13
ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ် အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏နာမများကို နောက်တစ်ဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှာ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ်သော သူတို့ကိုလည်းကောင်း၊ ညစ်ညူးသော ဝိညာဉ်ကိုလည်းကောင်း ပြည်တော်မှ နှင်ထုတ်မည်။ လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသားစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟု ဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။ ထိုကာလ၌ ပရောဖက်သည်ဟောပြောသောအခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။ အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတစ်ပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။ သူတစ်ပါးကလည်း၊ သင့်လက်၌ပေါ်သောဒဏ်ရာကား အဘယ်သို့နည်းဟုမေးလျှင် ဤဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
သိုး​ထိန်း​ကို​သတ်​ရန်​အ​မိန့်​တော်
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဓား၊ ငါ၏သိုးထိန်းတစ်ဖက်၊ ငါ၏အပေါင်းအဖော်ဖြစ်သောသူ တစ်ဖက်၌ နိုးလော့။ သိုးထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့လက်ကို တင်ဦးမည်။Ref ၁၃:၇။ မ ၂၆:၃၁။ မာ၊ ၁၄:၂၇။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစ်စုသာကျန်ကြွင်းရလိမ့်မည်။ ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။