22
အသက်ရေစီးရာမြစ်
တစ်ဖန် ၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။-Ref ၂၂:၁။ ယေဇ ၄၇:၁။ ဇာ၊ ၁၄:၈။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-Ref ၂၂:၂။ က ၂:၉။ ယေဇ၊ ၄၇:၁၂။ နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။-၂၂:၃။ ဇာ ၁၄:၁၁။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။- ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတ္တံ့။Ref ၂၂:၅။ ဟေရှာ ၆၀:၁၉။ ဒံ၊ ၇:၁၈။
ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မီ ဖြစ်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှာ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။- ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။- ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။- သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဖော်ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဖော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။
10 တစ်ဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။- 11 မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။-Ref ၂၂:၁၁။ ဒံ ၁၂:၁၀။ 12 ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။-Ref ၂၂:၁၂။ ဟေရှာ ၄၀:၁၀၊ ၆၂:၁၁။ ဆာ၊ ၂၈:၄။ ယေ၊ ၁၇:၁၀။ 13 ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။-Ref ၂၂:၁၃။ ဗျာ ၁:၈၊ ၁၇၊ ၂:၈။ ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ 14 အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။-+ ၂၂း၁၄ "ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိ၏။" အချို့ "---မိမိဝတ်လုံကိုဆေးကြောသောသူတို့----" Ref ၂၂:၁၄။ က ၂:၉၊ ၃:၂၂။ 15 ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။- 16 ငါယေရှုသည် အသင်းတော်တို့အဖို့ ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှာ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။-Ref ၂၂:၁၆။ ဟေရှာ ၁၁:၁၊ ၁၀။ 17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။-Ref ၂၂:၁၇။ ဟေရှာ ၅၅:၁။ 18 ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။-Ref ၂၂:၁၈-၁၉။ တရား ၄:၂။ ၁၂:၃၂။ 19 အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။- 20 ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊- 21 ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏ အာမင်။ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။
ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန် စီရင်ရေးထားသောဗျာဒိတ်ကျမ်းပြီး၏။