14
သိုး​သငယ်နှင့် တစ်သိန်းလေးသောင်းလေးထောင်
ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။-Ref ၁၄:၁။ ယေဇ ၉:၄။ ဗျာ၊ ၇:၃။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။- ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ ရှေ့၌လည်းကောင်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင် မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။- ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့အထဲက ရွေးနုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသောအသီး ဖြစ်ကြ၏။- အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။Ref ၁၄:၅။ ဇေ ၃:၁၃။
ကောင်း​ကင်​တ​မန်​သုံး​ပါး
မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက၊- ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။- ကောင်းကင်တမန်တစ်ပါးကလည်း၊+ ၁၄း၈ ကောင်းကင်တမန်တစ်ပါးကလည်း၊ မူရင်း "ဒုတိယကောင်းကင်တမန်တစ်ပါးသည်--" အချို့ "ဒုတိယ" မပါ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ပြောဆို၏။-Ref ၁၄:၈။ ဟေရှာ ၂၁:၉။ ယေ၊ ၅၁:၈။ ဗျာ၊ ၁၈:၂။ ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊- 10 ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။-Ref ၁၄:၁၀။ ဟေရှာ ၅၁:၁၇။ က၊ ၁၉:၂၄။ ယေဇ၊ ၃၈:၂၂။ 11 ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညမပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။-Ref ၁၄:၁၁။ ဟေရှာ ၃၄:၁၀။ 12 ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ 13 တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။
မြေ​ကြီး၌ရိတ်​သိမ်း​ခြင်း
14 တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။-Ref ၁၄:၁၄။ ဒံ ၇:၁၃။ 15 ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။-Ref ၁၄:၁၅။ ယောလ ၃:၁၃။ 16 မိုးတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။- 17 ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သောတံစဉ်ပါ၏။- 18 မီးကိုအစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။- 19 ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။- 20 မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာခရီး တစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။Ref ၁၄:၂၀။ ဟေရှာ ၆၃:၃။ မြည်၊ ၁:၁၅။ ဗျာ၊ ၁၉:၁၅။