10
ထိုသို့ဧဇရသည်၊ ဘုရားသခင်ဗိမာန်တော်ရှေ့တွင်ပျပ်ဝပ်လျက်၊ ငိုကြွေးဝန်ချတောင်း လျှောက်သောအခါ၊ ဣသရေလယောက်ျား၊ မိန်းမ၊ သူငယ်၊ ပရိသတ်ကြီးသည်၊ ဧဇရထံစုရုံး၍ သည်းစွာငိုကြွေးကြရာ၊ ဧလံ့အနွယ်၊ ယေဟေလသားရှေကနိက၊ ကျွန်တော်တို့သည်၊ တိုင်းရင်းသားတို့သမီးနှင့်ထိမ်းမြား၍၊ ကိုယ့်ဘုရားသခင့်သစ္စာတော်ကို ဖောက်ကျော်မိပါပြီ။ သို့ရာတွင်၊ ဣသရေလလူမျိုး၌၊ အပြစ်လွတ်ရန် မျှော်လင့်ရာမျှော်လင့်ကြောင်းရှိပါသေး၏။ အရှင်မှစ၍၊ ကျွန်တော်တို့ဘုရားသခင့်ဗျာဒိတ်တော်ကြောင့် တုန်လှုပ်သူတို့သတိပေးသည့် အတိုင်း၊ ဤမိန်းမများနှင့် ချင်းတို့သားသမီးရှိသမျှကို၊ တရားနှင့်အညီစွန့် ပယ်ပါမည်ဟု၊ ကိုယ့်ဘုရားသခင်နှင့်ပဋိညာဉ်ပြုကြကုန်အံ့။ ထ၍ရဲရင့်စွာစီရင်တော်မူပါ။ ဤအမှုသည်၊ ကိုယ်တော်နှင့်ဆိုင်ပါ၏။ ကျွန်တော်တို့လည်းထောက်ခံကြပါမည်ဟုလျှောက်သည်နှင့်၊ ဧဇရထ၍၊ ပရောဟိတ်အကြီးအကဲ၊ လေဝိဂိုဏ်းသား၊ ဣသရေလလူအပေါင်းတို့အား၊ ထိုစကားအတိုင်းပြုရမည်ဟူသောသစ္စာ ကိုပေးရာသစ္စာဆိုကြကုန်၏။
ထိုအခါ၊ ဧဇရသည်ဘုရားသခင့်ဗိမာန်တော်မှထသွား၍၊ ဧလျာရှိပ်သားယောဟနန့်အခန်းသို့ ဝင်ပြီးလျှင်၊ သုံးဘမ်းခံရသူတို့လွန် ကျူးမှုကြောင့်ဝမ်းနည်းလျက်၊ မည်သည့် ရေစာကိုမျှမစားမသောက်ဘဲနေလေ၏။ ယေရုရှလင်မြို့မှစ၍။ ယုဒတစ်ပြည်လုံးကြော်ငြာသည်မှာ၊ သုံ့ဘမ်းခံခဲ့ရသူအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့စုရုံးရမည့်အကြောင်း၊ မည်သူမဆို၊ အကြီးအကဲတို့နှင့်လူကြီးတို့သတိပေးသည့်အတိုင်း၊ သုံးရက်အတွင်း မလာမရောက်လျှင်၊ သုံ့ဘမ်းခံရသူပရိသတ်မှ နှင်ထုတ်ခြင်း၊ ပစ္စည်းရှိသမျှမြေလှန်ခြင်းများကို ခံရမည့်အကြောင်းများတည်း။ သို့ဖြစ်၍၊ ယုဒ၊ ဗင်္ယာမိန်ယောက်ျားအပေါင်းတို့သည်၊ သုံးရက်အတွင်း၊ နဝမလနှစ်ဆယ်ရက်၌၊ ယေရုရှလင်မြို့သို့လာရောက်စည်းဝေးပြီးလျှင်၊ ဗိမာန်တော်ရှေ့တံတိုင်း တွင်၊ ထိုအမှုကြောင့်လည်းေကာင်း၊ မိုးရွာခြင်းကြောင့်လည်းေကာင်း၊ တုန်လှုပ်လျက်ထိုင်နေကြစဉ်။ 10 ပရောဟိတ်ဧဇရထ၍၊ သင်တို့သည်သစ္စာတော်ကိုဖောက်ကျော်ကြလေပြီ။ မျိုးခြားမိန်းမတို့နှင့်ထိမ်းမြားသဖြင့်၊ ဣသရေလလူမျိုး၏ အပြစ်ကြီးပွားလေပြီ။ 11 ယခုမှာ၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံဝန်ချလျက်၊ အလိုတော်အတိုင်းလိုက်၍၊ နိုင်ငံခြားသားများ၊ မျိုးခြားမိန်းမများနှင့် ခွဲခွာကြလော့ဟုမိန့်ဆိုသည့်ကာလ။ 12 တစ်ပရိသတ်လုံးအော်ဟစ်ဝန်ခံကြသည်မှာ၊ ကိုယ်တော်မိန့်ဆိုသည့်အလျောက်ပြု သင့်လှပါ၏။ 13 သို့ရာတွင်၊ ထိုသို့ပုန်ကန်သောကျွန်တော်တို့သည်များပြားလှပါ၏။ မိုးဥတုဖြစ်သည်နှင့် ကျွန်တော်တို့အိမ့်ပြင်မှာမတည်းခိုနိုင်ပါ။ အမှုလည်းတစ်ရက်နှစ်ရက်အတွင်းပြီး နိုင်မည် မဟုတ်ပါ။ 14 သို့ဖြစ်၍၊ လူပရိသတ်အပေါင်းတို့အတွက်အကြီးအကဲများကိုခန့်ထားပြီးနောက်၊ မျိုးခြားမိန်းမများနှင့်ထိမ်းမြားသောမြို့ရွာသားတို့ သည်၊ ဆိုင်ရာမြို့ရွာလူကြီး၊ တရား သူကြီးများပါ၊ ချိန်းချက်သောအချိန်များတွင်လာရောက်လျက်၊ ဤအမှုနှင့်စပ်လျဉ်း၍ ကျွန်တော်တို့ဘုရားသခင်အမျက်တော်ရှိန်ငြိမ်းေအာင်ပြုကြပါလေစေဟူ၍တည်း။ 15 အာသဟေလသားယောနသန်၊ တိကဝသား ယဟာဇိတို့နှင့်၊ ဘက်ပါလေဝိဂိုဏ်းသား မေရှုလံ၊ ရှဗ္ဗသဲတို့သာလျှင် ခုခံကြ၏။ 16 သုံ့ဘမ်းခံခဲ့ရသူတို့ဝန်ခံကြသည်နှင့်အညီ၊ ပရောဟိတ်ဧဇရနှင့်တကွ အိမ်ထောင်အလိုက် စာရင်းဝင်သူအအုပ်အချုပ်တို့သည်၊ ရာထူးကိုခံပြီးလျှင်၊ ဒသမလတစ်ရက် နေ့တွင်၊ ဤအမှုကို စစ်ဆေးဆုံးဖြတ်ရန်ရုံးထိုင်လျက်၊ 17 ပဌမလ တစ်ရက်နေ့မတိုင်မီ၊ မျိုးခြားမိန်းမနှင့်ထိမ်းမြားသူတို့အမှုပြီးစီးလေ၏။
18 မျိုးခြားမိန်းမနှင့်ထိမ်းမြားသောပရောဟိတ်ဂိုဏ်းသားများကား၊ ယောဇဒက်သား ယောရှုနှင့် ညီအစ်ကိုတို့အဆက်၊ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတို့တည်း။ 19 ထိုသူတို့က၊ မယားကိုစွန့်ပါမည်ဟူ၍ လက်ဝါးရိုက်သည့်ပြင်၊ အပြစ်ဒဏ်ခံထိုက်သည်နှင့်အညီ၊ သိုးထီးကိုအပြစ်အတွက်ဆက်ကပ်ရကြ၏။ 20 ဣမေရအဆက်၊ ဟာနန်နှင့် ဇေဗဒိတို့တည်း။ 21 ဟာရိမ့်အဆက်၊ မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိတို့တည်း။ 22 ပါရှုရအဆက်၊ ဧလျောနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသာတို့တည်း။ 23 လေဝိဂိုဏ်းသားများကား၊ ယောဇဗဒ်၊ ရှိမိ၊ ကေလာယခေါ်ကေလိတ၊ ပေသဟိ၊ ယုဒ၊ ဧလျေဇာတို့တည်း။ 24 သီဆိုသူကား၊ ဧလျာရှိပ်တည်း။ တံခါးစောင့်များကား၊ ရှလ္လုံ၊ တေလင်၊ ဥရိတို့တည်း။ 25 ဣသရေလအသည်သားများကား၊ ပါရုတ်အဆက်၊ ရာမိ၊ ယေဇိ၊ မာလခိယ၊ မိယာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယတို့တည်း။ 26 ဧလံ့အဆက်၊ မဿနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရိမုတ်၊ ဧလိယတို့တည်း။ 27 ဇတ္တုအဆက်၊ ဧလျောနဲ၊ ဧလျာရှိပ်၊ မဿနိ၊ ယေရိမုတ်၊ ဇာဗဒ်၊ အာဇိဇတို့တည်း။ 28 ဗေဗဲအဆက်၊ ယောဟနန်၊ ဟာနနိ၊ ဇဗ္ဗ၊ အာသလဲတို့တည်း။ 29 ဗာနိအဆက်၊ မေရှုလံ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်တို့တည်း။ 30 ပါဟတ်မောဘအဆက်၊ အာဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မဿနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေတို့တည်း။ 31-32 ဟာရိမ့်အဆက်၊ ဧလျေဇာ၊ ဣရှိယာ၊ မာလခိယ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိတို့တည်း။ 33 ဟာရှုံ့အဆက်၊ မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိတို့တည်း။ 34-43 ဗာနိအဆက်၊ မာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ဗေဒိ၊ ခေလု၊ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မဿနိ၊ မတ္တနဲ၊ ယာသော၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊ ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊ အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်တို့တည်း။ 44 နေဗော့အဆက်၊ ယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိနာ၊ ဣဒ္ဒေါ၊ ယောလ၊ ဗေနာယတို့တည်း။ 45 ဆိုခဲ့သူအပေါင်းတို့သည် မျိုးခြားမိန်းမနှင့်ထိမ်းမြား၍၊ အချို့တို့သားသမီးရကြသတည်း။