15
ကောင်းကင်တမန်ခုနစ်ပါးနှင့် ဘေးဒဏ်ခုနစ်ပါး
တစ်ဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်သောနိမိတ်ကြီး အခြားတစ်ပါးကို ငါမြင်ရ၏။- မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။- ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။+ ၁၅း၃ "ကောင်းမြတ်၍ အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်---" အချို့ "----လူမျိုးတကာတို့၏ဘုရင်---" လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။-Ref ၁၅:၃။ ထွ ၁၅:၁ အို ထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော် တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။Ref ၁၅:၄။ ယေ ၁၀:၇။ ဆာ၊ ၈၆:၉။
ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။-Ref ၁၅:၅။ ထွ ၃၈:၂၁။ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။- ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။Ref ၁၅:၈။ ထွ ၄၀:၃၄။ ၃ရာ၊ ၈:၁၀-၁၁။ ၆ရာ၊ ၅:၁၃-၁၄။ ဟေရှာ၊ ၆:၄။