28
ဗိ​မာန်​တော်​အ​တွက်​ဒါ​ဝိဒ်​၏​ညွှန်​ကြား​ချက်​
တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် ငြိမ်ဝပ်ရာအိမ်တည်းဟူသော ဘုရားသခင်၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှာ ပြင်ဆင်နှင့်ပြီ။Ref ၂၈:၂-၇။ ၂ရာ ၇:၁-၁၆။ ၅ရာ၊ ၁၇:၁-၁၄။ သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက်သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမအဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကိုရွေးကောက်၍ အခြားသော အမျိုးတို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏အိမ်ထောင်ကိုလည်းကောင်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကိုလည်းကောင်းနှစ်သက်၍ ဣသရေလနိုင်ငံလုံးကို စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထာဝရဘုရားသည် ငါ့အား များစွာသောသားတို့ကိုပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏နိုင်ငံတော် ရာဇပလ္လင်ပေါ်မှာ ထိုင်စေခြင်းငှာ ခန့်ထားတော်မူပြီ။ ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ်နှင့် ငါ့တံတိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သားအရာ၌ခန့်ထားခြင်းငှာ ရွေးကောက်ပြီ။ ငါသည် သူ၏အဘဖြစ်မည်။ သူသည် ငါစီရင်ချက် ပညတ်တရားတို့ကို ယနေ့ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ဤကောင်းသောပြည်ကိုပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဖို့ ချဉ်ထားလိုသောငှာ၊ ထာဝရဘုရား၏ပရိသတ်တည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့၌လည်းကောင်း၊ ငါတို့ဘုရားသခင့် အထံတော်၌လည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို ရှာ၍ စောင့်ရှောက်ကြလော့။ ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
10 သတိပြုလော့။ သန့်ရှင်းရာဌာနအဖို့ အိမ်တော်ကိုတည်ဆောက်စေခြင်းငှာ သင့်ကို ထာဝရဘုရားရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည်ဆောက်လော့ဟု မှာထားတော်မူ၏။ 11 ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊ 12 ထာဝရဘုရား၏အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များတို့၏ပုံကိုလည်းကောင်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ၏။ 13 ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏ အိမ်တော်၌ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင်တော်မူ၏။ 14 အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေတန်ဆာရှိသမျှတို့အဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာရှိသမျှတို့အဖို့ ငွေကိုလည်းကောင်း ချိန်၍ အပ်တော်မူ၏။ 15 ရွှေမီးခုံနှင့် ရွှေမီးခွက်အသီးအသီးအဖို့၊ ငွေမီးခုံနှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ 16 ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဖို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ 17 အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဖို့ ရွှေစင်ကိုလည်းကောင်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်း အသီးအသီးအဖို့ ရွှေငွေကိုလည်းကောင်း၊ ချိန်၍ အပ်တော်မူ၏။ 18 နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဖို့ ရွှေစင်ကိုလည်းကောင်း၊ အတောင်တို့ကိုဖြန့်၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံအဖို့ ရွှေကိုလည်းကောင်း ချိန်၍အပ်တော်မူ၏။ 19 ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဉာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
20 သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင်ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။ 21 သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ရှိကြ၏။ လိမ္မာသော ဆရာသမား အမျိုးမျိုးတို့သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဖို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများ အပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။