တိမောသေဩဝါဒစာဒုတိယစောင်။
1
ယေရှုခရစ်၌တည်သော အသက်ကိုပေးမည်ဟု ကတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ၏။- ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။
အား​ပေး​ခြင်း
သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသောစိတ် ရှိသဖြင့်လည်းကောင်း၊- သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်လည်းကောင်း၊- နေ့ညမပြတ်ဆုတောင်း ပတ္ထနာပြုသည်တွင်၊ သင့်ကို မခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုယ်ကိုသိသော စိတ် စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။- အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။- ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။- ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။- 10 ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သောသခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။- 11 ထိုတရားကို ဟောပြောသောသူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ တစ်ပါးအမျိုးသားတို့၏+ ၁း၁၁ တစ်ပါးအမျိုးသားတို့၏ အချို့ရှေးလက်ရေးမူ "---(တစ်ပါးအမျိုးသားတို့၏)---"မပါ ဆရာအရာ၌လည်းကောင်း ငါ့ကိုခန့်ထားတော်မူပြီ၊- 12 ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။
13 ငါ့ထံ၌ ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။- 14 သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။
15 အာရှိပြည်၌နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု၊ သင်သည် ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း။- 16 ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊- 17 ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။- 18 သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။