17
မိန်းမနှင့်သားရဲ
ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တစ်ပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။-Ref ၁၇:၁။ ယေ ၅၁:၁၃။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊-Ref ၁၇:၂။ ဟေရှာ ၂၃:၁၇။ ယေ၊ ၅၁:၇။
ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။-Ref ၁၇:၃။ ဗျာ ၁၃:၁။ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်လည်းကောင်း+ ၁၇း၄ "မိမိမတရားသောမေထုန်၏ညစ်ညူးခြင်းနှင့် ပြည့်သော---" အချို့ "မြေကြီး၏မတရားသောညစ်ညူးခြင်းမေထုန်နှင့် လည်းကောင်းပြည့်သော" ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။-Ref ၁၇:၄။ ယေ ၅၁:၇။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏အမိ ပေတည်း။- ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။
ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကိုလည်းကောင်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကိုလည်းကောင်း၊ ငါပြောမည်။- ယခုမြင်သော သားရဲသည် ဖြစ်ဖူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဖူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတ္တံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။-Ref ၁၇:၈။ ဒံ ၇:၇။ ဗျာ၊ ၁၁:၇။ ဆာ၊ ၆၉:၂၈။ ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဉာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော တောင်ခုနစ်လုံး ဖြစ်၏။- 10 ရှင်ဘုရင်ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီး၊ တစ်ပါးရှိသေး၏။ တစ်ပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာတည်လိမ့်မည်။- 11 ဖြစ်ဖူး၍ ဖြစ်ဆဲမရှိသော သားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။- 12 ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တစ်ချက်တည်း ရကြလိမ့်မည်။-Ref ၁၇:၁၂။ ဒံ ၇:၂၄။ 13 ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။- 14 သူတို့သည် သိုးသငယ်ကို စစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏သခင် ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည်လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။- 15 ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု ဖြစ်သတည်း။- 16 ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။- 17 သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှာလည်းကောင်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။- 18 ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။