9
ဖမ်း​ဆီး​ခြင်း​ခံ​ရာ​မှ​ပြန်​လာ​သူ​များ
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက် စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကို ခံရနှင့်​သော ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်မှတ်စာ၌ ပါသတည်း။
နောက်တစ်ဖန် ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံးနေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန် အသီးအသီး ဖြစ်ကြ၏။ ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊Ref ၉:၂-၃။ ဧဇ ၂:၂၇။ နေ၊ ၇:၇၃။ ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတစ်ပါး၊ ရှိလောနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစ်စု၊ ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစ်စု ပေါင်းခြောက်ရာကိုးဆယ်တည်း။ ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊ ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သားဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊ သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသားချင်းပေါင်း ကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူအပေါင်းတို့သည် အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
ယဇ်​ပု​ရော​ဟိတ်​မိသားစုများ
10 ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊ 11 အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏အိမ်တော်အုပ် အာဇရိတစ်ပါး၊ 12 မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက်သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သောမာရှဲ အစရှိသော၊ 13 အဆွေအမျိုးသူကြီး အမျိုးသားချင်းတစ်ထောင်ခုနစ်ရာခြောက်ဆယ် ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သောသူပေတည်း။
လေ​ဝိ​မိသားစုများ
14 လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှဆင်းသက်သော ရှေမာရတစ်ပါး၊ 15 ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတစ်ပါး၊ 16 ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက်သော ဩဗဒိတစ်ပါး၊ နေတောဖာသိရွာတို့တွင် နေသော ဧလကာနသား အာသ၏သား ဗေရခိတစ်ပါးတည်း။
တံခါး​စောင့်​များ
17 တံခါးစောင့်မူကား ရှလ္လုံ၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစ်စု၊ 18 ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်းအသင်း၌ပါသော တံခါးစောင့်ပေတည်း။ 19 ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့် ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့် ဖြစ်ကြ၏။ 20 ရှေးကာလ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။ 21 မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးစောင့်ဖြစ်၏။ 22 တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတစ်ဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက် အသီးအသီးနေသောရွာ၌ စာရင်းဝင်ကြ၏။ 23 ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့်အမှုကို ဆောင်ရွက်ရကြ၏။ 24 တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။ 25 ရွာတို့၌နေသော အပေါင်းအဖော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရကြ၏။ 26 ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။ 27 ထိုသို့စောင့်၍ နံနက်တိုင်း တံခါးကိုဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။
အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​
28 အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက်ထုတ်လျက် စောင့်ရကြ၏။ 29 အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍စောင့်ရကြ၏။ 30 ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကိုလုပ်ရကြ၏။ 31 လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။ 32 သူ၏ညီအစ်ကိုနှင့် အခြားသော ကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။ 33 သီချင်းဆိုသောသူ လေဝိအဆွေအမျိုး သူကြီးတို့သည် မိမိတို့အမှုကို နေ့ညမပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့် လွတ်ကြ၏။ 34 ထိုလေဝိအဆွေအမျိုး သူကြီးတို့သည် အစဉ်အဆက် အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာကျကြ၏။
ရှောလု၏မိသားစု
35 ဂိဗောင်မြို့မှာ ဂိဗောင်အဘယေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။ 36 သူ၏သားဦးကား၊ အာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊ 37 ဂေဒေါ်၊ အဟိသြ၊ ဇာခါ၊ မိကလုတ်တည်း။ 38 မိကလုတ်သားကား၊ ရှိမံတည်း။ ဤသူတို့သည် ယေရုရှလင်မြို့မှာ အဆွေမျိုးတို့နှင့်မျက်နှာချင်းဆိုင်လျက် ညီအစ်ကိုတို့နှင့်အတူ နေရာကျကြ၏။ \v 39 နေရသားကား ကိရှ၊ ကိရှသားရှောလု၊ ရှောလုသားတို့ကား ယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလတည်း။ 40 ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသားမိက္ခာ။ 41 မိက္ခာသားတို့ကား ပိသုန်၊ မေလက်၊ တာရာတည်း။ 42 အာခတ်သားကား ယာရာ၊ ယာရာသားတို့ကား အာလမက်၊ အာဇမာဝက်၊ ဇိမရိတည်း။ ဇိမရိသားကား မောဇ။ 43 မောဇသား ဗိနာ၊ ဗိနာသား ရေဖာရ၊ ရေဖာရသား ဧလာသ၊ ဧလာသသားအာဇေလတည်း။ 44 အာဇေလသားခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်တည်း။