုးတော်သင့်ရောက်ပါသည်ဟု၊ ဘုရင်မင်းထံငါတို့တင်လျှောက်ခဲ့ သည့်အတွက်၊ လမ်းခရီး၌ ရန်သူတို့ကို တိုက်လှန်စေခြင်းငှာ၊ စစ်သူရဲ၊ မြင်းစီးသူရဲ တို့ကိုတောင်းရန်ငါရှက်လှ၏။ 23 ထို့ကြောင့်၊ ငါတို့ဘုရားသခင့်ထံ တောင်းလျှောက်လျက်၊ အစာရှောင်လျက်နေကြစဉ်၊ ဘုရားသခင်နားညောင်းတော်မူ၏။
24 ထိုအခါ၊ ရှေရဘိ၊ ဟာရှဘိတို့မှစ၍ ဆွေမျိုးသားချင်းတစ်ဆယ်၊ ပရောဟိတ်အကြီးအကဲဆယ့်နှစ်ပါးကိုငါရွေးကောက်ပြီးလျှင်၊ 25 ဘုရားသခင့်ဗိမာန်တော်အဖို့၊ ဘုရင်မင်း၊ မင်းတိုင်ပင်၊ မှူးတော်မတ်တော်တို့နှင့်တွေ့သမျှဣသရေလလူမျိုးကိုမြှောက်ဆက်ကြ သော ရွှေ၊ ငွေ၊ အသုံးအဆောင်များ ကို ချိန်တွယ်ပေးအပ်သည်မှာ၊ 26 ငွေချိန်ခွက်တစ်သောင်းကိုးထောင့်ငါးရာ၊ ငွေအသုံးအဆောင်အချိန်ခွက် သုံးထောင်၊ 27 ရွှေချိန်ခွက်သုံးထောင်၊ ရွှေဒင်္ဂါးတစ်ထောင်စီး ရွှေဖလားနှစ်ဆယ်၊ ရွှေနှင့်အမျှထိုက်တန်သောကြေးစင်အသုံးအဆောင်တစ်စုံများကို၊ လက်ရောက်အပ်ပေးသောအခါ၊ 28 ငါက၊ သင်တို့သည်ထာဝရဘုရားအဖို့သီးသန့်သူဖြစ်ကြ၏။ အသုံးအဆောင်များပါ သီးသန့်လေပြီ။ ရွှေငွေများလည်း၊ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားအား လှူဒါန်းခဲ့သော ဝတ္ထုဖြစ်၏။ 29 ယေရုရှလင်မြို့ရှိဗိမာန်တော်အခန်းများတွင်၊ ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့အကြီးအကဲ၊ အိမ်ထောင်အကြီးအကဲတို့ရှေ့ မချိန်မချင်း၊ ထိန်းသိမ်းစောင့်ရှောက်ကြလော့ဟုဆိုသည်နှင့်အညီ၊ 30 ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့သည်၊ ချိန်ခဲ့သော ရွှေ၊ ငွေ၊ အသုံးအဆောင်များကို၊ ယေရုရှလင်မြို့၊ ငါတို့ဘုရားသခင့်ဗိမာန် တော်သို့ပို့ဆောင်ခြင်းငှာခံယူကြ၏။
31 ငါတို့လည်း၊ ယေရုရှလင်မြို့သို့သွားလိုသည့်အတိုင်း၊ ပဌမလတစ်ဆယ့်နှစ်ရက်၊ အဟာဝမြစ်မှထွက်သွားကြရာ၊ ငါတို့အပေါ်တွင်၊ ကိုယ့်ဘုရားသခင့်လက်တော်တည်ရှိ သည်နှင့်အညီ၊ ခရီးအကြားတပ်ပုန်းချနေသောရန်သူတို့လက်မှ လွတ်စေတော်မူ၏။ 32 ယေရုရှလင်မြို့သို့ရောက်၍သုံးရက်ဆိုင်းနေပြီးမှ၊ 33-34 စတုတ္ထနေ့၌ ငါတို့ဘုရားသခင့်ဗိမာန်တော်တွင်၊ ဥရိယသားပရောဟိတ်မေရမုတ်၊ ဖိနဟတ်သားဧလာဇာ၊ ယောရှုသားလေဝိ ဂိုဏ်းဝင်ယောဇဗဒ်၊ ဗိနွိသားနောဒိတို့ လက်ရောက်။ ရွှေ၊ ငွေ၊ အသုံးအဆောင်ဟူသမျှကို၊ ရေတွက် ချိန်တွယ်ပေးအပ်သောအခါ၊ စာရင်းမှတ် ယူကြ၏။ 35 သုံ့ဘန်းသိမ်းသွားရာမှပြန်လာရသူတို့သည်၊ ဣသရေလတစ်မျိုးလုံးအတွက်နွားဆယ့်နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုးသားငယ်ခုနစ်ဆယ့်ခုနစ်ကောင်များကို၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား၊ မီးရှို့ရာသက္ကာအဖြစ်ပူဇော်လျက်၊ အပြစ်ဖြေရာသက္ကာအဖြစ်လည်း၊ ဆိတ်ထီးဆယ့်နှစ်ကောင် ကိုပူဇော်ကြ၏။ 36 မြစ်ကြီးအနောက်ဘက်ရှိ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့ထံ၊ ဘုရင်မင်းအမိန့်တော်ကို တင်ကြရာ၊ သူတို့သည်၊ လူမျိုးတော့်အစေနှင့် ဘုရားသခင့်ဗိမာန်တော်ဝတ်ကို ဆောင်ရွက်ပြုစုကြကုန်၏။