5
စာ​လိပ်​နှင့်​သိုး​သငယ်
ထိုအခါ တစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို+ ၁း၅ "ထိုအခါတစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ ----သတ်သောစာစောင်ကို--" မူရင်း "ထိုအခါအတွင်းဘက်နှင့် ကျောဘက်တို့၌အက္ခရာတင်၍---" ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ယာလက်၌ ငါမြင်၏။-Ref ၅:၁။ ယေဇ ၂:၉-၁၀။ ဟေရှာ၊ ၂၉:၁၁။ အားကြီးသော ကောင်းကင်တမန်တစ်ပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။- ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှာ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တစ်ယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။- ထိုအခါအသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊- တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။Ref ၅:၅။ က ၄၉:၉။ ဟေရှာ၊ ၁၁:၁၊၁၀။
ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။-Ref ၅:၆။ ဟေရှာ ၅၃:၇။ ဇာ၊ ၄:၁၀။ သူသည်လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏ လက်ယာလက်မှစာစောင်ကို ခံယူလေ၏။- ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပတ္ထနာတည်းဟူသော မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကိုလည်းကောင်း၊ စောင်းတို့ကိုလည်းကောင်း၊ အသီးအသီးကိုင်၍ သိုးသငယ်ရှေ့၌ ပျပ်ဝပ်လျက်၊-Ref ၅:၈။ ဆာ ၁၄၁:၂။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။- 10 အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။-Ref ၅:၁၀။ ထွ ၁၉:၆။ ဆာ၊ ၃၃း၃၊ ၉၈း၁။ ဟေရှာ၊ ၄၂း၁၀။ ဗျာ၊ ၁:၆။ 11 ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေသင်္ချေမက+ ၅း၁၁ ကုဋေသင်္ချေမက "ကုဋေသ​င်္ချေ" = အထောင်အသောင်း အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ အသံကို ငါကြား၏။-Ref ၅:၁၁။ ဒံ ၇:၁၀ 12 ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။- 13 ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။- 14 သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ ကိုးကွယ်ကြ၏။