21
ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယု​ဒ​ဘု​ရင်​ယ​ဟော​ရံ​
(၄ရာ ၈:၁၇-၂၄)
ယုဒရှင်ဘုရင် ယောရှဖတ်သား၊ ယဟောရံညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။Ref ၂၁:၂။ ၄ရာ ၈း၁၆-၂၄။ ခမည်းတော်သည် များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့အားပေး၏။ နိုင်ငံကိုကား၊ သားဦးယဟောရံအား ပေး၏။ ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သောအခါ၊ ကိုယ်ကိုခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကိုလည်းကောင်း၊ ဣသရေလမှူးတော် မတ်တော်တချို့တို့ကိုလည်းကောင်း၊ ဓားနှင့်သတ်လေ၏။
ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။ အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိ၍၊ ဒါဝိဒ်နှင့် ပဋိညာဉ်ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။Ref ၂၁:၇။ ၃ရာ ၁၁:၃၆။ ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။Ref ၂၁:၈။ က ၂၇:၄၀။ ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညအခါ ဝိုင်းသောဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။ 10 သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏။ အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ 11 ယုဒတောင်တို့အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် တစ်ပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည်အကြောင်း၊ အနိုင်အထက်ပြုသတည်း။
12 ပရောဖက်ဧလိ​ယပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသလမ်းသို့မလိုက်၊ 13 ဣသရေလရှင်ဘုရင်တို့ လမ်းသို့ လိုက်သောကြောင့်လည်းကောင်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တစ်ပါးအမျိုးသားတို့၏ဘုရားနှင့် မှားယွင်းရမည် အကြောင်း ပြုသောကြောင့်လည်းကောင်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ်သောကြောင့်လည်းကောင်း၊ 14 ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သားမယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။ 15 သင့်အူသည် တစ်နေ့ထက်တစ်နေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာသောအနာရောဂါ စွဲလိမ့်မည်ဟု စာ၌ပါသတည်း။
16 ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်းတစ်ဖက် နှိုးဆော်တော်မူသဖြင့်၊ 17 သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံးသောသား အာခဇိမှတစ်ပါး၊ တစ်ယောက်မျှ မကျန်ကြွင်း။ 18 နောက်တစ်ဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။ 19 ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့သည် ဘိုးတော်ဘေးတော်တို့အဖို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်းအဖို့မပြု။ 20 ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။