21
ဒါ​ဝိဒ်​ထွက်​ပြေး​ခြင်း
ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှမပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာသနည်းဟု မေးသော်၊Ref ၂၁:၁-၆။ မ ၁၂:၃-၄။ မာ၊ ၂:၂၅-၂၆။ လု၊ ၆:၃။ ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တစ်ခုကိုအပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။ သို့ဖြစ်၍ ကိုယ်တော်လက်၌ရှိသော မုန့်ငါးလုံးကိုသော်လည်းကောင်း၊ တွေ့သမျှကိုသော်လည်းကောင်း၊ ကျွန်ုပ်လက်သို့အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အားတောင်း၏။ ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊ ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှတစ်ပါး အခြားသောမုန့်မရှိသောကြောင့် သန့်ရှင်းသောမုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရားရှေ့တော်မှ နုတ်ပယ်နှင့်ပြီ။Ref ၂၁:၆။ ဝတ် ၂၄:၅-၉။ ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသောသူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။ ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ဓားလှံရှိသလော။ အမှုတော်ကို အလျင်အမြန်ဆောင်ရသောကြောင့်၊ ဓားအစရှိသော လက်နက်တစ်စုံတစ်ခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊ ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ဓားသည် အဝတ်နှင့်ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာရှိ၏။ ယူချင်လျင် ယူတော့။ အခြားသောဓားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုဓားနှင့်တူသော ဓားမရှိ။ ပေးပါတော့ဟု ဆို၏။Ref ၂၁:၉။ ၁ရာ ၁၇:၅၁။
10 ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။ 11 အာခိတ်မင်း၏ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။Ref ၂၁:၁၁။ ၁ရာ ၁၈:၇။ 12 ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်သောကြောင့်၊Ref ၂၁:၁၂။ ဆာ ၅၆​ခေါင်း​စဉ်။ 13 ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိတံတွေးကို မုတ်ဆိတ်တွင် ယိုစေ၏။Ref ၂၁:၁၃။ ဆာ ၃၄​ခေါင်း​စဉ်။ 14 အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြသနည်း။ 15 အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှာ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အားဆို၏။