14
1-2 သင်တို့ဘုရားသခင်ထာဝရဘုရား၏ သားများဖြစ်သောသင်တို့သည်၊ မြေကြီးပေါ်ရှိလူမျိုး တကာထက်ပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် ထာဝရဘုရားရွေးချယ်တော်မူသည့်အတိုင်း၊ ကိုယ့်ဘုရား သခင်ထာဝရဘုရားအဖို့ သီးသန့်သောလူမျိုးဖြစ်သောကြောင့်၊ သူသေတို့အတွက် ကိုယ်ကိုထိရှခြင်း၊ မျက်မှောင်အထက်ဦးဆံပယ်ခြင်းကို မပြုကြရ။
3-4 ရွံရှာဖွယ်ရာမည်သည်ကိုမျှ မစားကြနှင့်။ စားအပ်သောတိရစ္ဆာန်မျိုးမှာ နွား၊ သိုး၊ ဆိတ်၊ သမင်၊ ဒရယ်၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ အောင်း၊ တောင်သိုးများမှစ၍ သားယဉ်သားရဲတို့အနက်၊ ခွာကွဲပြားလျက် စားမြုံ့ပြန်တတ်သောအကောင်ဟူသမျှကို စားအပ်၏။ စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့အနက်၊ မစားအပ်သောအကောင်မျိုးမှာ၊ ကုလားအုပ်၊ ယုန်၊ ခွေးတူဝက်တူများသည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မသန့်။ ဝက်လည်း၊ ခွာကွဲ၍ စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့မသန့်သည့်အလျောက်၊ အသားကို မစားရ။ အသေကောင်ကိုလည်း မထိကြရ။
ရေရှိအကောင်တို့အနက် စားအပ်ကြသည်မှာ၊ ဆူးထောင်၊ အကြေးရှိသောအကောင်ဟူသမျှကို စားအပ်၏။ 10 ဆူးထောင်၊ အကြေးမရှိသောအကောင်ဟူသမျှကိုကား သင်တို့အဖို့မသန့်သည့်အလျောက် မစားကြရ။
11 သန့်သောကြက်ငှက်ဟူသမျှကို စားအပ်၏။ 12-13 မစားအပ်သောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ လင်းတပါးနီ၊ လင်းယုန်၊ ဥသြ၊ စွန်အမျိုးမျိုး၊ 14-15 ကျီးအမျိုးမျိုး၊ ငှက်ကုလားအုပ်၊ ခင်ပုပ်၊ ဇင်ရော်၊ 16-17 သိမ်းအမျိုးမျိုး၊ ဇီးကွက်၊ တီးတုတ်၊ ရေကြက်၊ ဝံပို၊ လင်းတမွဲ၊ တင်ကျီး၊ ငှက်ကျား၊ 18 ဥဗျိုင်းအမျိုးမျိုး၊ မြီးတောင်ပို၊ လင်းဆွဲတို့တည်း။ 19 အတောင်ရှိ ယုတ်သောအကောင်စုဟူသမျှကိုလည်း သင်တို့အဖို့မသန့်သည့်အလျောက်၊ မစားအပ်။ 20 အတောင်ရှိလျက် သန့်သောအကောင်ဟူသမျှကို စားအပ်၏။
21 သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့ သီးသန့်သောလူမျိုးဖြစ်သောကြောင့် အိုသေ၊ နာသေ အကောင်ကိုမစားကြရ။ သင်တို့မြို့ရွာများအတွင်း ဝင်နေသူတို့အား စားရန်ပေးခွင့်၊ တစ်ပါးအမျိုးသား တို့အားရောင်းချခွင့်ရှိ၏။ သိုးဆိတ်သားငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
22 နှစ်စဉ်လယ်ထွက်အသီးအနှံအနက်၊ ဆယ်ဖို့တစ်ဖို့ကို သန့်ခြားပြီးလျှင်၊ 23 နာမတော်တည်ရန် သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာန၌၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီများအနက်၊ ဆယ်ဖို့တစ်ဖို့အလှူနှင့် နွား၊ သိုး၊ ဆိတ်တို့အနက် သားဦးများကို သင်တို့ ဘုရားသခင်ထာဝရဘုရားအား အစဉ်ခန့်ညားရန် သင်ကြားအံ့သောငှါ မျက်မှောက်တော်တွင်ပင် သုံးဆောင်ကြလော့။ 24 သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူသည့်ကာလ၊ နာမတော်တည် ရန် ရွေးချယ်တော်မူမည့်ဌာနဝေး၍ ခရီးကွာသဖြင့်၊ ထိုဝတ္ထုကို မဆောင်နိုင်လျှင်၊ 25 တန်ဖိုးငွေကို၊ ရွေးချယ်တော်မူမည့်ဌာနသို့ ထုပ်ကိုင်ဆောင်သွား၍၊ 26-27 စားသောက်လိုရာနွား၊ သိုး၊ ဆိတ်၊ စပျစ်ရည်၊ သေရည်သေရက်ကိုဝယ်လျက်၊ အိမ်ထောင် များနှင့်ဂါမဝါသီလေဝိဂိုဏ်းသားတို့ပါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့၊ ထိုဌာန၌သုံးဆောင် လျက် အားရရွှင်လန်းကြလော့။ သင်တို့ဘောင်တွင် အမွေဝေပုံစုမရသော လေဝိဂိုဏ်းသားတို့အား ဝတ်မပျက်ကြလင့်။
28 သုံးနှစ်လျှင်တစ်ကြိမ်၊ တတိယနှစ်မြေထွက်ဟူသမျှအနက်၊ ဆယ်ဖို့တစ်ဖို့ကို ထုတ်ယူ၍၊ မြို့ရွာ များအတွင်းစုပုံပြီးလျှင်၊ 29 သင်တို့ဘောင်တွင် အမွေဝေပုံစုမရသောလေဝိဂိုဏ်းသားမှစသော တံခါးအတွင်းဝင်နေသူ၊ ဘသက်ဆိုး၊ မုဆိုးမများတို့အား ဝင်ရောက်လျက် ဝစွာစားသောက်ခွင့်ပေးကြသည်နှင့် ပြုလေရာ ရာသင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူလိမ့်မည်။