8
ဗင်္ယာ​မိန်​၏​သား​မြေး​များ​
ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသား အဟိရံ၊ စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတည်း။ ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊ အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊ မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီးဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။ နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ်ကိုလည်း မြင်၏။ ရှဟာရိမ်သည် မယားဟုရှိမ်နှင့် ဗာရာကိုစွန့်ပြီးမှ၊ မောဘပြည်၌နေ၍၊ မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊ 10 ယုဇ၊ ရှာခိ၊ မိရမတို့ကိုမြင်၍၊ ဤသူတို့သည် အဆွေအမျိုး သူကြီးဖြစ်ကြ၏။ 11 အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့်ဧလပါလကို မြင်၏။ 12 ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက်တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
13 ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီးဖြစ်ကြ၏။ 14 ထိုမှတစ်ပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊ 15 ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ 16 မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။​
17 ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊ 18 ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့သည် ဧလပါလသားတည်း။ 19 ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊ 20 ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊ 21 အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိသားတည်း။ 22 ဣရှပန်၊ ဟေဗာ၊ ဧလေလ၊ 23 အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊ 24 ဟာနနိ၊ ဧလံ၊ အန္တောသိယ၊ 25 ဣဖဒိယ၊ ပေနွေလတို့သည် ရှာရှက်သားတည်း။ 26 ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊ 27 ယာရရှိ၊ ဧလိယ၊ ဇိခရိတို့သည် ယေရောဟံသားတည်း။ 28 ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ်အဆက် အဆွေအမျိုး သူကြီးမင်းဖြစ်ကြ၏။​
29 ဂိဗောင်မြို့မှာ ဂိဗေါင်အဘ ယေဟေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။ 30 သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊ 31 ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ်တည်း။ 32 မိကလုပ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့မှာ ညီအစ်ကိုစုအနား၊ တစ်ဖက်တစ်ချက်၌ နေရာကျကြ၏။
ရှော​လု​မင်း​ကြီး၏အိမ်​ထောင်​စု​
33 နေရသားကား ကိရှ၊ ကိရှသား ရှောလု၊ ရှောလုသား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလတည်း။ 34 ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသား မိက္ခာ၊ 35 မိက္ခာသား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်တည်း။ 36 အာခတ်သားကား ယာရ၊ ယာရသား အာလမက်၊ အာဇမာဝက်၊ ဇိမရိတည်း၊ ဇိမရိသားကား မောဇ၊ 37 မောဇသား ဗိနာ၊ ဗိနာသား ရေဖာယ၊ ရေဖာယသား ဧလာသ၊ ဧလာသသား အာဇေလ၊ 38 အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။ 39 အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယသား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။ 40 ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတစ်ရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက် ဖြစ်သတည်း။