6
ယဇ်​ပု​ရော​ဟိတ်​မင်း​များ​၏​ဆွေ​စဉ်​မျိုး​ဆက်​
လေဝိသားကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ အာမရံသားကား အာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်၊ အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။ 10 ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလမုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။ 11 အာဇရိသားကား အာမရိ၊ အာမရိသားအဟိတုပ်၊ 12 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားရှလ္လုံ၊ 13 ရှလ္လုံသား ဟိလခိ၊ ဟိလခိသားအာဇရိ၊ 14 အာဇရိသား စရာယ၊ စရာယသားယောဇဒက်တည်း။ 15 ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။
လေ​ဝိ​၏​အ​ခြား​သား​မြေး​များ​
16 လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊ 17 ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။ 18 ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ 19 မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေအမျိုးအသီးအသီး ဖြစ်သတည်း။Ref ၆:၁၆-၁၉။ ထွ ၆:၁၆-၁၉။
20 ဂေရရှုံသားကား လိဗနိ၊ လိဗနိသား ယာဟတ်၊ ယာဟတ်သား ဇိမ္မ၊ 21 ဇိမ္မသား ယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသား ဇေရ၊ ဇေရသား ယာတရဲတည်း။
22 ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သား ကောရ၊ ကောရသား အဿိရ၊ 23 အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သား အဿိရ၊ 24 အဿိရသား တာဟတ်၊ တာဟတ်သား ဥရေလ၊ ဥရေလသား ဩဇိ၊ ဩဇိသား ရှောလ၊ 25 ရှောလသား ဧလကာန၊ ဧလကာနသား အာမသဲနှင့် အဟိမုတ်၊ 26 အာမသဲသား ဇောဖဲ၊ ဇောဖဲသား နာဟတ်၊ 27 နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရောဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။ 28 ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။
29 မေရာရိသားကား မဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသား ဩဇ၊ 30 ဩဇသား ရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။
ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​
31 ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာအမှုတော်ကို စောင့်စေခြင်းငှာ၊ ဒါဝိဒ်မင်းခန့်ထားသောသူတို့သည်၊ 32 ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန်မတည်မီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကိုတည်ပြီးသောနောက်၊ မိမိတို့အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။ 33-38 ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ်မြေးဆက် ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တစ်ပါး၊ 39-43 လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ယာဘက်မှာ နေရာရှိသော အပေါင်းအဖော် အာသပ်တစ်ပါး၊ 44-47 လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှဆင်းသက်သော ဧသန်တစ်ပါးမှစ၍ လက်ဝဲဘက်မှာနေရာရှိသော အပေါင်းအဖော်၊ မေရာရိအမျိုးသားများတည်း။ 48 သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။
အာ​ရုန်​၏​သား​မြေး​များ​
49 အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။ 50 အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ 51 အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊ 52 ဇေရဟိသား မရာယုတ်၊ မရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ 53 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်တည်း။
လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ဒေ​သ​
54 အာရုန်၏သားမြေးဖြစ်သော ကောဟတ်အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊ 55 ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။ 56 သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည် ရ၏။ 57 ပြေး၍မှီခိုရာ ဟေဗြုန်မြို့မှတစ်ပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊ 58 ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊ 59 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 60 ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တစ်ဆယ်သုံးမြို့တည်း။ 61 ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။ 62 ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တစ်ဆယ်သုံးမြို့တို့ကို ရကြ၏။ 63 မေရာရိသား အဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တစ်ဆယ်နှစ်မြို့တို့ကို ရကြ၏။ 64 ဤမည်သောမြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။ 65 အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲက ပေးကြ၏။ 66 ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊ 67 ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ 68 ထိုမှတစ်ပါး၊ ဂေဇာမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 69 ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 70 မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့် မြို့နယ်၊ ဗိလံမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။ 71 ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 72 ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့် မြို့နယ်၊ ဒါဗရတ်မြို့နှင့် မြို့နယ်၊ 73 ရာမုတ်မြို့နှင့် မြို့နယ်၊ အာနင်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 74 အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ်၊ အာဗဒုန်မြို့နှင့် မြို့နယ်၊ 75 ဟုကုတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 76 နဿလိခရိုင်ထဲက ဂါလိလဲပြည် ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုန်မြို့နှင့် မြို့နယ်၊ ကိရယသိမ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။ 77 ကြွင်းသော မေရာရိသားတို့အားလည်း၊ ဇာဗုလုန်ခရိုင်ထဲက ရိမ္မုန်မြို့နှင့် မြို့နယ်၊ တာဗော်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 78 ယေရိခေါမြို့အရှေ့၊ ယော်ဒန်မြစ်တစ်ဖက်၊ ရုဗင်ခရိုင်ထဲက တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယာဇမြို့နှင့် မြို့နယ်၊ 79 ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 80 ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊ 81 ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။