ဓမ္မထပ်ဆင့်ကျမ်း
1
1 ယော်ဒန်မြစ်တစ်ဘက်၊ အရာဗာချိုင့်၊ သဲတောရှိသုဖမြို့ရင်ဆိုင်၊ ပါရန်မြို့နှင့်တောဖေလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟပ်မြို့များစပ်ကြားတွင် ဣသရေလ တစ်မျိုးလုံးအား မောရှေဆင့်ဆိုချက်များအကြောင်း၊
2 စိရတောင်လမ်းဖြင့်၊ ကာဒေရှဗာနာမြို့နှင့်၊ ဟောရပ်တောင်သည် ခရီးဆယ့်တစ်ရက်ကွာသတည်း။
3-5 လေးဆယ်မြောက်သောနှစ်၊ ဧကာဒသမလ၊ ပဌမနေ့၌၊ ဟေရှာဘုန်မြို့စံ၊ အာမောရိပြည့်ရှင်ရှိဟုန်မင်းကိုလည်းေကာင်း၊ ဧြဒိမြို့တွင် အာရှတရုတ်မြို့စံ၊ ဗာရှန်ပြည့်ရှင် သြဃမင်းကိုလည်းေကာင်း၊ လုပ်ကြံပြီးနောက်၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း၊ ယော်ဒန်မြစ်တစ်ဘက်၊ မောဘပြည်၌၊ မောရှေထုတ်ဆင့်ေဖာ်ပြဟောပြောသောပညတ်တရားကား၊
6 ဟောရပ်တောင်တွင် ငါတို့ထာဝရဘုရားသခင်က၊ ဤတောင်မှာသင်တို့နေရခြင်းကြာလေပြီ။
7 လှည့်ပတ်၍ ခရီးကောက်ချီလျက်၊ အာမောရိတောင်တန်းမှစသော နီးစပ်သည့်အရာဗာချိုင့်၊ ခင်တန်းခရိုင်၊ ရှဖေလာခရိုင်၊ နေဂပ်ခရိုင်များသို့လည်းေကာင်း၊ ပင်လယ်ကမ်းခြေတစ်လှေျာက်၊ ခါနာန်လူမျိုးတို့ပြည်နယ်သို့လည်းေကာင်း၊ လေဗနုန်တောင်တန်းသို့လည်းေကာင်း၊ ဥဖရတ်မြစ်ကြီးတိုင်အောင်ပင် ချီသွားကြလော့။
8 နေပြည်ကိုသင်တို့ရှေ့တွင် ငါအပ်ပြီ။ ဘိုးဘေးဖြစ်သူအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား သားစဉ်မြေးဆက်တို့ပါပေးမည်ဟု ငါထာဝရဘုရားသစ္စာဆို ခဲ့သောပြည်သို့ဝင်သွားပိုင်ယူကြလော့ဟူ၍ မိန့်တော်မူသောအခါ၊
9-10 ငါကလည်း၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် တိုးပွားစေတော်မူသည့်အလျောက်၊ ကောင်းကင်ကြယ်လုံးနှင့်အမျှ ယခုများပြားသောသင်တို့ ကို၊ ငါတစ်ယောက်တည်းမထမ်းနိုင်။
11 သင်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားသည် ကတိထားတော်မူသည့်အတိုင်း ကောင်းကြီးမင်္ဂလာပေးလျက် အဆတစ်ထောင်တိုးပွားအောင် ပြုတော်မူပါစေသော။
12 သင်တို့ရန်မူခြင်းမှစသောလေးလံခြင်းတာဝန်ကို၊ ငါတစ်ယောက်တည်းမည်သို့ထမ်းနိုင်အံ့နည်း။
13 အသေရရှိလျက်၊ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်နှင့်ပြည့်စုံသောသူတို့ကို အနွယ်များအလိုက်ရွေးအပ်ကြလော့။ အအုပ်အချုပ်အဖြစ်ငါခန့်ထားမည်ဟု ဆိုလျှင်၊
14 ကိုယ်တော်မိန့်မှာတိုင်း ပြုထိုက်သည်ဟုသင်တို့ဝန်ခံကြသည်နှင့်
15 သင်တို့အနွယ်များအအုပ်အချုပ်ဖြစ်သူ၊ အသရေရှိသောပညာရှိတို့ကို၊ ငါရွေးကောက်လျက်၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ အကြီးအကဲအအုပ်အချုပ်အဖြစ် အနွယ်များအလိုက် ခန့်ထားခဲ့၏။
16 ထိုအခါ၌ပင် သင်တို့တရားသူကြီးတို့အား ငါက၊ သင်တို့ဆွေမျိုးသားချင်းတွင် အချင်းချင်းဖြစ်စေ၊ ဝင်နေသူနှင့်ဖြစ်စေ၊ အမှုရှိလျင်၊ နာခံ၍တရား သဖြင့် ဆုံးဖြတ်ကြလော့။
17 လူကြီးလူငယ်မရွေး၊ မျက်နှာမထောက်၊ နာခံဆုံးဖြတ်ကြလော့။ ဆုံးဖြတ်ချက်သည် ဘုရားသခင်နှင့်ဆိုင်သောကြောင့်၊ လူကိုမကြောက်ရ။ သင်တို့မစီရင်နိုင်အောင် ခက်ခဲသောအမှုကိုကား၊ ငါ့ထံသွင်းလော့။
18 လက်ခံမည်ဟုမှာလိုက်သည့်ပြင် ပြုထိုက်လေရာရာကို၊ ထိုအခါသင်တို့အား ငါမှာခဲ့၏။
19 ထိုနောက် ငါ့တို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း၊ သင်တို့တွေ့မြင်ခဲ့သောကြောက်မက်ဖွယ်သဲတောကြီးတစ်ေလှျာက်၊ ဟောရပ်တောင်မှအာမောရိတောင်တန်းလမ်းဖြင့် ချီသွားလျက်၊ ကာဒေရှဗာနာမြို့သို့ရောက်ကြရာ၊
20 ငါက၊ ငါတို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသော အာမောရိတောင်တန်းသို့ရောက်ကြပြီ။
21 သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ထိုပြည်ကိုသင်တို့ရှေ့တွင်အပ်တော်မူသည့်အတိုင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက်၊ ဘိုးဘေးတို့ဘုရား သခင်ထာဝရဘုရားမိန့်တော်မူချက်အရ ချီတက်၍၊ ပိုင်ယူကြလော့ဟု ဆိုသော်၊
22 သင်တို့ရှိသမျှသည် ငါ့ထံချဉ်းကပ်လျက်၊ ကျွန်တော်တို့အဖို့ထိုပြည်ကိုစုံစမ်း၍၊ ချီတက်ရာလမ်း၊ ရောက်ရာမြို့နှင့်ဆိုင်သော သတင်းကိုပြန်ကြားရန်၊ လူတို့ကိုတင်ရင်စေလွှတ်ပါရစေဟု၊ တောင်းလျှောက်သောစကားကို ငါနှစ်သက်သဖြင့်၊
23 တစ်နွယ်လျှင်တစ်ယောက်ကျ၊ လူဆယ့်နှစ်ယောက်ကိုရွေးကောက်သည့်အတိုင်း၊
24 ထိုသူတို့သည် တောင်တန်းကိုလှည့်တက်လျက်၊ ဧရှကောလချိုင့်သို့ ရောက်၍ စူးစမ်းကြပြီးနောက်၊
25 ပြည်ထွက်အသီးကိုဆွတ်ယူ၍၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်သည် ကောင်းလှစွတကားဟု ငါတို့အား သတင်းပြန်ကြားကြသော်လည်း၊
26 သင်တို့သည် သွားလိုသောသဘောမရှိဘဲ၊ သင်တို့ဘုရားသခင်ထာဝရဘုရားအမိန့်တော်ကို ဖီဆန်လျက်၊ တဲများတွင်ညည်းညူကြသည်မှာ
27 ထာဝရဘုရားသည် ငါတို့ကိုမနှစ်မြို့သောကြောင့် အာမောရိလူမျိုးလက်တွင်းသို့အပ်နှင်း၍ ဖျက်ဆီးအံ့သောငှါ၊ အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ လေစွ။
28 ငါတို့ချီတက်ရကြအံ့သောပြည်ကား၊ အသို့နည်း။ ပြည်သားတို့သည် ငါ့တို့ထက်အရပ်အမောင်းကြီးမြင့်လျက် မြို့များလည်းကောင်းကင်အထိမြင့် သောခံမြို့ကြီးများဖြစ်၏။ အာနကအမျိုးသားတို့ကို တွေ့မြင်ခဲ့ရကြပြီဟူ၍၊ ဆွေမျိုးသားချင်းတို့ပြန်ကြားသောစကားအတွက် စိတ်ပျက်ကြပြီဟုဆိုကြ သည့်ကာလ၊
29 ငါက၊ ထိုသူတို့ကိုကြောက်ရွံ့၍ အံ့အားမသင့်ကြနှင့်။
30-31 ရှေ့ဆောင်၍ချီကြွတော်မူသောသင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့မျက်မှောက်တွင်၊ အိဂျစ်ပြည်၌လည်းေကာင်း၊ ဒိဋ္ဌဖြစ်သည့်အတိုင်း၊ ဤနေရာ သို့မရောက်မချင်းသွားရာခရီးတစ်ေလှျာက်၊ သားကိုအဘချီပိုက်သည့်နည်းတူ သင်တို့ဘုရားသခင်ထာဝရဘုရား ချီပိုက်တော်မူရာ၊ ဤသဲတော၌လည်းေကာင်း၊ စီရင် တော်မူခဲ့သည့်အလျောက် သင်တို့အဖို့စစ်တိုက်တော်မူလိမ့်မည်ဟုဆိုရာ၌
32-33 ချရပ်ရာကိုရှာဖွေ၍ သွားလမ်းကိုပြရန်၊ ညဉ့်အခါမီးဖြင့်လည်းေကာင်း၊ နေ့အခါတိမ်တိုက်ဖြင့်လည်းေကာင်း၊ လမ်းခရီးတွင်ရှေ့ဆောင်ကြွသွားတော်မူသော သင်တို့ ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ခြင်းကင်းလျက်နေကြ၏။
34 ထာဝရဘုရားသည် သင်တို့စကားသံကိုကြားလျှင်၊
35 အမျက်တော်ထားလျက်၊ အကယ်စင်စင်၊ သင်တို့ဘိုးဘေးတို့အား ပေးမည်ဟုငါသစ္စာဆိုခဲ့သောပြည်ကောင်းကို၊ ဆိုသွမ်းသူဤလူမျိုးတစ်ဆက်တွင် တစ်ဦးတစ်ယောက်မျှမမြင်ရ။
36 ငါထာဝရဘုရားကိုစိတ်ပါကိုယ်ရောက်လိုက်ရှာသော ယေဖုန္နာ့သားကာလက်သာလျှင် မြင်ခွင့်ရ၍၊ နင်းပြီးသောနယ်ကို၊ ထိုသူနှင့်သားစဉ်မြေးဆက် တို့အား ငါပေးမည်ဟု သစ္စာဆိုတော်မူသည့်ပြင်၊
37 ငါ့အပေါ်တွင်သင်တို့အတွက် အမျက်တော်ထားလျက် သင်လည်းဝင်ခွင့်ရမည်မဟုတ်။
38 သင့်ရှေ့တွင်ခစားသူနုန့်သားယောရှုမူကား၊ ဝင်ခွင့်ရလိမ့်မည်။ ထိုသူသည် ဣသရေလလူမျိုးကို အပိုင်ရစေမည်ဖြစ်၍၊ အားပေးလော့။
39 ၎င်းပြင်၊ အကောင်းအဆိုးကိုမသိသေးသော သားသမီးများ၊ သုံ့ဘမ်းခံရတော့မည်ဟု သင်တို့ဆိုကြသောသူငယ်များပင်၊ ဝင်သွားလျက် ငါပေးသည်နှင့်အညီ ပိုင်ယူကြလိမ့်မည်။
40 သင်တို့မှာမူဆုတ်၍၊ ပင်လယ်နီလမ်းဖြင့် သဲတောသို့ ပြန်ချီကြလော့ဟု မိန့်တော်မူသော်၊
41 သင်တို့က၊ ထာဝရဘုရားအား ကျွန်တော်တို့ပြစ်မှားပြီမှန်ပါ၏။ ကျွန်တော်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း၊ ချီတက်တိုက်ခိုက် ပါမည်ဟု ငါ့အားဆိုကြပြီးလျှင်၊ အသီးအသီးတို့သည် စစ်လက်နက်များကို ကိုင်လျက်၊
42 တောင်တန်းသို့မထီမဲ့မြင်ချီတက်ကြရာ၊ ထာဝရဘုရားက၊ ချင်းတို့အလယ်တွင် ငါမရှိသောကြောင့်၊ ရန်သူတို့ရှေ့အရှုံးမခံရစေခြင်းငှါ မချီတက်၊ မတိုက်ခိုက်ရမည့်အကြောင်း၊ မြစ်တားလော့ဟု ငါ့အားမိန့်တော်မူသည့်အလျောက်၊
43 ဆင့်ဆိုသော်လည်း၊ သင်တို့သည်နားမထောင်ဘဲ ထာဝရဘုရားအမိန့်တော်ကို ဖီဆန်လျက်၊ တောင်တန်းသို့မောက်မာစွာချီတက်ကြသည့်ကာလ၊
44 တောင်တန်း၌ရှိနေသောအာမောရိလူမျိုးတို့သည် ချီထွက်ဆီးဆို့လျက် စိရတောင်၊ ဟောမာမြို့ရောက် ပျားများကဲ့သို့ လိုက်လံဖိနင်းကြ၏။
45 သင်တို့သည်ပြန်လာ၍၊ ထာဝရဘုရားရှေ့တော်တွင် ငိုကြွေးဟစ်အော်သော်လည်း၊ ထာဝရဘုရားနားစိုက်နာယူတော်မမူ။
46 ထိုကြောင့်၊ ကာဒေရှမြို့၌ ကြာမြင့်စွာနေမြဲနေရကြသတည်း။