6
လူမျိုးတွင် အကြီးအကဲဖြစ်သည့်အလျောက်၊ ဣသရေလအမျိုးသားတို့ အတိုးအဝင်ခံရ၍၊ ဇိအုန်မြို့၌ချမ်းသာစွာနေထိုင်သူ၊ ရှမာရိ တောင်တန်း၌ လျစ်လျူစွာ နေထိုင်သူတို့သည်၊ အမင်္ဂလာရှိကြ၏။ ကာလနေမြို့တော်သို့သွား၍၊ ဟာမတ်ရဗ္ဗါမြို့တော်သို့ရောက်၍၊ ဖိလိတ္တိပြည်ဂါသမြို့တော်သို့ဆင်းပြီးလျှင်၊ ကိုယ့်နိုင်ငံများထက် လွန်ကဲသည်ကိုလည်းေကာင်း၊ သင်တို့ပြည် ထက်ကြီးကျယ်သည်ကိုလည်းေကာင်း၊ ရှုကြည့်ကြလော့။ ဒုက္ခရောက်သော နေ့ရက်ကိုပယ်၍၊ အဓမ္မပလ္လင်ကိုချဉ်းစေခြင်း၊ ဆင်စွယ်ဖြင့်ပြီးသော သာလွန်တွင်လျောင်းလျက်၊ ညောင်စောင်းထက်မှီထိုင်လျက်၊ သိုးအုပ်မှ သိုးသားငယ်များနှင့်၊ တင်းကုပ်မှနွားသားငယ်များကိုစားခြင်း၊ စောင်းတီး၍ တတွတ်တွတ်သီဆိုခြင်း၊ ဒါဝိဒ်မင်း အလိုက်တုရိယာများကို တည်ထောင်ခြင်း၊ ယောသပ်အမျိုးသားတို့ပျက်ယွင်းနာကိုမကြင်နာဘဲ၊ အင်တုံဖြင့် စပျစ်ရည်သောက်၍၊ ထူးမြတ်သောဆီနှင့်လိမ်းကျံခြင်းများကိုပြုတတ်သော၊ ထိုသူတို့သည်၊ ဦးစွာသုံ့ဘမ်းခံရသူတို့နှင့် အတူသိမ်းသွားခံရမည်ဖြစ်၍၊ မှီထိုင်သူတို့တွင် ပျော်ပါးသံပပျောက်ရလတ္တံ့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်က၊ ငါသည် ယာကုပ်အမျိုး၏ မာနကိုရွံရှာလျက်၊ ဘုံဗိမာန်များကိုမုန်းထားသည့်အလျောက်၊ မြို့တော်နှင့်ရှိရှိသမျှပါ၊ ဘေးသို့ အပ်နှင်းမည်ဟု၊ ကိုယ်တော်တိုင်ကိုတိုင်တည်လျက်၊ ငါအရှင်ထာဝရဘုရား သစ္စာဆိုခဲ့ပြီဟူ၍မိန့်တော်မူ၏။ သို့နှင့်အညီ၊ တစ်အိမ်တွင်ကျန်သေးသောလူတစ်ကျိပ်သေကြရသည့်ကာလ၊ 10 မီးသင်္ဂြိုဟ်ပြုရန် အလောင်းကိုအိမ်မှချီထုတ်သောအဆွေအမျိုးက၊ တစ်စုံတစ်ယောက် ရှိသေးသလောဟု၊ အိမ်အတွင်းကျန်သောသူ့အားမေးသော်၊ မရှိဟုပြန်ဆိုလျှင်၊ ဆိတ်ဆိတ်နေလော့။ ထာဝရဘုရား၏ နာမတော်ကိုမြွက်ဆိုခြင်းမျှ၊ ငါတို့မပြုထိုက်ပြီဟုဆိုလိမ့်မည်။ 11 နာခံကြဦး။ ထာဝရဘုရားအမိန့်ရှိတော်မူ၍ တိုက်ကြီးသည် အက်ကွဲဒဏ်၊ အိမ်ငယ်သည် ပြိုပျက်ဒဏ်ခံရလတ္တံ့။ 12-13 ကိုယ့်စွမ်းရည်ဖြင့် ဦးချိုထောင်ကြသည်ဟု ဝါကြွားလျက်၊ အလဟဿ၌ ရွှင်လန်းသောသင်တို့၊ ကျောက်တောင်ပေါ်တွင် မြင်းစိုင်းခြင်းကိုသော်လည်းေကာင်း၊ နွားနှင့် ထယ်ထိုးခြင်း ကိုသော်လည်းေကာင်း၊ ပြုထိုက်သည်မှတ်သောကြောင့်၊ ဆုံးဖြတ်ခြင်းတရားအမြိုက်ကို အခါးရည်၊ ဖြောင့်မတ်ခြင်းတရားအသီးကို အဆိပ်ဖြစ်စေကြသလော။ 14 အိုဣသရေလ အမျိုးသားတို့၊ ဟာမတ်မြို့လမ်းဝမှ အရာဗာချိုင့်ဝင်ချောင်းတိုင်အောင်၊ သင်တို့အား နှိပ်စက်မည့်လူတစ်မျိုးကို ငါပေါ်ထွန်းစေမည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏။