3
ဒါ​ဝိဒ်​မင်း​၏​သား​သ​မီး​များ​
ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။ တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲသမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။ ပဥ္စမသားကား၊ အဘိတလ၏သား ရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင်မြင်သောသား ဣသရံတည်း။ ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လ မင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။Ref ၃:၄။ ၂ရာ ၅:၄-၅။ ၃ရာ၊ ၂:၁၁။ ၅ရာ၊ ၂၉:၂၇။ ယေရုရှလင်မြို့၌ မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။Ref ၃:၅။ ၂ရာ ၁၁:၃။ ထိုမှတစ်ပါး၊ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ပေါင်းကိုးယောက်တည်း။ ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမတာမာလည်းရှိ၏။
ရှော​လ​မုန်​မင်း​၏​သား​မြေး​များ​
10 ရှောလမုန်သားကား ရောဗောင်၊ ရောဗောင်သား အဘိယ၊ အဘိယသား ယောရှဖတ်၊ 11 ယောရှဖတ်သား ယောရံ၊ ယောရံသားအာခဇိ၊ အာခဇိသား ယောရှ၊ 12 ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊ 13 ယောသံသား အာခတ်၊ အာခတ်သား ဟေဇကိ၊ ဟေဇကိသား မနာရှေ၊ 14 မနာရှေသား အာမုန်၊ အာမုန်သား ယောရှိတည်း။ 15 ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။ 16 ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိတည်း။
ယေ​ခေါ​နိ​မင်း​၏​သား​မြေး​များ​
17 အကျဉ်းခံရသော ယေခေါနိသားကား ရှာလသေလ၊ 18 မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတည်း။ 19 ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိတည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမရှေလောမိတ်နှင့်တကွ၊ 20 ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်၊ ပေါင်းငါးယောက်တည်း။ 21 ဟာနနိသားကား ပေလတိနှင့် ယေရှာယတည်း။ ယေရှာယသားကား၊ ရေဖာယ၊ ရေဖာယသား အာနန်၊ အာနန်သား ဩဗဒိ၊ ဩဗဒိသားရှေခနိ၊ 22 ရှေခနိသား ရှေမာယတည်း။ ရှေမာယသားကား ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်၊ ပေါင်းခြောက်ယောက်တည်း။ 23 နာရိသားကား ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တည်း။ 24 ဧလျောနဲသားကား ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ၊ ပေါင်းခုနစ်ယောက်တည်း။